အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစွန်းရောက်ဘာသာ ကြီးတစ်ခုဟု သုံးနှုန်းခဲ့ခြင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးသွားသော ဘင်္ဂါလီများကို ရည်စူးခြင်းဖြစ်ပြီး ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို နစ် နာစေလိုခြင်း မရှိကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် ယမန်နေ့က နေပြည်တော် မြန်မာ အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) (၂) ၌ ပြုလုပ်သော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအ နားသို့ တက်ရောက်လာစဉ် သတင်းထောက်များအား ယင်းသို့ ပြောကြားသည်။
‘‘တကယ်တော့ တခြားဘာ သာကြီးတစ်ခုဆိုတာ ဘင်္ဂါလီကို ရည်စူးတာပါ။ ဘင်္ဂါလီက ခုနစ် သိန်းကျော်လို့ ပြောထားတာ။ နောက်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂညီ လာခံမှာ တစ်သန်းလို့ပြောတယ်။ ဒီလိုပြောပြီးမှ နိုင်ငံတကာအကူ အညီတွေ သူတို့တောင်းပြီးမှ ဝေမျှစားနေတာပါ’’ ဟု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
ဆက်လက်၍ သူရဦးအောင် ကိုက ‘‘လွှတ်ပေးပါဆိုတော့မလွှတ်ပေးဘူး။ ဒါကို လွှတ်ပေးလိုက်ရင် သူတို့ ဝန်လျော့တယ်။ နောက်ပြီး ဘင်္ဂါလီလူငယ်လေးတွေကို ဒုက္ခသည် စခန်းတွေမှာ ရိုက်သွင်းထားတာက ရခိုင်ကို ချီတက်ကြမယ်။ မြန်မာနိုင်ငံကို ချီတက်ကြမယ်’’ဟု ပြောသည်။
သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုသည် နိုဝင်ဘာ ၂၇ ရက်တွင် မြိုင်ကြီးငူ ဆရာတော်၏ ဈာပန အခမ်းအ နားသို့ ကြွရောက်လာသော ဆရာ တော်ကြီးများအား အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးသုံး၊ လေးယောက်ယူပြီး သားသမီး ၂၀ ခန့် မွေးနေသည်ဟု ထည့်သွင်း တင်ပြလျှောက်ထားခဲ့သည်။
ယင်းသို့ လျှောက်ထားမှုအ ပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းများက ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုကို ဥပဒေအရ အရေး ယူပေးရန် တောင်းဆိုခဲ့သည်။
သို့ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အစွန်း ရောက် ဘာသာတရားတစ်ခုဟု သုံးနှုန်းခြင်းသည် ရည်ရွယ်ချက် ရှိရှိ သုံးနှုန်းခြင်းမဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆ ပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။
=======================
251 / End
၄ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၀၈
News ID: 919327
အစွန်းရောက်ဘာသာ ကြီးတစ်ခုဟု သုံးနှုန်းခဲ့ခြင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးသွားသော ဘင်္ဂါလီများကို ရည်စူးခြင်းဖြစ်ပြီး ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို နစ် နာစေလိုခြင်း မရှိကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။