အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တပ်မတော်နှင့် KNU သင်္ကြန်မတိုင်မီ တွေ့မည့်ရက် ညှိနှိုင်းနေဆဲတပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) တို့ သင်္ကြန်မတိုင်မီ ဧပြီအတွင်း တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်းက မတ်လ ၂၄ ရက် တွင် ပြောသည်။
‘‘သင်္ကြန်မတိုင်ခင်ဆိုတော့ ဘယ်ရက်လဲဆိုတာ နှစ်ဖက်က ညှိရမှာပေါ့။ တပ်မတော်ကျတော့ စစ်ဘက်ဆိုင်ရာကိစ္စက နဂိုက တည်းကတွေ့ဖို့ သဘောထားရှိ ပြီးသားပါ’’ ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် KNU လက် အောက်ခံ တပ်အချို့အကြား တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိခဲ့ ခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းရန်နှင့် ရှေ့ဆက်တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရန် နည်းလမ်းရှာနိုင်ရေး ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။
တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ပြီး ပြုလုပ်ရန် KNU ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုးက ဖေ ဖော်ဝါရီ ပထမပတ်ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံသို့ စာပို့ခဲ့ခြင်းဖြစ်သည်။
KNU ဥက္ကဋ္ဌ၏စာတွင်လက် ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဖြစ် ထွန်းတိုးတက်မှုများအပေါ်အထူး စိုးရိမ်ပူပန်နေကြောင်းနှင့် လက်ရှိ ကာလတွင်ဖြစ်ပေါ်နေသော မြေ ပြင်ထိတွေ့မှုများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ NCA အရ နောက်ဆက်တွဲပြုလုပ်ရန်လိုအပ် နေသည့် တပ်ပိုင်းဆိုင်ရာဆွေးနွေး ပွဲများ အတွက်သော်လည်း ကောင်း နှစ်ဖက်တပ်မှူးများပါဝင် သည့် ကိုယ်စားလှယ်များအကြား တွေ့ဆုံရန်အရေးတကြီးလိုအပ် နေကြောင်း ဖော်ပြထားသည်။
KNU သည် ၂၀၁၈ အောက် တိုဘာလကုန်ကတည်းက NCA အရဆောင်ရွက်သည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့သည်။
အစိုးရငြိမ်းချမ်းရေးကော်မ ရှင်အနေဖြင့် KNU နှင့် အလွတ် သဘော သုံးကြိမ်ထက်မနည်း ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း ပြေ လည်မှုမရသေး၍ တရားဝင်အ စည်းအဝေးများ မကျင်းပနိုင်ဖြစ် နေပြီး NCA အရ ဆောင်ရွက်ရ မည့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်များ ရှေ့မဆက်နိုင်ဘဲဖြစ်နေ သည်။ အစိုးရအနေဖြင့် NCAအရဆောင်ရွက်သည့် နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ တရားဝင်အစည်း အဝေးများကို လာမည့်မေလတွင် စတင်ကျင်းပနိုင်ရန် ကြိုးပမ်းနေ သည်။
==========================
251 /End
၂၅ မတ် ၂၀၁၉ - ၁၈:၃၇
News ID: 934537
တပ်မတော်နှင့် KNU သင်္ကြန်မတိုင်မီ တွေ့မည့်ရက် ညှိနှိုင်းနေဆဲတပ်မတော်နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) တို့ သင်္ကြန်မတိုင်မီ ဧပြီအတွင်း တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစော ကွယ်ထူးဝင်းက မတ်လ ၂၄ ရက် တွင် ပြောသည်။