အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-အိန္ဒိယ နှစ် နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်ရေး ညီလာခံ နှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဒီဇင်ဘာ ၁၉ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစီး ပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံနှင့် ရင်း နှီးမြှုပ်နှံမှုပြပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးတိုင်း ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းရုံးတွင် ကျင်း ပခဲ့ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည် နယ်ဘက်မှ လုပ်ငန်းရှင်များသည် ၎င်းတို့၏ ထုတ်ကုန်များ ပြသ ကာ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ သည်။
‘‘ဒီအခမ်းအနားကနေ မြန် မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန် သွယ်မှုဆက်ဆံရေး အရှိန်မြှင့် တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရေးနဲ့ လုပ်ငန်းအ ချင်းချင်း ချိတ်ဆက်မှုများ ပိုမိုဖန် တီးပေးနိုင်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ် အောင် တွေ့ဆုံဆွေးနွေးနိုင်မယ် လို့ ယုံကြည်ပါတယ်’’ ဟု မန္တလေး တိုင်းကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေး ဆွေးနွေးရာတွင် မဏိပူရ ပြည်နယ်မှ လုပ်ငန်းရှင်များသည် ကျန်းမာရေးဝန်ဆောင်မှုလုပ် ငန်း၊ ဆက်သွယ်ရေးနည်းပညာ လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း၊ စားသောက် ကုန်လုပ်ငန်း၊ ဗိသုကာလုပ်ငန်း၊ အထည်လိပ်နှင့် ရက်ကန်းလုပ် ငန်းများကို အဓိကထားဆွေးနွေး ခဲ့သည်။
‘‘မြန်မာဟာ အာဆီယံနိုင်ငံ တွေနဲ့ အိန္ဒိယကို ဆက်သွယ်ပေး နေတဲ့ တံတားတစ်ခုအနေဖြင့် တည်ရှိနေပါတယ်။ လက်ရှိမှာ နှစ်နိုင်ငံကုန်သွယ်မှု အလားအ လာပိုကောင်းလာတာ တွေ့ရပြီး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နှစ်နိုင်ငံစီး ပွားရေးလုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းမှုတွေ ပိုပြီးလုပ်သွားဖို့ လိုအပ်နေသေးတဲ့အတွက် ဒီ ဆွေးနွေးပွဲကနေတစ်ဆင့် အ ဆက်အသွယ်ကောင်းတွေ ရရှိ မယ်လို့ မျှော်လင့်ပါတယ်’’ ဟု မန္တလေးရှိ အိန္ဒိယသံရုံး ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောသည်။
အဆိုပါညီလာခံနှင့်ပြပွဲတွင် မန္တလေးတိုင်းအတွင်းရှိ လုပ်ငန်း ရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး မဏိပူရပြည်နယ်မှ လုပ်ငန်းရှင် ၃၀ ကျော်လာရောက် ဆွေးနွေးခဲ့သည်။
=======================
251 / End
၁၉ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၃၀
News ID: 921291
မြန်မာ-အိန္ဒိယ နှစ် နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်ရေး ညီလာခံ နှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဒီဇင်ဘာ ၁၉ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့သည်။