အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆင်းရဲနွမ်းပါးသူ များအားဥပဒေပိုင်းဆိုင်ရာ အခမဲ့ ကူညီပေးမည့်တရားမျှတမှုစင် တာကို နေပြည်တော်တွင် အီးယူ အကူအညီဖြင့် ယမန်နေ့ကဖွင့် လှစ်ခဲ့သည်။
ယခုဖွင့်လှစ်သည့် နေပြည် တော်တရားမျှတမှုစင်တာသည် ခြောက်ခုမြောက်ဖြစ်ပြီးမန္တလေး၊ ဘားအံ၊ တောင်ကြီး၊ တောင်ငူ နှင့် ကလောမြို့တွင် ဖွင့်လှစ် ထားပြီးဖြစ်သည်။
‘‘ပြစ်မှုနဲ့စွပ်စွဲခံရသူ တရားခံ တွေ ဆင်းရဲနွမ်းပါးလို့ရှေ့နေမ ဌားနိုင်ဘူးဆိုရင် ကျွန်မတို့ဆီကို အကူအညီလာတောင်းရင်အမှုအ စကနေအဆုံးအခမဲ့လိုက်ပေးပါ တယ်။ ဘာစာရွက်စာတမ်းကြေး မှ မလိုပါဘူး’’ ဟု တရားမျှတမှု စင်တာမှ တရားလွှတ်တော်ရှေ့ နေဒေါ်ဝင့်ဝင့်အေးကပြောသည်။
နေပြည်တော်တရားမျှတမှု စင်တာမဖွင့်မီကူညီပေးနေသော အမှုများတွင် မုဒိမ်းမှု၊ မူးယစ်ဆေး ၀ါးမှု၊ လူသတ်မှုနှင့် ဓားပြမှုများ အပါအ၀င် ၂၃ မှုရှိကြောင်း ၎င်း က ပြောသည်။
တရားမ အမှုများနှင့် ပတ် သက်၍ အကူအညီတောင်းလျှင် ရှေ့နေ မလိုက်ပေးသော်လည်း ဥပဒေအကြံဉာဏ်ပေးပြီး အခြား ရှေ့နေများနှင့် ချိတ်ဆက်ပေးမည် ဖြစ်၍ ငှားချင်ပါက ကာလပေါက် ဈေးအတိုင်းမဟုတ်ဘဲသက်သာ သည့် ဈေးနှုန်းဖြင့်ရရန်ကူညီပေး မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကိုယ်ပိုင်ရှေ့နေငှားရန်ငွေ ကြေးမတတ်နိုင်သူအသက် (၁၈) နှစ်အောက်စွပ်စွဲခံရသူ၊ လိင်တူ ချစ်မြတ်နိုးသူ၊ ကိုယ်ခန္ဓာမသန် စွမ်းသူများ၊ လူမျိုးကိုးကွယ်ယုံ ကြည်မှုတို့အပါအ၀င် စွပ်စွဲခံရသူ မည်သူမဆို ဥပဒေဆိုင်ရာဖြင့် အ ကျိုးဆောင်ပေးမည်ဖြစ်သည်။
ပုံမှန်ဝင်ငွေတစ်လလျှင် ကျပ် တစ်သိန်းနှစ်သောင်းအောက် ၀င် ငွေရှိသူကို ဆင်းရဲနွမ်းပါးသူအ ဖြစ် သတ်မှတ်ပြီးရှေ့နေလိုက် ပေးသော်လည်း ထိုဝင်ငွေထက် များပါက ရှေ့နေလိုက်ပေးမည် မဟုတ်ကြောင်းဒေါ်ဝင့်ဝင့်အေး ကဆိုသည်။
‘‘မတရားလည်း အလုပ်ခံရ သေးတယ်၊ တိုင်ချင်ပေမယ့်ပိုက် ဆံလည်း မရှိဘူး၊ ဥပဒေအ ကြောင်းလည်း မသိဘူး၊ မှန်နေ တာကြီးကိုသိလျက်နဲ့ ဘာမှမလုပ် နိုင်တဲ့သူတွေကို အခမဲ့ရှေ့နေ လိုက်ပေးမယ်ဆိုတော့ ကောင်း တာပေါ့’’ ဟု ပျဉ်းမနားဒေသခံ ဒေါ်အေးကပြောသည်။
ယခုအခါရှေ့နေအင်အား နည်းပါးနေသေး၍ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပျဉ်းမနားမြို့နယ်သုံးခု တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားမြို့နယ်များမှ အကူအညီ တောင်းလျှင်စေတနာဖြင့် အခမဲ့ ကူညီမည့်ရှေ့နေများနှင့် ဆက် သွယ်ပေးမည်ဖြစ်ကြောင်း ဒေါ် ၀င့်ဝင့်အေးကပြောသည်။
ယင်းစင်တာသည် ပုဗ္ဗသီရိ မြို့နယ် ဒက္ခိဏသီရိခရိုင်တရား ရုံးအနီးအမှတ် (၈၂) အောင်သု ခကျေးရွာတွင်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်၍စနေ၊ တနင်္ဂနွေတွင် ရုံးခန်းပိတ်ကာအ ဆိုပါဌာန ဖုန်း ၀၉ ၈၉၇၁၈၂၀၀၂သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
=======================
251 / End
၂ စက်တင်ဘာ ၂၀၁၈ - ၁၃:၄၆
News ID: 907765
ဆင်းရဲနွမ်းပါးသူ များအားဥပဒေပိုင်းဆိုင်ရာ အခမဲ့ ကူညီပေးမည့်တရားမျှတမှုစင် တာကို နေပြည်တော်တွင် အီးယူ အကူအညီဖြင့် ယမန်နေ့ကဖွင့် လှစ်ခဲ့သည်။