အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဘာသာေရးဆိုင္ရာ ပဋိပကၡေတြကို တားဆီးကာကြယ္ၾကဖို႔နဲ႔ ပဋိပကၡျဖစ္ပြားရာ နယ္ေျမေဒသေတြမွာ ဒုကၡေရာက္ရသူေတြကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ပါတယ္။
ႏိုဝင္ဘာ ၁၄ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာ ေပါင္းစုံ ၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္းေမတၱာ)အဖြဲ႕ရဲ႕ တတိယအႀကိမ္ အႀကံျပဳေဆြးေႏြးဝိုင္းမွာ တက္ေရာက္ မိန႔္ခြန္းေျပာရာမွာ ထည့္သြင္းေျပာသြားတာပါ။
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ဘာသာေရးဆိုင္ရာ ပဋိပကၡေတြကို တားဆီး ကာကြယ္ၾကရမွာျဖစ္ေၾကာင္း၊ ပဋိပကၡျဖစ္ပြားရာ နယ္ေျမေဒသအတြင္း ဒုကၡ ေရာက္ရသူေတြကို ကာကြယ္ေစာင့္ေရွာက္ အကူအညီ ေပးရမွာျဖစ္ေၾကာင္း၊ ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြကို သြက္သြက္ လက္လက္ ထိထိေရာက္ေရာက္အေကာင္အထည္ေဖာ္ ေပးၾကရမွာျဖစ္ႀကီး မိမိတို႔ ကိုးကြယ္ရာဘာသာႀကီးေတြဟာ တဦးနဲ႔တဦးအေပၚ ယုံၾကည္မႈနဲ႔အတူ လက္တြဲ လုပ္ေဆာင္ျခင္းနဲ႔ မိမိတို႔ႏိုင္ငံေတာ္ထူေထာင္ေရးအတြက္ တတပ္တအား ပါဝင္ကူညီၾကဖို႔ သြင္သင္ဆုံးမေပးႏိုင္မွာ ျဖစ္ေၾကာင္း ေျပာသြားပါတယ္။
ဒီေဆြးေႏြးပြဲေတြဟာ ျမန္မာႏိုင္ငံရွိ မတူကြဲျပားတဲ့ ကိုးကြယ္ယုံၾကည္မႈေတြအၾကား အျပန္အလွန္ ေလးစားမႈနဲ႔ အျပန္အလွန္နားလည္မႈတို႔ တိုးတက္ျဖစ္ေပၚ လာျခင္းျဖင့္ မိမိတို႔လူ႔အဖြဲ႕အစည္းအတြင္း ၿငိမ္းခ်မ္းေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အားေကာင္းလာေစလိမ့္မယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။
အႀကံျပဳေဆြးေႏြးဝိုင္းကို ဒုသမၼတဦးျမင့္ေဆြနဲ႔ ဦးဟင္နရီဗန္ထီးယူ၊ ျပည္သူ႔ လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ျပည္ေထာင္စုဝန္ႀကီးေတြ၊ အန္စီေအ လက္မွတ္ေရးထိုးထားတဲ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ကိုယ္စားလွယ္ေတြနဲ႔ သံတမန္ေတြ တက္ေရာက္ပါတယ္။
ဒီေဆြးေႏြးဝိုင္းကို ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရးအဖြဲ႕ (ျမန္မာ)က နယူးေယာက္ အေျခစိုက္ ၿငိမ္းခ်မ္းေရးအတြက္ ကိုးကြယ္ရာဘာသာမ်ား Religions for Pace – International (RfP)အဖြဲ႕နဲ႔ပူးေပါင္း စီစဥ္တာျဖစ္ပါတယ္။
Unicode
ဘာသာရေးပဋိပက္ခများကို တားဆီးကာကွယ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေကို တားဆီးကာကွယ်ကြဖို့နဲ့ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသတွေမှာ ဒုက္ခရောက်ရသူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့ရဲ့ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းမှာ တက်ရောက် မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောသွားတာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေကို တားဆီး ကာကွယ်ကြရမှာဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသအတွင်း ဒုက္ခ ရောက်ရသူတွေကို ကာကွယ်စောင့်ရှောက် အကူအညီ ပေးရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို သွက်သွက် လက်လက် ထိထိရောက်ရောက်အကောင်အထည်ဖော် ပေးကြရမှာဖြစ်ကြီး မိမိတို့ ကိုးကွယ်ရာဘာသာကြီးတွေဟာ တဦးနဲ့တဦးအပေါ် ယုံကြည်မှုနဲ့အတူ လက်တွဲ လုပ်ဆောင်ခြင်းနဲ့ မိမိတို့နိုင်ငံတော်ထူထောင်ရေးအတွက် တတပ်တအား ပါဝင်ကူညီကြဖို့ သွင်သင်ဆုံးမပေးနိုင်မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရှိ မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန်နားလည်မှုတို့ တိုးတက်ဖြစ်ပေါ် လာခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေလိမ့်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အကြံပြုဆွေးနွေးဝိုင်းကို ဒုသမ္မတဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ သံတမန်တွေ တက်ရောက်ပါတယ်။
ဒီဆွေးနွေးဝိုင်းကို ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)က နယူးယောက် အခြေစိုက် ငြိမ်းချမ်းရေးအတွက် ကိုးကွယ်ရာဘာသာများ Religions for Pace – International (RfP)အဖွဲ့နဲ့ပူးပေါင်း စီစဉ်တာဖြစ်ပါတယ်။
====================================
END / 251
၁၆ နိုဝင်ဘာ ၂၀၁၉ - ၁၅:၁၁
News ID: 988397
ဘာသာေရးဆိုင္ရာ ပဋိပကၡေတြကို တားဆီးကာကြယ္ၾကဖို႔နဲ႔ ပဋိပကၡ ျဖစ္ပြားရာ နယ္ေျမေဒသေတြမွာ ဒုကၡေရာက္ရသူေတြကို ကာကြယ္ ေစာင့္ေရွာက္ေပးဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က တိုက္တြန္းလိုက္ပါတယ္။