အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တပ်မတော်၌ စွမ်းရည် သတ္တိဘွဲ့ အမြင့်ဆုံးဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ရရှိထား သူ ခြောက်ဦး၏ရုပ်တုများဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ သူရဲကောင်းဗိမာန်တွင် ယမန်နေ့ က ကျင်းပခဲ့သည်။
အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက် ရောက်ဖွင့်လှစ်ခဲ့ပြီး သမ္မတ ဟောင်းဦးသိန်းစိန် အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိ ကြီးများလည်း တက်ရောက်ခဲ့ ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ မှ ၁၉၅၁ ကာလအတွင်း ဗိုလ်မှူး အေးချို၊ တပ်သားလှသောင်း၊ အရပ်သား စောဘရီ၊ တပ်သားစောမြင့်၊ တပ် သား ဆာ့ခ်ဗဟာမာဒူးရိုင်း၊ ဗိုလ်ကြီးတိုက်ချွန်းတို့သည် အောင်ဆန်းသူရိယဘွဲ့များ ရရှိခဲ့ပြီး ၎င်းတို့ နောက်ပိုင်း အဆိုပါဘွဲ့ကို ထပ်မံပေးအပ်ခြင်းမရှိတော့ပေ။
ယခင်က အောင်ဆန်းသူရိ ယဘွဲ့ရရှိသူ ခြောက်ဦး၏အမည် စာရင်းကို သူရဲကောင်းဗိမာန်၌ မော်ကွန်းတင် ကမ္ပည်းရေးထိုးခဲ့ ပြီး လက်ရှိတွင် ရုပ်တုအဖြစ် ပထမဆုံး ထားရှိခြင်းဖြစ်သည်။
ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများသာမ က အငြိမ်းစားတပ်မတော်အရာရှိ ကြီးများကလည်း အငြိမ်းစားမယူ မီ တာဝန်ထမ်းဆောင်ခဲ့သည့် ရာ ထူးအဆင့် စစ်ဘက်အယောင်အ ဆောင်ယူနီဖောင်းအပြည့်အစုံ ဖြင့် တက်ရောက်ခဲ့သည်ကို တွေ့ ရသည်။
သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် အငြိမ်းစားတပ်မ တော်အရာရှိကြီး ၇၀ ခန့်ကို ယင်း အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
==========================
251 /End