အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆရာဝန်အလုပ်သာမ က ဆရာ၊ ဆရာမ၊ အစိုးရ၀န် ထမ်းအလုပ်နှင့် အနုပညာဖြင့်အ သက်မွေးမှုသည်လည်း တန်ဖိုးရှိ သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရန်ကုန်မြို့ ပန်းဘဲတန်း အထက(၁)ကျောင်းသို့ ဇန်န၀ါရီ ၂၄ ရက်က နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်လာရောက်ကာ ဆ ရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။ ပထမတန်းစာသင်ခန်းတွင် ပန်း ချီဆရာမလုပ်ချင်သည်ဟူသော ကလေးကို ၀ါသနာပါရာ တ စိုက်မတ်မတ်လုပ်သင့်ကြောင်း ပြောကြားခဲ့ပြီး သတ္တမတန်း၊ န၀ မတန်းစာသင်ခန်းတွင် ဆရာဝန် လုပ်ချင်သည်ဟူသော ကျောင်း သူများကို ကျေးလက်ဒေသတွင် ဆရာဝန်လုပ်ရန် တိုက်တွန်းခဲ့ သည်။ ထို့အပြင် ဆရာမလုပ်ချင် သူနှင့် အစိုးရ၀န်ထမ်းလုပ်ချင်သူ များရှိလားဟု မေးမြန်းရာ ဆရာ ၀န်လုပ်လိုကြောင်း ဖြေကြားသူ ထက် အရေအတွက်နည်းနေ၍ ဆရာဝန်အလုပ်သာမက ဆရာ၊ ဆရာမ၊ အစိုးရ၀န်ထမ်းအလုပ် နှင့် အနုပညာဖြင့်အသက်မွေးမှု သည်လည်း တန်ဖိုးရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် သင်ရိုးသစ်ဖြင့် သင်ကြားနေသည့် သူငယ်တန်း၊ ပထမတန်းစာသင်ခန်းများသို့ ၀င် ရောက်ကာ ကလေးများ၏တတ် မြောက်မှုကို ၎င်းကိုယ်တိုင်စစ် ဆေးခဲ့ပြီး တတ်မြောက်မှုအခြေအ နေကို ကျေနပ်သည်ဟု ပြောကြား ခဲ့ကြောင်း ပန်းဘဲတန်းအထက (၁)ကျောင်းအုပ်ဆရာမကြီး ဒေါ် လှလှမြင့်က ပြောသည်။
‘‘သူကိုယ်တိုင်စာမေးတယ်။ ကလေးတွေကို ရုပ်ပုံလေးတွေဆွဲ ထားတဲ့ အပင်လေးတွေအ ကြောင်းမေးတယ်။ ဒီအပင်က ဘာအသီးသီးလဲဆိုတာမျိုးတွေ မေးတယ်။ သင်ရိုးသစ်ကလေး တွေ စာဖတ်နိုင်စွမ်းလည်းရှိ တယ်။ တော်တော်သွက်သွက် လက်လက်ရှိတာလည်း တွေ့ရ တယ်လို့ ပြောသွားတယ်’’ ဟု ကျောင်းအုပ်ကြီးက ဆိုသည်။
ကျောင်း၏ အောင်ချက်အ ခြေအနေ၊ ကျောင်းသားနည်းရ ခြင်းအကြောင်းရင်းများကို မေး မြန်းပြီး သင်ကြားရေးတွင်လက် တွေ့များများ ပေါင်းစပ်သင်ကြား ပေးရန် ဒေါ်အောင်ဆန်းစုကြည် က မှာကြားခဲ့သည်။ ပန်းဘဲတန်း အထက(၁)တွင် ကျောင်းသား အင်အား ၂၇၀ ကျော်ရှိသည်။
ဆရာ၊ ဆရာမလိုအပ်ချက် ဖြည့်ပေးရန်နှင့် သင်ထောက်ကူ ကွန်ပျူတာလိုအပ်ချက်ကို တင်ပြ တောင်းဆိုခဲ့သည်ဟု ကျောင်း အုပ်ဆရာမကြီးက ဆိုသည်။ နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြည်သူများက ကျောင်းရှေ့တွင် လာရောက်နှုတ်ဆက်ခဲ့ကြပြီးတိုင် ကြားစာကော်မတီထံ တိုင်စာလာ ရောက်ပေးသူလည်း သုံးဦးထက် မနည်း ရှိခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇန်နဝါရီ ၂၅ ရက်တွင် မှော်ဘီမြို့နယ်နှင့် လှိုင်သာ ယာမြို့နယ်ရှိ အခြေခံပညာကျောင်းသုံးကျောင်းသို့ သွားရောက်မည်ဖြစ်သည်။
=======================
251 / End
ဆရာဝန်အလုပ်သာမက ဆရာ၊ ဆရာမ၊ အစိုးရ၀န်ထမ်းအလုပ်နှင့် အနုပညာဖြင့်အသက်မွေးမှုသည်လည်း တန်ဖိုးရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဆို အထက(၁)ပန်းဘဲ
၂၅ ဇန်နဝါရီ ၂၀၁၉ - ၀၃:၃၀
News ID: 926249
ဆရာဝန်အလုပ်သာမ က ဆရာ၊ ဆရာမ၊ အစိုးရ၀န် ထမ်းအလုပ်နှင့် အနုပညာဖြင့်အ သက်မွေးမှုသည်လည်း တန်ဖိုးရှိ သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။