အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ စက်တင်ဘာ ၁၇ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်၊တပ်မတော်နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ တို့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကို အထူးကျေးဇူးတင်ကြောင်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေက ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ဆွေးနွေးပွဲအပြီး အပိတ်မိန့်ခွန်းမှာ မြောက်ပိုင်းအဖွဲ့တွေ ကိုယ်စား TNLA အဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောဆိုခဲ့တာပါ။
မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဟာ ကျိုင်းတုံ မြို့မှာ ဒုတိယအကြိမ် ဆွေးနွေးတာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ တပ်မတော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ လက်ရှိဖြစ်နေတဲ့ မြေပြင်တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ မဆွေးနွေးနိုင်ခဲ့ပေမဲ့ နှစ်ဖက်သဘောတူထားတဲ့ အချက် ၇ချက်ကို ဆက်လက်ဆွေးနွေးဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နောက်တစ်ကြိမ် ဆွေးနွေးပွဲကိုတော့ လာမဲ့ အောက်တိုဘာလအတွင်းမှာ ထပ်မံ ဆွေးနွေးကြမှာပါ။
====================================
END / 251
၁၈ စက်တင်ဘာ ၂၀၁၉ - ၁၅:၅၈
News ID: 976645
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊တပ်မတော် နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ တို့ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်စေ့ စပ်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကို အထူး ကျေးဇူးတင်ကြောင်းမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ တွေ က ဖွင့်ဟပြောဆိုလိုက်ပါတယ်။