အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်သည် ရခိုင် ပြည်နယ်မြောက်ပိုင်း အကြမ်း ဖက်လုပ်ရပ်များကို ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အောက်တိုဘာ ၉ ရက်တွင် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီး တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ တပ်မတော်က တစ်ဖက် သတ်အပစ်အခတ်ရပ်စဲမှုနှင့် ခေတ်မီတပ်မတော်တည်ဆောက် ရေး၌ ဂျပန်က ကူညီနေသည့် အခြေအနေများ ဆွေးနွေးခဲ့သည် ဟု တပ်မတော်က သတင်းထုတ် ပြန်သည်။
ယင်းနောက် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာတိုရှိ မစ်ဆုမိုတီဂျီနှင့် တွေ့ဆုံပြီး ရခိုင် ပြည်နယ်အရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ဂျပန်နိုင်ငံက မိတ်ဆွေစိတ်ဓာတ်ဖြင့် ကူညီ ဆောင်ရွက်နေမှု၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းစဉ်တွင် တပ်မတော်က ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေများဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကို ဂျပန်ကိုယ် ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်က ဂုဏ်ပြုတပ် ဖွဲ့ဖြင့် ကြိုဆိုပြီး နှစ်နိုင်ငံ တပ် မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့်နိုင်မည့် အခြေ အနေများ၊ ကာကွယ်ရေးဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အောက်တိုဘာ ၁၀ ရက်တွင် ဂျပန်ကာကွယ်ရေးဝန် ကြီး မစ္စတာတာရိုကိုနိုနှင့် တွေ့ ဆုံပြီး မြန်မာနိုင်ငံ၏ ပါတီစုံဒီမို ကရေစီလမ်းကြောင်း လျှောက် လှမ်းနေမှု အခြေအနေ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တပ်မတော် က ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်နေ သည့် အခြေအနေများ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ကာကွယ်ရေး၊ပညာရေးနှင့် ကုန်သွယ်ရေးအပါ အဝင် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာ ပြီး ဆက်လက်၍ ကျယ်ပြန့်စွာ ပူး ပေါင်းဆောင်ရွက်မည့် အခြေအ နေများ ဆွေးနွေးခဲ့သည်ဟု ဆို သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ၂၀၁၄ နှင့် ၂၀၁၇ တွင် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ယခုခရီးစဉ်သည်တတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။
====================================
END / 251
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ဟု ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် တပ်ချုပ်ပြော
၁၂ အောက်တိုဘာ ၂၀၁၉ - ၁၆:၄၄
News ID: 982107
တပ်မတော်သည် ရခိုင် ပြည်နယ်မြောက်ပိုင်း အကြမ်း ဖက် လုပ်ရပ်များကို ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့ သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်း အောင်လှိုင်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တွေ့ဆုံစဉ် ပြောကြားသည်။