၄ မေ ၂၀၁၉ - ၁၈:၅၄
 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ရသည်အထိ လုံခြုံရေးဆောင်ရွက်မည်ဟု တပ်မတော်ရှင်းလင်း ငြိမ်းချမ်းရေးလမ်းကြောင်းရှိနေ၍ ချိန်ဆနေရဟ

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရသည်အထိ လုံခြုံရေးဆောင်ရွက် မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရသည်အထိ လုံခြုံရေးဆောင်ရွက် မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

နေပြည်တော်၌ ယမန်နေ့ (မေလ ၃ ရက်)က ပြုလုပ် သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည် နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ရာတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် AA မရောက်မီက အဖြူရောင်နယ်မြေ ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရှိ ကြောင်း၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများသည် သက်ဆိုင်ရာ တိုင်းရင်းသားများ ကို ကိုယ်စားပြုနေခြင်းမဟုတ် ကြောင်း၊ ထို့ကြောင့် တပ်မတော် ၏ လုံခြုံရေးဆောင်ရွက်မှုများ သည် လက်နက်ကိုင်ထားသူများ နှင့်သာ သက်ဆိုင်ကြောင်း ဗိုလ် ချုပ်စိုးနိုင်ဦးက ပြောသည်။

နိုင်ငံတော်အစိုးရအုပ်ချုပ်မှု ယန္တရားအတွက် လုံခြုံရေးအရ ဆောင်ရွက်သကဲ့သို့ ငြိမ်းချမ်းရေး လုပ်မည်ဆိုပါက NCA လမ်း ကြောင်းကို လမ်းဖွင့်ပေးထား သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့က တစ်ဖက် သတ်တည်းတင်မဟုတ်ဘူး။ ငြိမ်း ချမ်းရေးလမ်းကြောင်းနဲ့ လာမယ် ဆိုရင်လည်းလာ။ ဒီဘက်က လုံ ခြုံရေးအရ ဆောင်ရွက်မှုကဆက် ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ ရတဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်’’ ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

တပ်မတော်သည် လွတ်လပ် ရေးရပြီးစက ရန်ကုန်အစိုးရဆို သည့်အနေအထားမှ မြန်မာတစ် နိုင်ငံလုံးပြန်လည်တည်ငြိမ်အေး ချမ်းအောင် ဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိကြောင်း၊ နောက် ပိုင်းတွင်လည်း ဗကပကို အပြီး ချုပ်ငြိမ်းအောင် တိုက်ခဲ့သည့်အ စဉ်အလာရှိကြောင်း ၎င်းကဆို သည်။

‘‘ဒါ့အပြင် တိုက်လို့မရဘူး။ ပထ၀ီအနေအထားအရရော၊ ခံ စစ်ခိုင်မာမှုအရရော တိုက်ဖို့ ဘယ်လိုမှ မကျနိုင်ဘူးဆိုတဲ့ ခံစစ် စခန်းတွေ တည်ဆောက်ထားတဲ့ နေရာတွေလည်း ကျွန်တော်တို့ တပ်မတော်တိုက်ရင် ရခဲ့တာရှိ တယ်။ ဒါကြောင့် တပ်မတော်အ နေနဲ့ သူ့အစဉ်အလာအရ လုပ်လို့ မရဘူးဆိုတာမရှိဘူး’’ ဟုလည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

သို့ရာ၌ တစ်ဖက်တွင် ငြိမ်း ချမ်းရေးလမ်းကြောင်းရှိနေ၍ ချိန် ဆနေရကြောင်း၊ သောင်းကျန်း မှုလုပ်ငန်းများကို စွန့်လွှတ်မည်ဆို ပါက ငြိမ်းချမ်းရေးဆောင်ရွက်မှု မြန်ဆန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘မဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့က အစဉ်အလာအရ တပ်မတော် တကယ်လုပ်ပြီဆိုရင် မရခဲ့တာမရှိဘူး။ အဲဒီတော့ အဲဒီ ဟာတွေနဲ့ ယှဉ်ရင် AA ရဲ့အဆင့်  က ဘယ်အဆင့်ရှိလဲဆိုတာအား လုံးသဘောပေါက်မှာပါ’’ ဟုဗိုလ် ချုပ်စိုးနိုင်ဦးက ပြောသည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခကမူ ‘‘ကျွန်တော်တို့ဘက်က လက်ခံထားတဲ့ ပြောင်းလဲလို့မရ တဲ့အမှန်တရားကတော့ ရခိုင်ဒေ သမှာ ရခိုင်တပ်မတော်ရှိကိုရှိရ မယ်’’ ဟု ပြောကြားသည်။

AA အနေဖြင့် ရခိုင်ပြည်နယ် တွင် နေထိုင်ခွင့်ရှိသကဲ့သို့ ကာ ကွယ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ ရ ခိုင်ပြည်နယ်တွင် AA ရှိကိုရှိရမည် ဆိုသည့်မူဝါဒအတိုင်း တစ်သဝေ မတိမ်းဆောင်ရွက်ရန်ရှိကြောင်း ၎င်းကဆိုသည်။

======================
251 / END