အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုရက်ပိုင်းအတွင်း ပြန်လည်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌တင်သွင်းမည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ယမန်နေ့တွင် ကော်မတီဝင်များအားလုံးက အတည်ပြုလက်မှတ်ရေးထိုးကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
အဖွဲ့ဝင် ၄၅ ဦးပါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ ၂၅ ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က နေပြည် တော်လွှတ်တော်ဝင်းအတွင်းပြုလုပ်ပြီး ကော်မတီအစီရင်ခံစာကို အပြီး သတ် အတည်ပြုခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာမတင်သွင်းမီ ကော်မတီ၏နောက်ဆုံးအစည်းအဝေးလည်းဖြစ်သော ယမန်နေ့တွင် ခွင့်တိုင်ကြားထားသည့် ကိုယ်စားလှယ်သုံးဦးမှအပ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်သားကိုယ်စားလှယ်များအပါအ၀င် ကျန်အဖွဲ့ဝင်အားလုံး တက်ရောက် ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
ထို့ကြောင့် အစီရင်ခံစာကို ကော်မတီဝင် လွှတ်တော်ကိုယ် စားလှယ်အားလုံးက သဘောတူ အတည်ပြုသည်ဟု မှတ်ယူ နိုင်ကြောင်း ဒေါက်တာမြတ်ဉာဏ စိုးက ပြောသည်။ ယမန်နေ့ အစည်းအဝေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင်လည်း‘အစီရင်ခံစာကို ပူးပေါင်းကော် မတီဝင်အားလုံးက အတည်ပြု လက်မှတ်ရေးထိုးခြင်း’ ဟု ဖော်ပြ ထားသည်။
သို့သော် ပြည်ခိုင်ဖြိုး ပါတီ ၀င် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဦးသောင်း အေးကမူ ၎င်းတို့ပါတီဝင် ကော်မ တီဝင်များအနေဖြင့် ညွှန်ကြား ချက်အရ လက်မှတ်ရေးထိုးခြင်း သာဖြစ်သည်ဟု ဆိုသည်။ ပူး ပေါင်းကော်မတီတွင် ပြည်ခိုင်ဖြိုး ပါတီဝင် ကိုယ်စားလှယ်နှစ်ဦး ပါဝင်သည်။
‘‘အတည်ပြုတယ်၊ ကန့် ကွက်တယ်ဆိုတဲ့ အသုံးအနှုန်း တွေသုံးရင်လွဲကုန်မှာပေါ့။ ကျွန် တော်တို့က ဒီ ၄၅ ဦးကော်မ တီမှာပါတယ်။ အစည်းအဝေး တက်တဲ့သူတွေ လက်မှတ်ထိုးပါ ဆိုတော့ထိုးရတာပေါ့ဗျာ။ ပထမ တော့ လက်မှတ်ထိုးဖို့ မလိုဘူးလို့ ငြင်းကြသေးတယ်။ သို့သော် လည်းအစည်းအဝေးရဲ့ မူလညွှန် ကြားချက်မှာကိုက ထိုးရမယ်လို့ ပါနေ တာ’’ ဟု ဦးသောင်းအေးက ပြောသည်။
ယခုလက်မှတ်ရေးထိုးခြင်း သည် ကော်မတီဝင်များက အစီ ရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး လွှတ်တော်၏ အတည်ပြုချက်ရ ယူနိုင်ရန် ပြည်ထောင်စုလွှတ် တော်တွင် ဆက်လက်ဆွေး နွေးရမည်ဖြစ်ကြောင်း ကော်မတီ ၀င်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးစိန်ဝင်းက ပြောသည်။
အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံ စာကို ဇူလိုင် ၁၇ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းရမည်ဟု သတ်မှတ်ထားပြီး လက်ရှိရပ်နားထားသည့် နေပြည် တော်လွှတ်တော် အစည်းအဝေး များကို ဇူလိုင် ၁၅ ရက်တွင် ပြန် လည် ကျင်းပမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ပူးပေါင်းကော်မတီ၏ အစီရင်ခံ စာကို လွှတ်တော်သို့ တင်သွင်း လာပါကလည်း အခြေခံဥပဒေ ကို ပြင် ဆင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည် ဆို သော မူလသဘောထား အတိုင်း သာ ဆက်လက်ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသောင်း အေးက ဆိုသည်။
‘‘အခြေခံ ဥပဒေပြင်မယ် ဆိုရင်အခန်း(၁၂)အတိုင်းပဲလုပ်ရ မယ်၊ အဲဒါမှအပလုပ်တာတရား မ၀င်ဘူးလို့ ပြောထားပြီးသားပါ’’ ဟု ၎င်းကပြောသည်။
=======================
251 / End
၁၅ ဇူလိုင် ၂၀၁၉ - ၁၃:၃၀
News ID: 961472
ယခုရက်ပိုင်းအတွင်း ပြန်လည်ကျင်းပမည့်ပြည်ထောင် စု လွှတ်တော်၌တင်သွင်းမည့် အခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ယမန်နေ့ တွင် ကော်မတီဝင်များအားလုံးကအတည်ပြုလက်မှတ် ရေးထိုးကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။