
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အလ်အဟဒ်သတင်းဌာန ၏ သတင်း အထောက်အထားအရ အထူးလေယာဉ် တွင် နိုင်ဂျီးရီးယား တပ်နှင့် အတူ နိုင်ဂျီးရီးယား ရှီအာ မွတ်စလင်မ်များ ၏ ခေါင်းဆောင်((အစ္စလာမ်မီ လှုပ်ရှားမှု ) အဖွဲ့၏ ဥက္ကဋ္ဌ ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇာကီ ဆေးကုသရန် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ သို့ ပို့ဆောင်ခဲ့ကြောင်း လေယာဉ် သည် အာရပ်စော်ဘွားများပြည်ထောင်စု ( U.A.E) မှတဆင့် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ သို့ ရောက်ရှိ လာ ကြောင်း သိရှိရပါတယ်။
နိုင်ဂျီးရီးယား တရားရုံးချုပ် မှ ပြီးခဲ့သည့် တနင်းလာနေ့ သြဂုတ်လ ၁၂ ရက်နေ့ တွင် ((အစ္စလာမ်မီ လှုပ်ရှားမှု ) အဖွဲ့၏ ဥက္ကဋ္ဌ ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇာကီ နှင့် ၎င်း ၏ ဇနီးသည်အား အိန္ဒိယ နိုင်ငံ တွင် ဆေးကုသရန် ခွင့်ပြုခဲ့ပါတယ်။ ဆေးကုသ နေချိန်တွင် အကျယ်ချုပ် ဖြင့် နေရမည် ဖြစ်ကြောင်း သိရှိရပါတယ်။
နိုင်ဂျီးရီးယား တရားရုံးချုပ် မှ ၂၀၁၆ ခုနှစ် တွင်လည်း ဟဇရသ် အာယာသွလ္လာဟ် ရှိက်္ခဇက်ဇာကီ အား ဖမ်းချုပ်မှု ကို တရားမဝင် ဖြစ်ကြောင်း ကြေညာ ပြီး ၎င်း အား လွတ်ပေးရန် အမိန့်ထုတ် ခဲ့ပါ တယ်။
ဆေးကုသမှုကိစ္စ တွင် အတားအဆီး အခက်အခဲများ ရှိအောင် အမေရိကန် အစိုးရမှ ပြုလုပ် နေကြောင်း လည်း သိရှိရပါတယ်။
+++++++++++++++++++++++++++++++++
END / 251