အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ျဖစ္သူ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးဟာ တပ္မေတာ္ကေန အၿငိမ္းစားယူသြားၿပီလို႔ ျပန္ၾကားေရးအဖြဲ႕က ေျပာပါတယ္။
ဒီေန႔ ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ လုပ္ေနတဲ့ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းေထာက္ေတြ ေမးတာကို ေျဖၾကားခဲ့တာပါ။
“၂၀၁၆ ခုႏွစ္မွာ ထုတ္ခဲ့တဲ့ စစ္မႈထမ္းစည္းမ်ဥ္းရွိတယ္။ အဆင့္လိုက္ စစ္မႈထမ္းသက္ေတြ သတ္မွတ္ထားတာရွိတယ္။ ဥပမာဆိုရင္ ဗိုလ္ခ်ဳပ္အဆင့္ဆို ၆ ႏွစ္ေပါ့။ ဗိုလ္ခ်ဳပ္တာ ဝန္နဲ႔ ၆ ႏွစ္ တာဝန္ထမ္းေဆာင္ၿပီးရင္ အၿငိမ္းစားယူရတာရွိတယ္။ ဒါေၾကာင့္မို႔လို႔ အၿငိမ္းစားယူျခင္းပဲ ျဖစ္တယ္” လို႔ ေျပာပါတယ္။
ဒါေပမယ့္ တပ္မေတာ္ရဲ႕ အရန္အင္အားအျဖစ္ ဆက္ရွိေနတယ္လို႔လည္း ေျပာပါတယ္။
“ဒါေၾကာင့္မို႔လို႔ သတင္းမွန္ျပန္ၾကားေရးေကာ္မတီရဲ႕ ဥကၠ႒အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္မွာ ျဖစ္တယ္။ ဒါ့အျပင္ ဟိုဘက္မွာရွိတဲ့ UPDJC မွာ အတြင္းေရးမႉးအဖြဲ႕ဝင္ အျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္မွာ ျဖစ္ပါတယ္။”
ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးကေတာ့ သူဟာ မူလတာဝန္ျဖစ္တဲ့ ဒုတိယတပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္တာဝန္ကေန အနားယူၿပီး တပ္မေတာ္ရဲ႕ၫႊန္ၾကားခ်က္နဲ႔ သီးျခားတာဝန္ကို ထမ္း ေဆာင္ေနတယ္လို႔ ေျပာပါတယ္။
Unicode
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး အငြိမ်းစားယူ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် စိုးနိုင်ဦးဟာ တပ်မတော်ကနေ အငြိမ်းစားယူသွားပြီလို့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဒီနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က သတင်းထောက်တွေ မေးတာကို ဖြေကြားခဲ့တာပါ။
“၂၀၁၆ ခုနှစ်မှာ ထုတ်ခဲ့တဲ့ စစ်မှုထမ်းစည်းမျဉ်းရှိတယ်။ အဆင့်လိုက် စစ်မှုထမ်းသက်တွေ သတ်မှတ်ထားတာရှိတယ်။ ဥပမာဆိုရင် ဗိုလ်ချုပ်အဆင့်ဆို ၆ နှစ်ပေါ့။ ဗိုလ်ချုပ်တာဝန်နဲ့ ၆ နှစ် တာဝန်ထမ်းဆောင်ပြီးရင် အငြိမ်းစားယူရတာရှိတယ်။ ဒါကြောင့်မို့လို့ အငြိမ်းစားယူခြင်းပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါပေမယ့် တပ်မတော်ရဲ့ အရန်အင်အားအဖြစ် ဆက်ရှိနေတယ်လို့လည်း ပြောပါတယ်။
“ဒါကြောင့်မို့လို့ သတင်းမှန်ပြန်ကြားရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်။ ဒါ့အပြင် ဟိုဘက်မှာရှိတဲ့ UPDJC မှာ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။”
ဗိုလ်ချုပ် စိုးနိုင်ဦးကတော့ သူဟာ မူလတာဝန်ဖြစ်တဲ့ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်တာဝန်ကနေ အနားယူပြီး တပ်မတော်ရဲ့ညွှန်ကြားချက်နဲ့ သီးခြား တာဝန်ကို ထမ်းဆောင်နေတယ်လို့ ပြောပါတယ်။
====================================
END / 251
၂၆ အောက်တိုဘာ ၂၀၁၉ - ၁၉:၂၃
News ID: 984616
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ျဖစ္သူ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးဟာ တပ္မေတာ္ကေန အၿငိမ္းစားယူသြားၿပီလို႔ ျပန္ ၾကား ေရးအဖြဲ႕က ေျပာပါတယ္။