၇ ဇွန် ၂၀၁၉ - ၁၃:၅၉
၂၀၂၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီထောင်မယ့်သူတွေ ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထားလျှောက်ရမယ်

နိုင်ငံရေးပါတီ ထောင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်လိုတဲ့သူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နောက်ဆုံး ပါတီတည်ထောင်ခွင့်လျှောက်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေး လိုက်ပါ တယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ အဲဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတာပါ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံရေးပါတီ ထောင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်လိုတဲ့သူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နောက်ဆုံး ပါတီတည်ထောင်ခွင့်လျှောက်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေး လိုက်ပါ တယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ အဲဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတာပါ။

ဒါကြောင့် နိုင်ငံရေးပါတီတွေ တည်ထောင်တာ ၊ မှတ်ပုံတင်တာ ၊ ပါတီတွေပေါင်းပြီး တစ်ပါတီတည်း ပြန်တည်ထောင်တဲ့ လုပ်ငန်းတွေကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ၊ မဲဆွယ်စည်းရုံးတာတွေကို အချိန်လုံလောက်စေဖို့ အတွက် ဒီဇင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး လျှောက်ထားစေလိုတာလို့ ကော်မရှင်က ဆိုထားပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီဟာ စာရင်းအရ ၉၈ ပါတီရှိတယ်လို့ သိရပါတယ်။ ဒါအပြင် လတ်တလောမှာ နိုင်ငံရေးပါတီ ၁၀ လောက်ကလည်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် တည်ထောင်ခွင့်လျှောက်ထား တာ ရှိတယ်လို့သိရပါတယ်။

ဒီပါတီတွေတာ တည်ထောင်ခွင့်ရခဲ့ရင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတစ်ရာ ကျော်လောက် ဝင်ပြိုင်ဖို့ရှိလာမှာပါ။

ဒါ ကြောင့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးရင်တော့ ဒါဟာ ပါတီအများဆုံးဝင်ပြိုင်မယ့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမှာဖြစ်ပြီး တဖက်လည်းမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်မှာတော့ အသေအချာပါပဲ။

သမ္မတ ဦးဝင်းမြင့်က လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံကာ မှာကြားထားပါတယ်။

=======================
251 / End