၇ မတ် ၂၀၁၉ - ၁၇:၁၈
 ပြည်ထောင်စုလွှတ်တော်နာယက၏ လုပ်ဆောင်ချက်ဥပဒေနှင့်မညီပါက စွပ်စွဲပြစ်တင်ခြင်းပြုလုပ်နိုင်ခြေများဟု ပြည်ခိုင်ဖြိုးအမတ်ဆို ဥပဒေကျော်လ

ပြည်ထောင်စု လွှတ်တော်နာယက၏ လုပ်ဆောင်ချက်များ ဥပဒေနှင့်မညီပါက စွပ်စွဲပြစ်တင်ခြင်းပြုလုပ်နိုင်ခြေများကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယမန်နေ့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 ပြည်ထောင်စု လွှတ်တော်နာယက၏ လုပ်ဆောင်ချက်များ ဥပဒေနှင့်မညီပါက စွပ်စွဲပြစ်တင်ခြင်းပြုလုပ်နိုင်ခြေများကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယမန်နေ့က ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယကကို တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းဦးက ပြောကြား သည်ဆိုသော သတင်းအပေါ် ဦးသောင်းအေးက အထက်ပါအ တိုင်း ရှင်းပြခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးအမတ်တင်သွင်း သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လွှတ်တော်တွင် ဆက် လက်ဆွေးနွေးခြင်းမပြုဘဲ ၄၅ ဦး ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီက ဆောင်ရွက်မည့် ပြင်ဆင်ရေးလုပ် ငန်းများ၌ ထည့်သွင်းဆောင်ရွက်ခြင်းပြုလုပ်ပါက စွပ်စွဲပြစ်တင်ခြင်းပြုလုပ်မည့် လမ်းကြောင်းဖြစ်နိုင်ခြေများကြောင်း ၎င်းကဆိုသည်။

 ‘‘သူ့ (နာယက)ရဲ့ လုပ် ဆောင်ချက်တွေအပေါ်မှာပဲ မူ တည်မှာပဲလေ။ ငါတို့က ဥပဒေ ကြမ်းကို ဆွေးနွေးရမှာ၊ ဥပဒေ ကြမ်းမဆွေးနွေးဘဲ ဒီဟာကြီးဖြစ် နေတာ။ သူ ဘာဆက်လုပ်မလဲ စောင့်ကြည့်ရမှာပေါ့’’ဟု ဦးသောင်းအေးက ပြောသည်။

‘‘ဥပဒေနဲ့မညီတာ လုပ်လို့ရှိ ရင် ဥပဒေနဲ့ညီအောင် လုပ်ပေးရ မှာပဲ။ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အရပဲ သွားရမှာပေါ့’’ဟု ဦးသောင်းအေးက ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယကဦးထွန်းထွန်းဟိန်က ဥပ ဒေက ပေးထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏အခွင့်အ ရေးအရ စွပ်စွဲပြစ်တင်ခြင်းပြုလုပ် မည်ဆိုပါက ပြုလုပ်နိုင်ကြောင်း ဖြေကြားသည်။

‘‘အောင်တာ မအောင်မြင် ဘူး၊ ဘာဘူး၊ ညာဘူးဆိုတာက နောက်ပိုင်းသိရမယ့်ကိစ္စပါ။ သူ တို့ကနေ ဒီ Impeachment (စွပ် စွဲပြစ်တင်ခြင်း)ကို လုပ်မယ်ဆိုရင် လုပ်ပါလို့ ဒီလိုပဲ ပြောရမှာပေါ့။ အန်ကယ်တို့က မလုပ်ပါနဲ့ တား လည်း ရမှာမှ မဟုတ်တာ။ ဒါ ဥပဒေပါ အခွင့်အရေးဆိုတော့ လေ’’ဟု ပြည်သူ့လွှတ်တော်ဒုတိ ယဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်း ထွန်းဟိန်က ပြောသည်။

‘‘အန်ကယ်တို့ကတော့ ဥပ ဒေနဲ့ကျော်လွန်ပြီး ဘာမှ လုပ် ထားတာမရှိဘူး’’ဟု ဦးထွန်းထွန်း ဟိန်က ဆက်လက်ပြောသည်။

 ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးသိန်းထွန်းတင်သွင်းသည့် ပုဒ်မ ၂၆၁ တစ်ခုတည်းကို သီးခြားပြင် ဆင်ရန် မသင့်၍ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ လုပ်ငန်းစဉ်တွင် ထည့်သွင်း ဆောင်ရွက်ရန် ဥပဒေကြမ်းလေ့ လာစိစစ်ရေးပူးပေါင်းကော်မတီ က မတ်လ ၅ ရက်၌ ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်းရာ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် တို့က အစီရင်ခံစာပါအချက်များ ကို ကန့်ကွက်ခဲ့သည်။

ထိုသို့အစီရင်ခံစာပါ အ ကြောင်းအရာနှင့် ပတ်သက်ပြီး သဘောမတူကြောင်း ဆွေးနွေးရန်မတ်တတ်ရပ်အဆိုပြုသည့် တပ်မ တော်နှင့် ပြည်ခိုင်ဖြိုးကိုယ်စား လှယ်တို့ကို ပြည်ထောင်စုလွှတ် တော်နာယက ဦးတီခွန်မြတ်က ဆွေးနွေးခွင့်မပြုဘဲ အစီရင်ခံစာ ဆွေးနွေးချိန်မှသာ လွတ်လပ်စွာ ဆွေးနွေးရန် ပြောကြားခဲ့သည်။ အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မတ်လ ၇ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်နာယကက ကြေညာသည်။

ယင်းနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဟိန်က ‘‘ဒီကော်မတီ ကနေ အစီရင်ခံစာဖတ်တယ်လို့ ပြောခြင်းသည် လူခြောက်ရာရဲ့ အဆုံးအဖြတ်ကို လိုချင်လို့ ဒီအစီ ရင်ခံစာဖတ်ရတာ။ ဒီအစီရင်ခံစာ ဖတ်ပြီး ဆွေးနွေးကြပြီးလို့ရှိရင်၊ အဆုံးအဖြတ်ယူပြီလို့ ပြောလို့ရှိ ရင် လူခြောက်ရာရဲ့ အဆုံးအဖြတ် ဖြစ်မှာပေါ့’’ဟု ပြောကြားသည်။ဥပဒေနှင့်မညီဟု ပြောဆိုမှု များသည် ပြောသူများ၏အပြော သာဖြစ်ကြောင်း၊ အစီရင်ခံစာ ဖတ်ပြီးပြီဖြစ်၍ ဆွေးနွေးသည့် အပိုင်းရောက်ပါက ကန့်ကွက်လို သူများ လွတ်လပ်စွာ ကန့်ကွက်နိုင် ပြီး ထောက်ခံသူများလည်း လွတ်လပ်စွာ ထောက်ခံနိုင်ကြောင်း၊ ထို့နောက် လွှတ်တော်၏အဆုံး အဖြတ်ရယူရန်သာ ရှိကြောင်း ဦးထွန်းထွန်းဟိန်က ဆိုသည်။

======================================
251 / End