၂၃ စက်တင်ဘာ ၂၀၁၉ - ၁၆:၅၉
	 ဟစ်ဘွလ္လာဟ် ခေါဆော်ဒီနိုင်ငံ တွင် အာလေ့စအူဒ် အစိုးရ သည်နောက်ဆုံး ထွက်သက်ရှုနေသည့်အချိန် ဖြစ်ပါတယ်င်းဆောင် အား ရဲဟ်ဗရ်၏ ကြိုးပမ်း

လက်ဘနန် နိုင်ငံ၏ တရားဝင် အဖွဲ့အစည်း ဖြစ်သည့် ဟစ်ဘွလ္လာဟ်အဖွဲ့ ၏ ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ်အနေဖြင့် ရဲဟ်ဗရ်၏ ကြိုးပမ်းမှု များ ဆိုင်ရာ ရလာဒ်များ ထိန်းသိမ်း စောင့်ရှောင် ရေး အဖွဲ့ နှင့် မိမိနှင့်ပြုလုပ်သည့် အမေးအဖြေ ကဏ္ဍ တွင် ဆော်ဒီနိုင်ငံ တွင် အာလေ့စအူဒ် အစိုးရ သည် အားပျော့အားနည်း သွားပြီးဖြစ်ပြီး နောက်ဆုံး ထွက်သက်ရှု နေသည့်အချိန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ဟစ်ဘွလ္လာဟ်အဖွဲ့ ၏ ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ်အနေဖြင့် ဆော်ဒီ နိုင်ငံ၏ အီရန် နိုင်ငံ အပေါ် ရန်ငြိုးထား မုန်းတီးမှု နှင့် ပတ်သက်ပြီး ပြောကြားသည်မှာ - ဆော်ဒီ နိုင်ငံသည် အီရန်နိုင်ငံ အပေါ် ရန်ငြိုးထား မုန်းတီးမှုကို စတင်ခဲ့တာ ဖြစကြောင်းပြောကြားခဲ့ပါတယ် ။အီရန် နှင့် ဆော်ဒီ နိုင်ငံ အကြားအခက်အခဲ အဆင်မပြေမှု သည် ဆော်ဒီ နိုင်ငံ နှင့် အခြား အာရပ်နိုင်ငံ များ အကြား ရှိသည့် အခက်အခဲ အဆင်မပြေမှု ကဲ့သို့ ဖြစ်ကြောင်း ၊ အကြောင်းမှာ ဆော်ဒီ နိုင်ငံ သည် ပါလက်စတိုင်း ကိစ္စ နှင့် အစ္စလာမ် အတွက် အခက်အခဲများ ကိစ္စ နှင့်ပတ်သက်လာလျှင် အမြဲတန် အမေရိကန် နှင့် အစ္စရေးဘက်ကသာ ရပ်တည်ပြီး ကူညီခဲ့သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ ဆော်ဒီ အနေဖြင့် ဟစ်ဘွလ္လာဟ် နှင့်ပတ်သက်ပြီး ရန်ငြိုးမုန်းတီးမှုသည် ပေါ်တင် ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် ကျွန်ုပ်တို့ နှင့် ဆော်ဒီ ၏ရန်ငြိုးမုန်းတီးမှုသည် အီရန် နှင့် မည်သို့မျှ မပတ် သက် ချေ

ဆော်ဒီ အာရပ်၏ အိမ်ရှေ့မင်းသားအရည်အချင်း နှင့် မထိုက်တန်သည့် မရင့်ကျက်သေးသည့် မိုဟမ္မဒ်ဗင် စလ်မန် ၏ ယီမင် အားစစ်ခင်းမှု ကိစ္စ နှင့်ပတ်သက်ပြီး ဆက်လက်ပြီး ပြောကြား သည်မှာ - ဆော်ဒီ အနေဖြင့် ယီမင် နိုင်ငံ အပေါ် စစ်ပြုခဲ့ခြင်းဖြင့် ကြီးမားလေးလံသည့် ရာဇဝတ်မှု ကို ကျူးလွန်ခဲ့ပါတယ် ။ဆော်ဒီ နိုင်ငံ ၏ အငြိုးအတေးသည် ယီမင် တစ်နိုင်ငံတည်း မဟုတ်ဘဲ အခြားအာရပ်နိုင်ငံများ လည်းဖြစ်ကြောင်း ထင်ရှားစွာ တွေ့နေရကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီ နိုင်ငံ သည် ယခု အချိန် တွင်လည်း အာရပ်ဆိုင်ရာ ဒေသများ နှင့် အစ္စလာမ်နိုင်ငံများအပေါ် ရန်ငြိုးထား မုန်းတီးမှု ကိုပြုလုပ်ပြီး အမေရိကန် နှင့် အစ္စရေး တိုနှင့် ချစ်ကြည်ရေး ပိုမို၍ ခိုင်မာလာ အောင် လုပ်ဆောင်မှုတွင် အလုပ်ရှုပ်နေပါတယ်။

ဆက်လက်ပြီး H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ်အနေဖြင့် ပြောကြားသည်မှာ - ကျနော် အနေဖြင့် ပထမဆုံး ဒေသဆိုင်ရာ အာရှ အရှေ့ အလယ်ပိုင်း ဒေသ တွင် အာရပ် အချို့    ၏ (( ဆော်ဒီ ကျဆုံး ပါစေ)) ဆိုသည့် ညာသံကို ကြားနေရပါတယ်။ဆော်ဒီ နှင့် ယှဉ်လျှင် အခြားအာရပ် အစိုးရ များသည် လူထု နှင့် နိုင်ငံရေး အခြေအနေ တွင် ခိုင်မာ လျက်ရှိပါတယ်။

 

+++++++++++++++++++++++++++++++
END /251