အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖမ်းဝရမ်းထုတ်ခံထားတဲ့ ဦးဝီရသူနဲ့ မိုက်ကယ်ကျော်မြင့်တို့ကို ဖမ်းဆီးဖို့ တရားဝင်စာနဲ့ အကြောင်းကြားလာတာ မရှိဘူးလို့ ဇွန် ၆ ရက်က ကရင်ပြည်နယ်အစိုးရရုံးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။
ဦးဝီရသူနဲ့ မိုက်ကယ်ကျော်မြင့်တို့ကို ပြည်ထောင်စုအစိုးရခွင်ြ့ပုချက်နဲ့ ရန်ကုန်တိုင်း အစိုးရကနေ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ကရင်ပြည်နယ်ဘက်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာပါ။
ကရင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က “တရားဝင်စာထုတ် အကြောင်းကြားလာတာမရှိဘူး။ သူတို့နဲ့ပတ်သက်ပြီး သေချာမသိသေးဘူး။ လုံခြုံရေးကတော့ ပုံမှန် လုပ်ဆောင်နေတယ်။ ဘာမှ မထူးပါဘူး” လို့ ပြောပါတယ်။
လုံခြုံရေးတင်းကြပ်ထားပြီး အခုအချိန်အထိ ရှာဖွေမှုတွေ၊ ရှောင်တခင်စစ်တာတွေ၊ ကြိုတင်အစီအမံအရ လုပ်နေတာတွေရှိပြီး လုံခြုံရေးကို အပတ်စဉ် လုပ်နေမှာပဲလို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဇွန် ၃ ရက်နေ့မှာ ပြောဆိုထားပါတယ်။
“အခုချိန်အထိတော့ သတင်းတွေက အတည်ပြုနိုင်သေးတာ မရှိသေးဘူး။ သတင်းဆိုတာ သတင်းတခုတော့ ဖြစ်ပေါ်လာတာပေါ့။ မန္တလေးဘက်ကလည်း ဒီဘက်ကို ဆင်းလာတယ် ပြောတယ်။ ရန်ကုန်ကလည်း ဒီဘက်ကို ဆင်းလာတယ်ပြောတယ်။ ဆင်းလာတယ်ဆိုတဲ့ တိတိပပ ဘယ်သူမှ မပြောနိုင်သေးဘူး လုံခြုံရေးကတော့ အပတ်စဉ် လုပ်နေမှာပဲ” လို့ ပြောပါတယ်။
ဦးဝီရသူကို မြိတ်မြို့နဲ့ ရန်ကုန်မြို့ မြိုတော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ ၅၉(စ) မပြင်ဆင်ရေးနဲ့ပုဒ်မ ၂၁၆ အမြန်ဆုံးအတည်ပြုနိုင်ရေး လူထုထောက်ခံပွဲမှာ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ခံရတာပါ။
မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမှာ အစိုးရခွင့်ပြုချက်နဲ့ ၀တ်ပြုနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံ ထားရသူ ၂ ဦးလုံး ကရင်ပြည်နယ်အတွင်းရောက်ရှိနေတယ်လို့ အတည်ပြုလို့မရတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ မေ ၃၀ ရက်နေ့ကစပြီး လုံခြုံရေးတင်းကြပ်ထားသလို ရှာဖွေမှုတွေ လုပ်ဆောင်နေတာ ရက်သတ္တပတ် ၁ ပတ်ကျော် လာခဲ့ပေမယ် ထူးခြားမှုတော့ မရှိသေးပါဘူး။
=======================
251 / End
၆ ဇွန် ၂၀၁၉ - ၁၄:၃၂
News ID: 947611
ဖမ်းဝရမ်းထုတ်ခံထားတဲ့ ဦးဝီရသူနဲ့ မိုက်ကယ်ကျော်မြင့်တို့ကို ဖမ်းဆီးဖို့ တရားဝင်စာနဲ့ အကြောင်းကြားလာတာ မရှိဘူးလို့ ဇွန် ၆ ရက်က ကရင်ပြည်နယ်အစိုးရရုံးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။