အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများတွင် တရုတ်နိုင်ငံ ၏ ရပ်တည်ချက်ကို ယခုထက် ပိုမိုမြှင့်တင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၇ ရက်တွင် အကြံပြုပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေးဝန် ကြီး မစ္စတာဆွန်ထောင်ကို နေ ပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ထည့် သွင်းပြောကြားပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တပ်မတော်က အလေးထားဆောင်ရွက်နေသည်ဟု ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်က ထုတ်ပြန်သည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ငြိမ်းချမ်း ရေးသည် လက်နက်ကိုင်တောင်း ဆို၍မရဘဲ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးအင်အားစုများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်းရင်းနှီးမှု၊ တိုင်းရင်း သားချင်းရင်းနှီးမှုများကို မြှင့်တင် ဆောင်ရွက်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အကြံပြု သည်။
ထို့အပြင် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်ချက် များကို ဆောင်ရွက်ပေးစေလို ကြောင်း တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က တောင်းဆိုသည်။
မစ္စတာဆွန်ထောင်က တပ်မတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို သိရှိကြောင်း ပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။
နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ကြောင်းနှင့် နှစ်နိုင်ငံတပ် မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးတက်ခိုင်မာရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး များတွင် တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဝန်ကြီး မစ္စ တာဆွန်ထောင်က ပြောကြား ကြောင်း ထုတ်ပြန်ချက်၌ ဆက် လက်ဖော်ပြသည်။
ယင်းနောက် တရုတ်ကွန်မြူ နစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးသည် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ တွေ့ဆုံခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးသည် နိုဝင် ဘာ ၆ ရက်တွင် နေပြည်တော်သို့ ရောက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ၎င်းသည် နိုဝင်ဘာ ၇ ရက် ညတွင် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ သို့ ပြန်လည်ထွက်ခွာခဲ့သည်။
=======================
251 / End
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက် ပိုမိုမြှင့်တင်ရန် တပ်ချုပ်အကြံပြု
၉ နိုဝင်ဘာ ၂၀၁၈ - ၁၃:၃၅
News ID: 915907
မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများတွင် တရုတ်နိုင်ငံ ၏ ရပ်တည်ချက်ကို ယခုထက် ပိုမိုမြှင့်တင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၇ ရက်တွင် အကြံပြုပြောကြားသည်။