အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၆၇) နှစ်မြောက်၊ ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ကယားပြည်နယ်ကို ရောက်ရှိလာတဲ့ သမ္မတဦးဝင်းမြင့်နဲ့အဖွဲ့ဟာ ဒီကနေ့မနက်က ဒီမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာရှိ တိုင်းရင်းသားရိုးရာ အရောင်းဆိုင်တွေကို လှည့်လည် ကြည့်ရှုအားပေးခဲ့သလို ငွေတောင်ဆည်ကို လည်း သွားရောက်ခဲ့ပါတယ်။
(၆၇) နှစ်မြောက်၊ ကယားပြည်နယ်နေ့ လူထု အခမ်းအနားကို ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့၊ ကန္ဒာဟေ၀န်ပန်းခြံရှိ ကျောက်သားရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ကယားပြည်နယ်အစိုးရ ၀န်ကြီးချုပ်နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ၊ တိုင်းရင်း သားလက်နက်ကိုင် ခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေတက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဖွဲ့ဟာ ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းတွေကို လှည့်လည်ကြည့်ရှုခြင်း၊ ရိုးရာ ခြင်းအလှပြပွဲ၊ ရိုးရာနပန်းပွဲတွေကို လှည့်လည် ကြည့်ရှု အားပေးခဲ့ပါတယ်။
အရင်က သီးခြားလွတ်လပ်သော ပြည်နယ်တခုအဖြစ်ရပ်တည်ခဲ့တဲ့ ကရင်နီပြည်နယ်မှာ ကရင်နီပြည်နယ်နေ့အဖြစ် ကျင်းပလာရာကနေ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာတော့ ကယားပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့ရာကနေ ကယားပြည်နယ် နေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
=======================
251 / End
၁၅ ဇန်နဝါရီ ၂၀၁၉ - ၁၅:၀၆
News ID: 924978