အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ် သော ဆွေးနွေးပွဲတွင် တပ်မတော်နှင့် RCSS တို့ သီးသန့်တွေ့ဆုံဆွေးနွေးရေး သဘောတူညီခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြော သည်။ NRPC နှင့် တွေ့ဆုံပြီးပါက တပ်မတော်နှင့် သီးသန့်တွေ့ဆုံ မည်ဖြစ်ကြောင်း RCSS က ဆို သည်။
ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် အဖွဲ့နှင့် RCSS ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဘောင် ခေး ဦးဆောင်သည့်အဖွဲ့တို့ ဇန်နဝါရီ ၁၄ ရက်က နှစ်နာရီခန့် အလွတ်သဘော ဆွေးနွေးခဲ့ သည်။
‘‘ဒီနေ့တွေ့တဲ့ အလွတ်သ ဘောဆွေးနွေးပွဲက အပြုသဘော ဆောင်တယ်။ ကောင်းမွန်တဲ့ ရလဒ်ထွက်တယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ ဘက်က NRPC နဲ့ RCSS နဲ့တွေ့ ဖို့ကလည်း သဘောထားကျပြီ။ နောက်တစ်ချက်က NRPC နဲ့ တွေ့ပြီးပြီဆိုရင် တပ်မတော်နဲ့ RCSS သီးသန့်တွေ့ဆုံဖို့ရှိတယ်။ ဆွေးနွေးတဲ့ရလဒ်က အဲဒီလိုထွက် လာတာပေါ့’’ဟု ဗိုလ်မှူးကြီးစိုင်း ငင်းက ပြောသည်။
နိုင်ငံတာ်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပါဝင်ဆွေးနွေး ခြင်း ပြု၊ မပြု RCSS ဘက်က အတည်မပြုနိုင်သေးပေ။
NRPC ဥက္ကဋ္ဌ မအားလပ်ပါက သင့်တော်သော တာဝန်လွှဲ ထားသည့်ပုဂ္ဂိုလ်နှင့် တွေ့ဆုံရ မည်ဟု ယူဆကြောင်း ဗိုလ်မှူး ကြီးစိုင်းငင်းကပြောသည်။ RCSS ဘက်ကမူ ဗိုလ်ချုပ်ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမည်ဟု ၎င်းက ဆိုသည်။
တွေ့ဆုံမည့်ရက်နှင့် နေရာ ကို ညှိနှိုင်းရမည်ဖြစ်သော်လည်း လာမည့်ဖေဖော်ဝါရီအတွင်း ဖြစ် နိုင်ခြေရှိကြောင်း၊ တပ်မတော်နှင့် တွေ့ဆုံရာတွင် မကြာမီက ဖွဲ့ စည်းထားသော ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့် ဦးဆောင်သည့် တပ် မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ နှင့် တွေ့ဆုံမည့်အနေအထားရှိ ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
‘‘အခုက တွေ့ဆုံတဲ့လမ်း ကြောင်း ပွင့်သွားပြီဆိုတော့ အ ဆင်ပြေမယ်လို့ ကျွန်တော်တို့ ယုံ ကြည်တယ်’’ဟု ၎င်းကဆိုသည်။ RCSS သည် NCA လက်မှတ်ထိုး ထားသည့် အဖွဲ့အစည်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစ၍ NCA အရ စုဖွဲ့ထားသည့် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မ တီ (JMC) တွင် ပါဝင်မှုကို ၎င်းတို့ ဘက်က ယာယီရပ်ဆိုင်းခဲ့သည်။ ထိုစဉ်ကတည်းက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် RCSS က အဆိုပြုခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် RCSS တို့၏ အလွတ်သဘော ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ကော် မရှင်အကြံပေး ဦးလှမောင်ရွှေက ‘‘မနေ့က KNU နဲ့ ဆွေးနွေးခဲ့သလို ပဲ တော်တော်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ရလို့ ဝမ်းသာရပါ တယ်။ တိုးတက်မှုတွေရှိပါတယ်။ တရားဝင်ဆွေးနွေးပွဲတွေ သိပ်မကြာခင် ဆောင်ရွက်နိုင်ဖို့ မျှော် လင့်ယုံကြည်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA လက်မှတ်ထိုးအဖွဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) တို့သည် ဇန်နဝါရီ ၁၃ ရက်က ချင်းမိုင်၌ အလွတ်သဘောဆွေး နွေးရာ ယခုလအတွင်း ရန်ကုန်မြို့ ၌ ထပ်မံတွေ့ဆုံရန် အဆိုပြုခဲ့ ကြောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် KNU အဖွဲ့ တရားဝင်အစည်းအဝေးပွဲများ၌ ပြန်လည်ပါဝင်နိုင်ရေး အလားအလာကောင်း ကြောင်း ဦးလှမောင်ရွှေက ဆို သည်။
ငြိမ်းချမ်းရေးကော်မရှင်၏ ထိုင်းနိုင်ငံ ချင်းမိုင်ခရီးစဉ်တွင် NCA လက်မှတ်မထိုးရသေးသည့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)နှင့်လည်း အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။
=======================
251 / End
၁၄ ဇန်နဝါရီ ၂၀၁၉ - ၁၈:၁၅
News ID: 924892
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ် သော ဆွေးနွေးပွဲတွင် တပ်မတော်နှင့် RCSS တို့ သီးသန့်တွေ့ဆုံဆွေးနွေးရေး သဘောတူညီခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြော သည်။ NRPC နှင့် တွေ့ဆုံပြီးပါက တပ်မတော်နှင့် သီးသန့်တွေ့ဆုံ မည်ဖြစ်ကြောင်း RCSS က ဆို သည်။