၉ ဧပြီ ၂၀၁၉ - ၁၈:၅၀
ကိုယ်ပိုင်စုဆောင်းငွေကိုအခြေခံ၍ ပါတီထောင်သည်ဟု သူရဦးရွှေမန်းပြော တပ်မတော်နှင့် လူတစ်ဦးချင်းကိစ္စ ခွဲခြားမသိသမျှ အမျိုးသားပြန်လည်

တည်ထောင်ခွင့်ကျထားသည့်ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကို လင်မယားနှစ်ဦး စုဆောင်းထားငွေအပေါ် အခြေခံ၍ ရန်ပုံငွေအဖြစ်အသုံးပြုနေခြင်းဖြစ် ကြောင်း သူရဦးရွှေမန်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တည်ထောင်ခွင့်ကျထားသည့်ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ကို လင်မယားနှစ်ဦး စုဆောင်းထားငွေအပေါ် အခြေခံ၍ ရန်ပုံငွေအဖြစ်အသုံးပြုနေခြင်းဖြစ် ကြောင်း သူရဦးရွှေမန်းက ပြောသည်။

‘‘ပါတီရန်ပုံငွေက လောလောဆယ်တော့ စပြီးတော့ ကိုယ့်မှာရှိတဲ့ တို့များလင်မယားနှစ် ယောက်မှာစုဆောင်းထားတဲ့အပေါ်မှာ အခြေခံ ပါတယ်’’ ဟု နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ ဧပြီ ၈ ရက်တွင် သတင်းထောက်များနှင့်တွေ့ဆုံ စဉ် သူရဦးရွှေမန်းက ပြောခြင်းဖြစ်သည်။

သို့သော် လုပ်ငန်းရှင်များအပါအ၀င် မည် သည့်နိုင်ငံသားမဆို ပါတီနှင့်နိုင်ငံသူနိုင်ငံသား များအပေါ် စေတနာရှိသည်ဆိုပါက ပူးပေါင်း ဆောင်ရွက်ခွင့်ပြုမည် ဖြစ် ကြောင်း ၎င်းကအသိပေးသည်။

‘‘ဘာလို့လဲဆိုတော့ နိုင်ငံ ရေးပါတီတစ်ရပ်ထူထောင်ပြီဆို ရင် ငွေကလိုအပ်မှာဖြစ်ပါတယ်။ ငွေမရှိဘဲနဲ့လည်း လုပ်လို့မရပါ ဘူး။ ဒီပါတီကလည်း ဦးရွှေမန်းရဲ့ ပါတီမဟုတ်ပါဘူး။ ပြည်ထောင်စု ရဲ့ပါတီဖြစ်စေချင်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဆိုသည်။

ထို့အပြင် ပြည်ထောင်စု သားများဝိုင်းဝန်း၍ ပါတီကိုကြပ် မတ်၊ ထိန်းသိမ်း၊ ဝေဖန်စေလိုသ ကဲ့သို့ လိုအပ်သောအကူအညီ များ၊ လုပ်အားနှင့်ငွေကြေးတို့ကို ဒါနအဖြစ်ပေးအပ်မည်ဆိုပါက လည်း နိုင်ငံအတွက်ဖြစ်စေရ မည်ဟု ၎င်းကပြောသည်။

ပါတီအား တိုင်းဒေသကြီး များကို အဓိကထား၍ ထူထောင် ရန် စဉ်းစားထားပြီး ပြည်နယ်များ ၌မူ တိုင်းရင်းသားများကို ဦးစား ပေးမည်ဟု သူရဦးရွှေမန်းက ဆို သည်။ ထို့အတူ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည် သည့်ပုဂ္ဂိုလ်နှင့်မဆို နိုင်ငံအကျိုး စီးပွားရှိမည်ဆိုလျှင် ပူးပေါင်း ဆောင်ရွက်မည်ဟု ၎င်းကပြော သည်။

‘‘မဟာမိတ်ဆိုတဲ့ကိစ္စက တော့ ဖြစ်ပေါ်လာတဲ့အခြေအနေ အပေါ် မူတည်ပြီးတော့ဆောင် ရွက်သွားမှာဖြစ်ပါတယ်’’ ဟု သူရ ဦးရွှေမန်းက ဆိုသည်။

အတိုင်ပင်ခံ၊ တပ်မတော်နှင့် မျက်မှောက်နိုင်ငံရေး

အဆိုပါမီဒီယာတွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်နှင့် မျက်မှောက်နိုင်ငံ ရေးဆိုင်ရာများကိုလည်း သူရဦး ရွှေမန်းက ထည့်သွင်းပြောကြား ခဲ့သည်။

အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ပြည်ထောင်စု လွှတ်တော်၌ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးထား ရာမှ ကိုယ်ပိုင်ပါတီထောင်ချိန် တွင် ကော်မရှင်ပါဖျက်သိမ်းခံရ သည့် သူရဦးရွှေမန်းက ဒီချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်နှင့် ပုဂ္ဂိုလ်ရေးဆက်ဆံရေး ဆက်ရှိနေကြောင်း ပြောသည်။

‘‘ကော်မရှင်လည်း မရှိတဲ့ အတွက် ကော်မရှင်ကိုပေးထား တဲ့ လုပ်ပိုင်ခွင့်တာဝန်တွေ မိမိတို့ မှာ မရှိတော့ပါဘူး။ အဲဒီအတွက် လုပ်ငန်းအရ ဆက်ဆံရေးမရှိ တော့ပါဘူး။ လူပုဂ္ဂိုလ်ရေးက တော့ ဆက်ဆံမှုရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။

ထို့အတူ တပ်မတော်အစိုးရ လက်ထက်တွင် နံပါတ်(၃)ခေါင်း ဆောင်အဖြစ် အများ၏ရည်ညွှန်း ခြင်းခံရသူ ဗိုလ်ချုပ်ကြီး(ငြိမ်း) လည်းဖြစ်၊ တပ်မတော်အရာရှိ ကြီးများ ဦးစီးတည်ထောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည့် သူရဦးရွှေမန်းက ပြည်သူချစ်ခင်လေးစားကြည်ညို သော တပ်မတော်ဖြစ်စေလို ကြောင်း ပြောသည်။

‘‘တစ်ခါ တစ်ခါမှာ တပ်မ တော်ကို အလွဲသုံးလုပ်တာမျိုး မကြိုက်ပါဘူး။ တပ်မတော်ကိုယ်၊ နှုတ်က ခင်းပြီးတော့နင်းချေတဲ့ အပြောအဆိုမျိုးလည်း မကြိုက်ပါ ဘူး။ အဲဒီတော့ တပ်မတော်နဲ့ လူ တစ်ဦးချင်းနဲ့ ခွဲသိဖို့ပဲ’’ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်းက ‘‘တပ်မ တော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူ တစ်ဦးချင်းစီရဲ့ကိစ္စတွေကို ခြား ပြီးသိဖို့၊ အဲဒီလိုမှမဟုတ်ဘူးဆို ရင် ဒီနေ့ပြောနေတဲ့ရင်ကြားစေ့ ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုတာမဖြစ်ဘဲနဲ့ ဆက် လက်ပြီးတော့ ဒီလိုအခြေအနေ မျိုးတွေဖြစ်တာကိုတော့ ပြော မယ်ဆိုရင် စိတ်ထဲမကောင်းပါ ဘူး’’ ဟု ဆက်လက်ပြောသည်။

ဘယ်သူတွေပါလဲ

ထို့အတူ အထက်ပါသတင်း စာရှင်းလင်းပွဲ၌ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှတ်ပုံ တင်မည့်ကိစ္စ၊ အတူတကွတာဝန် ယူမည့် ပုဂ္ဂိုလ်များစာရင်းကို လည်း သူရဦးရွှေမန်းက ထုတ် ဖော်ပြောဆိုသည်။

ပါတီတွင် အဖွဲ့ဝင် ၁၉ ဦး ပါဝင်ပြီး ယခင်ပြည်ထဲရေးဒုဝန် ကြီးဟောင်း ဦးဘုန်းဆွေကို ပါတီ ဒုဥက္ကဋ္ဌနေရာ ပေးအပ်ထားပြီး ရုံးချုပ်ကို ၎င်းနေထိုင်ရာအိမ်၌ ပင် ဖွင့်လှစ်မည်ဟု သူရဦးရွှေမန်း က ပြောသည်။

‘‘ဒီနေရာ၊ ဒီအိမ်မှာပဲ စတင် ဆောင်ရွက်မှာဖြစ်ပါတယ်။နောင် အခြေအနေပြောင်းလဲတဲ့အပေါ် မှာမူတည်ပြီးတော့ အပြောင်းအ လဲရှိနိုင်ပါတယ်’’ ဟု ၎င်းကပြော သည်။

တပ်မတော်အစိုးရလက် ထက် ထိပ်တန်းခေါင်းဆောင် ခြောက်ဦးအတွက် သီးသန့်အိမ် ရာဝင်းဖြစ်၍ ခြောက်လုံးတန်းဟု အများပြည်သူကြား ရေပန်းစား သည့်နေပြည်တော်ကောင်စီနယ် မြေ ဇမ္ဗူသီရိမြို့နယ် တော်ဝင် ရတနာလမ်း အိမ်နံပါတ် (A-3) တွင် သူရဦးရွှေမန်းနေထိုင်နေ သည်။

=======================
251 / End