အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော စီးပွားရေးလုပ်ကိုင်ရအ လွယ်ဆုံးနိုင်ငံများစာရင်းတွင် အဆင့်နှင့်ရမှတ်များ တိုးတက်အောင် မလုပ်နိုင်ပါက အလုပ်မလုပ်ရာကျမည်ဟု ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက နိုဝင်ဘာ ၁၇ ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ Doing Business စာရင်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် သက်ဆိုင်သည့် ကဏ္ဍ ၁၀ ခု၏ လုပ်ကိုင်ရရှိမှု လွယ်ကူသည့် အခြေအနေကို တိုင်းတာသည့် စာရင်းတစ်ခုဖြစ်သည်။ Doing Business စာရင်းတွင် ကမ္ဘာပေါ် ရှိ နိုင်ငံ ၁၉၀ ၏ စီးပွားရေးလုပ် ကိုင်ရမှု အခြေအနေကို တိုင်းတာ ပြီး နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၀ ခုဖြစ် သည့် စီးပွားရေးလုပ်ငန်းများ စတင်ခြင်း၊ ဆောက်လုပ်ရေးလုပ် ငန်းများ လိုင်စင်ရရှိမှု၊ လျှပ်စစ်မီး ရရှိမှု၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ချေးငွေရရှိမှု၊ အနည်းစု ရင်းနှီး မြှုပ်နှံသူများအတွက် အကာအ ကွယ်ပေးရေး၊ အခွန်ပေးဆောင် ခြင်း၊ ပြည်ပကုန်သွယ်မှု၊ ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း နှင့် အကြွေးမဆပ်နိုင်မှုအခြေအ နေ စသည်တို့အပေါ်တွင် လုပ် ငန်းလုပ်ကိုင်ရန် လွယ်ကူမှုကို တိုင်းတာဖော်ပြခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု စီးပွားရေးလုပ်ကိုင်ရန် ကမ္ဘာ့ဘဏ်၏ Doing Business စာရင်းကို ဦးစွာလေ့လာစုံစမ်းပြီးမှ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ရန် စဉ်းစားဆုံးဖြတ်လေ့ရှိကြောင်း စီးပွားရေးပညာရှင်အချို့က ပြောသည်။
‘‘ကျွန်တော်တို့ နိုင်ငံတကာ ကနေ ရင်းနှီးမြှုပ်နှံဖို့ ကုန်သွယ်မှု လုပ်ဖို့ ဖိတ်ခေါ်တဲ့အခါမှာ တချို့ က အဲဒါကို ထောက်ပြကြတယ်။ Doing Business က ဘယ် လောက်တိုးတက်မှု ရှိလာပြီလဲ။ ဒီအပေါ်မှာ အခြေခံပြီး စဉ်းစား တယ်ဆိုတဲ့ တချို့က ပွင့်ပွင့်လင်း လင်း ဆွေးနွေးတာတွေရှိတယ်’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
ကမ္ဘာ့ဏ်က ၂၀၁၉ အတွက် ထုတ်ပြန်သော စီးပွားရေးလုပ် ကိုင်ရ အလွယ်ဆုံး နိုင်ငံများ (Doing Business) စာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၁၇၁) ၌ ရပ်တည်နေပြီး ထိုရပ် တည်မှုက ပြီးခဲ့သည့်နှစ်နှင့် နှိုင်း ယှဉ်ပါက အပြောင်းအလဲမရှိပေ။
ပြုပြင်ပြောင်းလဲမှုများ ကြောင့် စစ်ဖြစ်နေသည့် အာဖဂန် နစ္စတန်နိုင်ငံသည် ၂၀၁၉ အတွက်ထုတ်ပြန်သည့် (Doing Business)စာရင်းတွင် ရမှတ်တိုးတက်မှု လျင်မြန်စွာ တိုးတက်လာသည်ကို ဒုတိယ သမ္မတက ထုတ်ဖော်ပြောကြားပြီး အာဖဂန်နစ္စတန် သည်ပင် အဆင့် (၁၆၇) သို့ မြင့်တက်လာခြင်းက မြန်မာနိုင်ငံအတွက် မလုပ်နိုင်စရာမရှိသော အခြေအနေမျိုးဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၁၉ အတွက် မြန်မာနိုင်ငံ ၏ ရမှတ်စုစုပေါင်းက ၄၄ ဒသမ ၇၂ ရရှိပြီး ၂၀၁၈ ထက် ၀ ဒသမ ၅၁ ရာခိုင်နှုန်း တိုးတက်သည်။ အာဖဂန်နစ္စတန်နိုင်ငံက ရမှတ် ၁၀ မှတ်ခန့် တိုးတက်ခဲ့သည်။
ထို့အပြင် ၂၀၁၉ တွင် DoingBusiness အဆင့်မြင့်တက်လာ သည့် အိန္ဒိယ၊ တရုတ်၊ မလေး ရှားနိုင်ငံတို့ကို နမူနာယူပြီး ဆောင်ရွက်ရမည်ဟု ဒုတိယသမ္မတက ပြောသည်။
Doing Business စာရင်း တွင် ညွှန်းကိန်းအဆင့် တိုးတက် လာရန် အစိုးရသာမက ပုဂ္ဂလိက နှင့် အသင်းအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ် သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောသည်။
Doing Business စာရင်း တွင် ညွှန်းကိန်းအဆင့်တိုးတက် လာစေရေး ကုန်ကျစရိတ်လျှော့ ချခြင်း၊ အချိန်လျှော့ချခြင်း၊ လုပ် ငန်းစဉ်အဆင့်များ လျှော့ချခြင်း တို့ကို ရည်မှန်းဆောင်ရွက်ရန် လို အပ်သည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဒုတိယဝန် ကြီး ဦးအောင်ထူးက ပြောသည်။
Doing Business ညွှန်းကိန်း များနှင့် ပတ်သက်၍ ပုဂ္ဂလိက ကဏ္ဍမှ မေးခွန်းများ ဖြေကြားရန် လိုအပ်ချက်များကို လေ့လာနိုင် ရန် ဝက်ဘ်ဆိုက်တစ်ခုကိုလည်း ရေးဆွဲနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။
=======================
251 / End
၁၇ နိုဝင်ဘာ ၂၀၁၈ - ၁၅:၃၇
News ID: 916978
ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော စီးပွားရေးလုပ်ကိုင်ရအ လွယ်ဆုံးနိုင်ငံများစာရင်းတွင် အဆင့်နှင့်ရမှတ်များ တိုးတက်အောင် မလုပ်နိုင်ပါက အလုပ်မလုပ်ရာကျမည်ဟု ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက နိုဝင်ဘာ ၁၇ ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။