အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ၌ စီမံကိန်း၁၉ ခု အကောင်အထည်ဖော်ရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေဒုတိယအ ကြိမ်ပေးအပ်ရန် လွှဲပြောင်းလက် ခံလွှာလက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ယမန်နေ့တွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည်။
တရုတ်နိုင်ငံသည် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံ၏စီမံ ကိန်း ၁၉ ခုအတွက် ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းကျော် လွှဲပြောင်း ပေးအပ်မည်ဖြစ်ပြီး စိုက်ပျိုးရေး၊ရေအရင်းအမြစ်၊ ပညာရေး၊ သုတေသန၊ လူမှုဖူလုံရေးဆိုင်ရာ ကဏ္ဍများတွင် အကောင်အထည် ဖော်သုံးစွဲမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
အဆိုပါရန်ပုံငွေလွှဲပြောင်း လက်ခံလွှာကို နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန် လျန်တို့က ယမန်နေ့တွင် လက် မှတ်ရေးထိုးပြီး စီမံကိန်းအကောင် အထည်ဖော်မည့် ဝန်ကြီးဌာနများ မှ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်သည်။
၂၀၁၇ ဒီဇင်ဘာတွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ် တာ့လီမြို့၌ ကျင်းပသော တတိယအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှု နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ၌ ပထမအကြိမ် အ ကောင်အထည်ဖော်မည့် စီမံကိန်း ၁၀ ခုအတွက် ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းရရှိခဲ့သည်။
ထိုစဉ်က စီမံကိန်း ၁၀ ခုတွင် ပြည်ထဲရေးဝန်ကြီးဌာန စီမံကိန်းတစ်ခု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနစီမံကိန်းနှစ်ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းငါးခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန စီမံကိန်းတစ်ခု၊ ပညာရေးဝန်ကြီးဌာနအတွက် စီမံကိန်းတစ်ခုပါဝင်သည်။ ယခုဒုတိယအ ကြိမ် အထူးရန်ပုံငွေကို အစိုးရဝန်ကြီးဌာနရှစ်ခုက အကောင်အထည်ဖော်မည် ဖြစ်သော်လည်း မည်သည့်ဝန်ကြီးဌာနက စီမံကိန်းဘယ်နှခု အကောင်အထည်ဖော် မည်ကို ကြေညာခြင်းမရှိပေ။
မဲခေါင်နိုင်ငံများ၏အသေး စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ တစ်ရပ်ကို ၂၀၁၇ တွင် တရုတ် နိုင်ငံက ကန်ဒေါ်လာသန်း ၃၀၀ မတည်ခဲ့သည်။
မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်သည် ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ ကျင်းပ သော (၁၇)ကြိမ်မြောက် အာဆီ ယံ-တရုတ်ထိပ်သီးအစည်းအ ဝေးတွင် တရုတ်ဝန်ကြီးချုပ် မစ္စ တာလီကီကျန်းက စတင်အဆိုပြု ပြီး မဲခေါင်ဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင် ရွက်ရန် ၂၀၁၆ တွင် ကမ္ဘောဒီး ယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
=======================
251 / End
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှ ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းကျော် မြန်မာထပ်မံရရှိမည် စီမံကိန်း ၁၉ ခု အကောင်အထည်ဖော်ဟုဆ
၂၄ ဇန်နဝါရီ ၂၀၁၉ - ၀၃:၂၇
News ID: 926129
မြန်မာနိုင်ငံ၌ စီမံကိန်း၁၉ ခု အကောင်အထည်ဖော်ရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေဒုတိယအ ကြိမ်ပေးအပ်ရန် လွှဲပြောင်းလက် ခံလွှာလက်မှတ်ရေးထိုးပွဲ အခမ်း အနားကို ယမန်နေ့တွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည်။