
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် အောက်တိုဘာ ၈ ရက်တွင် ဂျပန်နိုင်ငံသို့ ချစ် ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ ခဲ့ကြောင်းတပ်မတော်က သတင်း ထုတ်ပြန်သည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကိုဂျီယာမာဆာကီ ၏ ဖိတ်ကြားချက်အရ သွား ရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များ ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဂျပန်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲ စစ်ဦးစီးချုပ်တို့ကို သီးခြားစီ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ စက်မှုလုပ်ငန်းများကို ကြည့်ရှုလေ့လာမည်ဟု တပ်မ တော်ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ အထက်ပါခရီးစဉ်သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အဖြစ် ဂျပန်သို့ သုံးကြိမ် မြောက် သွားရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင် ဒုတိယဗိုလ်ချုပ် ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ လိုက်ပါသွားသည်။ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် သည် ၂၀၁၄ နှင့် ၂၀၁၇ တို့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ယခုလတတိယပတ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ်နာရူဟီတို၏ ထီး နန်းတက်ပွဲအခမ်းအနားသို့ တက် ရောက်ရန် တိုကျိုသို့သွားရောက် မည်ဖြစ်သည်။
====================================
END / 251