၂၆ အောက်တိုဘာ ၂၀၁၉ - ၁၉:၃၃


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi







Unicode

လူမျိုးတုံးသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်၏ သုံးနှုန်းမှု မြန်မာပြင်းထန်စွာကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနှင့်ပတ်သက် ၍ မျိုးနွယ်စုအားသုတ်သင်ရှင်း လင်းခြင်း (သို့မဟုတ်) လူမျိုးတုံး သတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ် က သုံးနှုန်းနေမှုကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီးဦကျော်တင့် က ပြောကြားသည်။

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူး မြို့၌ ကျင်းပနေဆဲ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ် မြောက် ထိပ်သီးအစည်းအဝေး ဆိုင်ရာ ဝန်ကြီးအဆင့်ကြိုတင် ပြင်ဆင်ရေး အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီး၏ ပြောကြားချက်အပေါ် အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင်က ယင်းသို့တုံ့ပြန်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကယမန် နေ့တွင်  ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အရေးသည် ဘာသာရေးဖိနှိပ်မှုပြဿနာတစ် ရပ်မဟုတ်ဘဲ ကိုလိုနီခေတ်က တည်းကရှိနေခဲ့သည့် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု ရောယှက် ပါဝင်နေသည့် နိုင်ငံရေးနှင့်စီးပွား ရေးဆိုင်ရာ ပြဿနာဖြစ်ကြောင်း ဦးကျော်တင်က ရှင်းလင်းသည်။ နိုင်ငံတကာ သတင်းမီဒီယာများ  လွဲမှားစွာ ချဲ့ကားပုံဖော်နေသကဲ့ သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခု ကို နိုင်ငံအတွင်းမှ မောင်းထုတ်နေ ခြင်းလည်းမဟုတ်ကြောင်း ပြည် ထောင်စုဝန်ကြီးကဆိုသည်။

ရခိုင်မြောက်ပိုင်းအရေး သည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်းနှင့် နိုင်ငံအ တွင်းရှိ အခြားနေရာများတွင် ကိုး ကွယ်မှုအယူဝါဒ ကွဲပြားသူများ သည် ငြိမ်းချမ်းစွာ၊ သဟဇာတရှိ စွာ အတူယှဉ်တွဲနေထိုင်နေ ကြောင်း ဦးကျော်တင်က အထက် ပါအစည်းအဝေး၌ပြောသည်။

၂၀၁၆ အောက်တိုဘာနှင့် ၂၀၁၇ သြဂုတ်တို့တွင် ရဲစခန်းအ များအပြားကို ARSA အကြမ်း ဖက်အဖွဲ့က တစ်ပြိုင်တည်းချိန် ကိုက်တိုက်ခိုက်မှုများ စတင်ပြု လုပ်ခြင်းကြောင့်  အကြမ်းဖက် မှုများ စတင်ဖြစ်ပေါ်လာခြင်းဖြစ် သည်ကို မျက်ကွယ်မပြုသင့် ကြောင်း ဝန်ကြီးက ထောက်ပြ သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အရေးကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်သည် နေရပ်စွန့်ခွာသူများ ပြန်လာရေး ကို အနှောင့်အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံ သဘောတူညီထားသော ယန္တရား များနှင့်အညီ အတူတကွဖြေရှင်း နိုင်ရေးဖြစ်ကြောင်း ၎င်းကဆို သည်။

====================================

END / 251
Unicode

လူမျိုးတုံးသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်၏ သုံးနှုန်းမှု မြန်မာပြင်းထန်စွာကန့်ကွက်
By ထက်အာကာကျော် on Friday, October 25, 2019 - 19:35

၀န်ကြီးဦးကျော်တင့် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − Ministry of Foreign Affairs Myanmar)