အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုး ထားသည့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှ အမျိုးသမီးကိုယ်စားလှယ်များ လာမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပိုမိုပါဝင်နိုင်ရေးကြိုးပမ်း မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုက ရက်တစ်တပ်ဦး(ABSDF)ဗဟိုဦး ဆောင်ကော်မတီဝင် မိဆူးပွင့်က ပြောသည်။
ABSDF အပါအ၀င် NCA လက်မှတ်ထိုး ၁ဝ ဖွဲ့မှ အမျိုးသမီး ကိုယ်စားလှယ် ၄၀ သည် ဖေဖော် ၀ါရီ ၂၇ မှ မတ်လ ၃ ရက်အထိ ငါးရက်ကြာကျင်းပနေသည့် ‘ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး များ၏ ပါဝင်မှုနှင့်ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲ’တွင် ပါဝင်ဆွေးနွေးနေ သည်။
ကျင်းပပြီးစီးခဲ့သည့် ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအစည်းအဝေး များတွင် NCA လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၌ အမျိုးသမီးကိုယ်စားလှယ်ပါဝင် မှု တစ်ကြိမ်ထက်တစ်ကြိမ်တိုး လာသော်လည်း လာမည့်နိုင်ငံရေး ဆွေးနွေးပွဲများ၌ ပြန်နည်းကောင်း နည်းနိုင်သည့်အခြေအနေရှိနေ သည်ဟု ၎င်းကဆိုသည်။
ကျား၊မ တန်းတူရေးနှင့် ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ သော ၂၀၁၈ ဇူလိုင်ကကျင်းပ သည့် ၂၁ ရာစုပင်လုံတတိယအ စည်းအဝေးတွင် အမျိုးသမီးပါဝင် မှုသည် ကိုယ်စားလှယ်အရေအ တွက်စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း ကျော်ရှိကြောင်း၊ ယင်းသို့အရေ အတွက်များပြားခြင်းမှာ အချို့ အမျိုးသားခေါင်းဆောင်များက ကျား၊မတန်းတူရေးကိစ္စဆွေးနွေး ရန် သတ်မှတ်ခဲ့ခြင်းအပေါ်ညီလာ ခံတက်ရန် စိတ်အားလျော့နည်း သွားခြင်းကြောင့်ဖြစ်ကြောင်း မိ ဆူးပွင့်က ရှင်းပြသည်။
ယခုကဲ့သို့အလုပ်ရုံဆွေးနွေး ပွဲကို ငါးကြိမ်ပြုလုပ်ရန်ရည်ရွယ် ထားရာ ယခုကျင်းပသည့်ဆွေးနွေး ပွဲသည် သုံးကြိမ်မြောက်ဖြစ်သည်။
======================================
251 / End
၄ မတ် ၂၀၁၉ - ၁၇:၂၃
News ID: 931731