၁၃ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၃၁
ထောင်ကျနေသည့် ကချင်စစ်ရှောင်အရေး ဆန္ဒပြသူသုံးဦး မူရှယ်ဂုဏ်ပြုဆု ချီးမြှင့်ခံရ

တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ကျပ်ငါးသိန်း ချမှတ်ခံရသော စစ်ရှောင်အရေးဆန္ဒပြသူသုံးဦးအား မူရှယ်အမည်ရှိ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့က မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ကျပ်ငါးသိန်း ချမှတ်ခံရသော စစ်ရှောင်အရေးဆန္ဒပြသူသုံးဦးအား မူရှယ်အမည်ရှိ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယမန်နေ့က မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့် ခြင်းကို ကချင်အမျိုးသားအတိုင် ပင်ခံအဖွဲ့ (WMR) နှင့် World Kachin Congress တို့က ဦး ဆောင်ပေးအပ်ပြီး ဆုကို ထောင် ကျနေသည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူတို့၏ မိသားစုဝင်များက လက်ခံရယူ သည်။

‘‘အရင်တုန်းက ပေးတယ်ဆို ပေမယ့် ကချင် activist (တက်ကြွ လှုပ်ရှားသူ)တွေကို တခြားကချင် မဟုတ်တဲ့ community (လူထု အခြေပြုအဖွဲ့အစည်း)ကပဲ ချီး မြှင့်တာ။ ဒါပေမဲ့ အခု activist လို့ပဲ ပြောရမှာပေါ့။ Human Rights Defenders (လူ့အခွင့်အ ရေးကာကွယ်မြှင့်တင်သူ)တွေကို ကချင် community က ပေးတာ ဒါပထမဆုံးအကြိမ်ပါ’’ဟု ဂုဏ် ပြုဆု ချီးမြှင့်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်သူ တစ်ဦးဖြစ်သည့် မဆွတ်ဆိုင်းထွယ်က ပြောကြား သည်။

ဂုဏ်ပြုဆုချီးမြှင့်သည့် အ ခမ်းအနားသို့ ကချင်လူမှုအဖွဲ့အ စည်းများ၊ စစ်ရှောင်များ၊  ခရစ် ယာန်ဘာသာရေး ဂိုဏ်ပေါင်းစုံမှ ခေါင်းဆောင်များ တက်ရောက် ခဲ့သည်။

 မူရှယ်သည် ကချင်ရိုးရာ နတ်ကိုးကွယ်ယုံကြည်မှုတွင် အ ခက်အခဲကြုံနေသည့် ပြည်သူများ အား လိုအပ်သည့် အကူအညီပေး သော နတ်၏အမည်ဖြစ်သည်။

ပိတ်မိစစ်ရှောင်များ ကယ် ထုတ်ပေးရန် ၂၀၁၈ ဧပြီလကုန် နှင့် မေလဆန်းက မြစ်ကြီးနားမြို့ ၌ ဆန္ဒထုတ်ဖော်ရာတွင် ဆန္ဒပြပွဲ ဦးဆောင်သူ ကိုလွမ်းဇောင်း၊ ကို ဇော်ဂျက်နှင့် ဒေါ်နန်ပူတို့အား တပ်မတော်ကို အသရေဖျက် သည့် ပြောဆိုမှုများ လုပ်ဆောင် သည်ဆိုကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲခဲ့သည်။ ယင်းအမှုကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာ ၇ရက်တွင် စီရင်ချက်ချမှတ်ခဲ့ရာ တရားစွဲခံ ရသူ သုံးဦးကိုပြစ်ဒဏ်များ ချ မှတ်ခြင်းအပေါ် ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှု မြစ်ကြီးနားမြို့၌ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။

 ထို့ပြင် စစ်ရှောင်အရေးဆန္ဒပြသူသုံးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကချင်ပြည်နယ်ရှိ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံ အသနားခံစာပို့တောင်းဆို ထားသည်။

=======================
251 / End