အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်တွေ - မောင် တော - ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုက် ရိုက်ကုန်သွယ်မှုနှင့် နှစ်နိုင်ငံစီး ပွားရေးလုပ်ငန်းရှင်များ ယုံကြည် မှုတည်ဆောက်ပြီး ကုန်သွယ်မှု တိုးတက်ရန် ပူးပေါင်းဆောင်ရွက် ရေး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E.Mr. Manjurel Karim Khan Chowdhury ဦးဆောင်သောအ ဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလား ဒေ့ရှ်နိုင်ငံသံအမတ်ကြီးသည် ဒီ ဇင်ဘာ ၁၈ ရက်က ပြည်နယ်ဝန် ကြီးချုပ် ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂ လားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ် တွေနှင့် မောင်တောနယ်စပ်စခန်း များတွင် ဆောင်ရွက်နေပြီး ကုန် သွယ်ရာ၌ ကုန်သည် အချင်း ချင်းယုံကြည်မှုဖြင့်သာ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ကုန် သည်များကပြောသည်။
‘‘တစ်ဖက်ကုန်သည်နဲ့ ယုံ ကြည်မှုနဲ့သာ ဆောင်ရွက်နေရ တယ်။ ကုန်သည်အချင်းချင်း အ ရောင်းအ၀ယ် စာချုပ်ချုပ်ဆိုပြီး မလုပ်နိုင်သေးဘူး။ စာချုပ်နဲ့လုပ် နိုင်ရင် ကုန်သည်တွေအတွက် ပို ကောင်းတယ်။ အခုကယုံကြည်မှု နဲ့လုပ်ရတာက ခိုင်မာမှုမရှိဘူး’’ ဟု မောင်တောမြို့နေ ကုန်သည် ဦးသိန်းမောင်ကပြောသည်။
သံအမတ်ကြီးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်ရန် စီးပွားရေးကဏ္ဍပိုမို တိုးတက်ရေး အလားအလာရှိ သော ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက် သွယ်မှုများနှင့် နှစ်နိုင်ငံသဘော တူညီချက်အတိုင်းအကောင်အ ထည်ဖော်ဆောင်ရွက်ရေး၊ မောင် တောကညင်ချောင်းစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူး ပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။
ထို့နောက် အခွန်စည်းကြပ် မှုလျှော့ပေါ့ဆောင်ရွက်ရန် လို အပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
=======================
251 / End
၁၉ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၅၅
News ID: 921270