အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် - ရန်ကုန်တိုင်းအစိုးရ အဖွဲ့က အမှုဖွင့်ထားသည့် Eleven ဂျာနယ်ပါဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးရာ ပြေလည်မှုရရှိပြီဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က မီဒီယာများအား ပြောသည်။
ဇန်န၀ါရီ ၁၀ ရက်က မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီရုံး ခန်းတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ Eleven မီဒီယာဂရု(ပ်)မှတာဝန်ရှိ သူများနှင့် မီဒီယာကောင်စီဝင်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုအပြီး တွင် ဦးအုန်းကြိုင်ကမီဒီယာများ အားပြောကြားခြင်းဖြစ်သည်။
‘‘တစ်ဖက်ဒါနဲ့ပတ်သက်လို့ ပြေလည်အောင်သူတို့သတင်းစာ မှာ ကျေလည်အောင်ဖြေရှင်းပေး ရမယ်။ ဖြေရှင်းပေးမယ့်စာကို စာ ကြမ်းရေးပြီးတော့ ၀န်ကြီးချုပ်ဆီ ပြန်ပြမယ်။ ၀န်ကြီးချုပ်ကသူပြင် တာ၊ဆင်တာလေး ရှိကောင်းရှိ မယ်။ အချောရေးပြီးထည့်လိုက် ရင်ပြီးပြီ။ ပြေလည်သွားပါပြီ’’ ဟု ဦးအုန်းကြိုင်ကပြောသည်။
၂၀၁၈ အောက်တိုဘာ ၈ ရက်တွင် Weekly Eleven ဂျာနယ်တွင် ‘အမြဲရှုံးနေတဲ့စက် သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေး သူဘယ်သူမှန်းမသိတဲ့ကျောင်း ကားနဲ့ လူအမည်ပေါက်ပြည်သူ့ ရှယ်ယာ’ သတင်းဆောင်းပါး ဖော်ပြမှုနှင့် ပတ်သက်၍ အယ်ဒီ တာဦးကျော်ဇောလင်း၊ ဦးနရီမင်း နှင့် ကိုဖြိုးေ၀၀င်းတို့ကို နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့်ရန်ကုန်တိုင်းအစိုးရ အဖွဲ့က တရားစွဲဆိုခဲ့သည်။
ယင်းသို့ တရားစွဲဆိုပြီး နောက် နိုဝင်ဘာ ၁၁ ရက်တွင် တိုင်းအစိုးရက တရားစွဲဆိုထားမှု ရုပ်သိမ်းပြီးနောက် သတင်းမီဒီ ယာကောင်စီ၏ စေ့စပ်ညှိနှိုင်း မှုမအောင်မြင်ပါက ဥပဒေ ကြောင်းအရဆက်လက်ဆောင် ရွက်မည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောဆိုထားသည်။
‘‘သတင်းမီဒီယာမှာ ရပ် တည်ချက်မတူကြဘူး။ မီဒီယာ တွေရေးသားမှုတွေ၊ ဝေဖန် ထောက်ပြမှုတွေ၊ လမ်းပြပေးမှု တွေက လမ်းကြောင်းအမှန်ပေါ် ရောက်ဖို့လိုတယ်။ ကျွန်တော်တို့ က ဒါကိုမျှော်လင့်တယ်။ အစိုးရ ဆန့်ကျင်ရေးရေးရင် ရောင်း ကောင်းတယ်ဆိုတဲ့အပေါ် မ ရောက်စေချင်ဘူး’’ ဟု ၀န်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက တွေဆုံညှိ နှိုင်းဆွေးနွေးချိန်တွင် ပြောသည်။
ထို့အပြင် ဆက်လက်ပြီး ၎င်းက ‘‘ဘယ်သူက စေတနာနဲ့အ ကောင်းဆုံးဖြစ်အောင်တိုက်တွန်း နေတယ်၊ ဘယ်သူကတော့ ဘယ် သူကိုဆိုချမယ်ဟေ့ဆိုပြီး အမြဲ တမ်းဦးတည်ရေးနေတာ သိသာ တယ်။ စာဖတ်တဲ့သူတွေက မညံ့ ဘူး။ ဒီအပေါ်မှာ သူတို့ကဆုံး ဖြတ်ကြတာ’’ ဟုဆိုသည်။
Weekly Eleven ဂျာနယ် အနေဖြင့် ဆောင်းပါးတွင်ပါဝင် သည့် လူအမည်ဖြင့်ရှယ်ယာထား သည့်အပိုင်းကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးချုပ်ရှင်းပြသည့် အ ကြောင်းအရာများကို ပြန်လည် ရှင်းလင်းရေးသားကာ မီဒီယာ ကောင်စီသို့ ပေးပို့မည်ဖြစ် ကြောင်းအယ်ဒီတာချုပ်ဦးကျော် ဇောလင်းကပြောသည်။
Eleven မီဒီယာအနေဖြင့် အဆိုပါ ဖြေရှင်းချက်ကို မီဒီယာ ကောင်စီမှတစ်ဆင့်ဝန်ကြီးချုပ်ဆီ ပေးပို့မည်ဖြစ်ပြီးဝန်ကြီးချုပ်က ပြန်လည် စိစစ်ပြီးချိန်တွင် Eleven မှထုတ်ဝေသည့် ဂျာနယ် (သို့မဟုတ်)သတင်းစာတွင် ထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်ကပြောသည်။
=======================
251 / End
၁၀ ဇန်နဝါရီ ၂၀၁၉ - ၁၇:၃၃
News ID: 924354
ရန်ကုန် - ရန်ကုန်တိုင်းအစိုးရ အဖွဲ့က အမှုဖွင့်ထားသည့် Eleven ဂျာနယ်ပါဆောင်းပါးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးရာ ပြေလည်မှုရရှိပြီဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က မီဒီယာများအား ပြောသည်။