အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
စကူနီရီဝါယသ် တင်ပြပါတယ်။ တစ်နေ့ ကျနော် ဝမ်းနည်းပူဆွေးနေသည့် အခြေအနေ တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်ခ် (အ.စ) ထံတော် ဝယ် ခစားခဲ့ပါတယ် ။
အေမာမ် (အ.စ) အနေဖြင့် ကျနော် အခြေအနေ ကို တွေ့ရှိပြီး မေးပါတယ်…
အို …စကူနီ ..ဘာကြောင့် ဒီလောက်တောင်ဝမ်းနည်းပူဆွေးနေရတာ တုန်း ?
ကျနော် အနေဖြင့် လျှောက်ထားလေ၏။ ကျနော်အိမ်မှာ သမီးလေး မွေးပါတယ် …
ထိုအချိန် အေမာမ် (အ.စ) မိန့်လေ၏။ အို စကူနီ …
အသင်သမီး ၏ အလေးချိန် ကို မြေကြီး မှ ၊ မ ထပါတယ်…
သူမ အတွက် စားနပ်ရိက္ခာ ၏ တာဝန် အလ္လာဟ် ဟို အရှင်မြတ် ၏ တာဝန် ဖြစ် ပါတယ် …
သူမအနေဖြင့် ကိုယ်တိုင်ဘဝ တည်ဆောက်လေမည်။ ( အသင်၏ ဘဝတွင် သမီး ကြောင့် မည်သည့် အရာမျှ လျော့ နည်းသွားမည် မဟုတ်ချေ … )
အသင်စားနပ်ရိက္ခာ ဖြင့် စားမည်မဟုတ်ချေ ။ ( တစ်နည်းအား ဖြင့် ကိုယ်စရိတ် ကိုယ် သယ်လာ ပေသည်)
စကူနီ ပြောလေ၏။ အေမာမ်၏ မိန့်မှာ သည့် စကားများကြောင့် ကျွန်ုပ် ဝမ်းနည်း ပူဆွေးမှု ပျောက် သွားလေ၏။
ပြီးနောက် အေမာမ် (အ.စ) မှ မေးခွန်း မေးလေ၏။ အို စကူနီ … အဲ သမီးနာမည် ဘာ မှည့် ထားလဲ ?
ကျနော်လျှောက်ထားလေ၏။ မောင်လာ သမီးနာမည် ကို ဖွာသွေမာလို့ မှည့်ထား ပါတယ် …
အေမာမ် (အ.စ) အနေဖြင့် နားထောင်ရင်း အာ … အာ … ဝမ်းနည်းသံ ထုတ်၍ ပြောကြားရင်း မိမိလက်တော်ကို နဖူးအပေါ် တင်လေ၏ ...
တနည်း အားဖြင့် ကိုယ်တော် (အ.စ) အနေဖြင့် ငိုတော်မူပြီး မိန့်လေ၏ … အို …စကူနီ … အခု အသင် အနေဖြင့် ဒီ သမီးလေး အမည် ကို ဖွာသွေမာ လို ထားထားသည်ဆိုတော့ သတိရှိပါလေ …
မည်သည့် အခါ သူမ ကို မသင့်တော်တာ မပြောနှင့် … ( မဆဲ နှင့် … )
မည်သည့် အခါ မှ သူမကို ပါး မရိုက် ပါနှင့် …
မည်သည့်အခါမှ သူမကို မမုန်းပါနှင့် …
ဘာကြောင့်လည်း ဆိုတော့ ဤနာမည်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အနီးတော် တွင် လေးစားရသည့် အမည် ဖြစ်ပါတယ် … အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိ ၏ အချစ်တော် ကျွန်မ ဆစ်ဒီကာ သခင်မ အတွက် မိမိ ဇာသ် (ذات) အမည်နှင့် မွရှ်သက် (مشتق ) လုပ်ထားပါတယ် …
ကျမ်းကိုး
وسائل الشیعه، حرعاملی، ج21، ابواب احکام الاولاد، باب 87، ح1، ص482، ط آل البیت.
===========================
251 / END