အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်က စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည့် နယ်မြေတွင် လတ်တလော တိုက်ပွဲဖြစ်ပွားနေ သည့် ရခိုင်ပြည်နယ်မပါဝင်၍ တပ်မတော်နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့(AA)တို့ တိုက်ရိုက်ဆွေး နွေးညှိနှိုင်းရန် လိုအပ်ကြောင်း စစ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာသူများက အကြံပြုသည်။
ကချင်နှင့် ရှမ်းပြည်နယ် အခြေစိုက်တိုင်းစစ်ဌာနချုပ်များ အပါအဝင် တပ်မတော်တိုင်းစစ် ဌာနချုပ်ငါးခု၏နယ်မြေများ၌ စစ် ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်ထိ လေးလကျော် ရပ်ဆိုင်းမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်း သည့် နယ်မြေတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မပါဝင်၍ ယင်း နယ်မြေအတွင်း ပါဝင်သော ရခိုင်နှင့် ချင်းပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်မပြင်းထန်ရေး ကြိုးပမ်းရန် လိုအပ်သည်ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA)ထိန်းချုပ်နယ်မြေတွင် ဖွဲ့ စည်းခဲ့သည့် AA သည် ရခိုင်ပြည် နယ်အတွင်း အခြေချရန် ကြိုးပမ်းမှုကြောင့် ၂၀၁၅ ကစ၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခု ၂၀၁၈ အတွင်း တိုက်ပွဲများ ပိုများလာသည်ဟု ၎င်းက ဆိုသည်။
‘‘သူကလည်း အခြေချဖို့ ကြိုးစားမယ်။ တစ်ဖက်က တပ်အနေ နဲ့ကလည်း လက်မခံနိုင်တဲ့ အခြေ အနေမှာတော့ တိုက်ပွဲက ပြင်း ပြင်းထန်ထန်ဖြစ်နေမှာပဲ။ ညှိနှိုင်း မှုမရှိသေးရင်း တိုက်ပွဲက ပြင်း ထန်နေမှာ။ ဒါကတော့ ချက်ချင်း ကြီး တားဖို့တော့ ခက်ပါတယ်။ လောလောဆယ် ရပ်တန့်ဖို့ ခက် ပေမယ့် ဆွေးနွေးညှိနှိုင်းမှုနဲ့ အ ပေးအယူလုပ်နိုင်ရင်တော့ ရပ်လို့ရမယ်လို့ ထင်ပါတယ်’’ဟု ဦးမောင်မောင်စိုးက ပြောသည်။
ထုတ်ပြန်ချက်အရ ရခိုင် ပြည်နယ်တွင် မည်သည့်လက် နက်ကိုင်အဖွဲ့အစည်းကိုမျှ အခြေ ချခြင်း လက်မခံဆိုသည့် မူကို တပ်မတော်က ဆက်လက်ကိုင်ထား သည့် အနေအထားရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဒေါက်တာမင်းဇော်ဦးက ပြော သည်။
AA က ရခိုင်တွင် အခြေချ ရန် ကြိုးပမ်းနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ရှိနေမည်ဟု အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူလည်းဖြစ်သည့် ၎င်းက ဆိုသည်။
‘‘အဓိကကတော့ တိုက်ရိုက် ဆွေးနွေးပေါ့။ AA မှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ တပ်မတော်ဘက်က အစိုးရဘက်ကလူတွေ တိုက်ရိုက် ဆွေးနွေးပြီး ရခိုင်ကိစ္စကို ဘယ်လို လုပ်မလဲဆိုတာ ညှိနှိုင်းရမှာပေါ့’’ ဟု ဒေါက်တာမင်းဇော်ဦးက ပြော ကြားသည်။
ကချင်နှင့် ရှမ်းမြောက်ဒေသ သာမက ရခိုင်ဒေသ၌ ဖြစ်ပွားနေ သော တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ရပ်ဆိုင်းနိုင်မှသာ တပ်မတော်၏ ကြေညာချက်ပါ ဖော်ပြချက်အတိုင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းများကို လက်တွေ့ကျကျ လုပ်နိုင်မည်ဟု AA ၏ မဟာမိတ်အဖွဲ့ တအာင်း လက်နက်ကိုင် (TNLA) အထွေ ထွေအတွင်းရေးမှူး တာဘုန်း ကျော်က ပြောသည်။
တပ်မတော်နှင့် AA သည် ယခုနှစ် အောက်တိုဘာလကုန်က စ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်၊ ရခိုင်ပြည်နယ်ရှိ ဘူးသီး တောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း စသည့် မြို့နယ်များ၊ ချင်း ပြည်နယ် ပလက်ဝမြို့နယ်တို့၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ သည်။ တိုက်ပွဲကြောင့် ဒေသခံ များ စစ်ဘေးဒုက္ခကြုံနေရသည်။
=======================
251 / End
စစ်ရေးရပ်ဆိုင်းမှုနယ်မြေ၌ မပါသည့် ရခိုင်ဒေသတွင် တိုက်ပွဲမဖြစ်ရေး တပ်မတော်နှင့် AA တိုက်ရိုက်ဆွေးနွေးရန်လိုဟုအကြံပြု
၂၂ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၄၀
News ID: 921658
တပ်မတော်က စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည့် နယ်မြေတွင် လတ်တလော တိုက်ပွဲဖြစ်ပွားနေ သည့် ရခိုင်ပြည်နယ်မပါဝင်၍ တပ်မတော်နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့(AA)တို့ တိုက်ရိုက်ဆွေး နွေးညှိနှိုင်းရန် လိုအပ်ကြောင်း စစ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာသူများက အကြံပြုသည်။