၂၄ နိုဝင်ဘာ ၂၀၁၉ - ၁၁:၁၀
ICJ တြင္ အေရးကိစၥအားလုံး ထိေရာက္စြာ ေျဖရွင္းရန္ ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ ဂမ္ဘီယာက ပုဒ္မရွစ

ICJတြင္ ျမန္မာကို တရားစြဲဆိုမႈအေပၚတုံ႔ျပန္မည့္အေျခအေနကို ႏိုင္ငံ ေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ ေဆြက အစိုးရအဖြဲ႕ထိပ္တန္းတာဝန္ရွိသူမ်ားအား ရွင္းလင္းတင္ျပေနစဥ္

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)တြင္ တရားစြဲဆိုခံရျခင္းႏွင့္ပတ္သက္သည့္ အေရးကိစၥအားလုံးကို ထိေရာက္စြာ  ေျဖရွင္းႏိုင္ေစေရး ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာႏိုင္ငံ၏ ကိုယ္စားလွယ္အျဖစ္ခန႔္အပ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက ယမန္ေန႔တြင္ထုတ္ျပန္သည္။

အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) ၌ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲဆိုထားျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ဦးေဆာင္ကာ ျပန္လည္တုံ႔ျပန္ရန္ စီစဥ္ထားမႈမ်ားကို
ယမန္ ေန႔က သမၼတအိမ္ေတာ္၌ ဝန္ ႀကီးႏွစ္ဦးက ရွင္းလင္းခဲ့သည္။

အဆိုပါရွင္းလင္းပြဲသို႔ ႏိုင္ငံ ေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္၊ ဒုတိယ သမၼတဦးဟင္နရီဗန္ထီးယူ၊ ျပည္ သူ႔လႊတ္ေတာ္ဥကၠ႒၊ အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒၊ တပ္မေတာ္  ကာကြယ္ေရးဦးစီးခ်ဳပ္၊ ႏိုင္ငံ ေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ ရာခုံ႐ုံးဥကၠ႒၊ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ ဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ျပည္ေထာင္စုဝန္ႀကီး မ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊   ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၊ ေန ျပည္ေတာ္ေကာင္စီ ဥကၠ႒ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီး ခ်ဳပ္မ်ား တက္ေရာက္သည္။

အျပည္ျပည္ဆိုင္ရာ တရား ႐ုံးတြင္ ျမန္မာႏိုင္ငံ၏အက်ိဳးစီး ပြား၊ ႏိုင္ငံသားမ်ား၏ အက်ိဳးစီး ပြားအတြက္  ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္က ကိုယ္တိုင္ဦးစီး ေဆာင္႐ြက္မည္ျဖစ္ၿပီး ဂမ္ဘီယာ ၏ တရားစြဲဆိုခ်က္ကို တုံ႔ျပန္ရန္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာမွ ကြၽမ္းက်င္ဥပေဒပညာရွင္ ေရွ႕ေန ႀကီးမ်ားကို ငွားရမ္းထားၿပီးျဖစ္ ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြကရွင္း လင္းသည္။

သာမန္အားျဖင့္ အျပည္ ျပည္ဆိုင္ရာတရား႐ုံးတြင္ ရင္ ဆိုင္ေျဖရွင္းရာ၌ သက္ဆိုင္ရာ ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ကို ကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ ေဆာင္႐ြက္ေလ့မရွိဘဲ ဂမ္ဘီယာ ႏိုင္ငံအေနျဖင့္လည္း ၎တို႔၏  တရားေရးဝန္ႀကီးႏွင့္ ေရွ႕ေနခ်ဳပ္ ကို ကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ ထားေၾကာင္း သမၼတ႐ုံးထုတ္ျပန္ ခ်က္၌ ေဖာ္ျပထားသည္။ ပူးတြဲ ကိုယ္စားလွယ္အျဖစ္  ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီး  ဦးေက်ာ္ တင့္ေဆြက တာဝန္ယူမည္ျဖစ္ သည္။

ICJ တြင္ တရားစြဲခံရပါက တစ္ဖက္အမႈသည္ႏိုင္ငံသည္ တရား႐ုံး၌ သြားေရာက္အမႈရင္ ဆိုင္ျခင္းမရွိလွ်င္ (သို႔မဟုတ္) အ မႈကို ကာကြယ္ေခ်ပျခင္းမရွိလွ်င္ အျခားတစ္ဖက္အမႈသည္ႏိုင္ငံကို အႏိုင္ေပးဆုံးျဖတ္ရန္ တရား႐ုံးသို႔ ေတာင္းဆိုႏိုင္မည္ဟု အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင့္ကလည္းရွင္းျပသည္။

ထို႔အျပင္ဂမ္ဘီယာႏိုင္ငံ၏ ေလွ်ာက္ထားခ်က္မ်ားမွာ ျမန္မာ ႏိုင္ငံ သည္ ပုဒ္မ ၃၊ အပိုဒ္ခြဲ(က) အရ  လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴး လြန္ျခင္း၊ ပုဒ္မ ၃၊ အပိုဒ္ခြဲ(ခ)အရ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ ရန္ လွ်ိဳ႕ဝွက္ႀကံစည္ျခင္း၊ ပုဒ္မ ၃၊ အပိုဒ္ခြဲ(ဂ) အရ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ရန္လႈံ႕ေဆာ္ ျခင္းႏွင့္ စီမံၫႊန္ၾကားျခင္း၊ ပုဒ္မ ၃၊ အပိုဒ္ခြဲ(ဃ) အရ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ရန္ႀကံစည္ ျခင္း၊ ပုဒ္မ ၃၊ အပိုဒ္ခြဲ (င) အား ခ်ိဳးေဖာက္၍ လူမ်ိဳးတုံးသတ္ျဖတ္ မႈအား ပါဝင္က်ဴးလြန္ျခင္း၊ ပုဒ္မ ၁ အရ လူမ်ိဳးတုံးသတ္ျဖတ္မႈအား တားျမစ္ရန္ ပ်က္ကြက္ျခင္း၊ ပုဒ္မ ၁၊ ပုဒ္မ ၄ ႏွင့္ ပုဒ္မ ၆ တို႔အရ လူမ်ိဳးတုံးသတ္ျဖတ္မႈအား အျပစ္ ေပးရန္ ပ်က္ကြက္ျခင္း၊ ပုဒ္မ ၅ အရ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴး လြန္သူမ်ား (သို႔မဟုတ္) ပုဒ္မ ၃ တြင္ ျပ႒ာန္းထားေသာ ျပစ္မႈမ်ား ကို က်ဴးလြန္သူမ်ားအား ထိ ေရာက္သည့္ ျပစ္ဒဏ္ခ်မွတ္ႏိုင္ ရန္ လိုအပ္ေသာ ျပ႒ာန္းထားမႈ မရွိျခင္း တို႔က်ဴးလြန္ခဲ့သည္ဟုစြပ္ စြဲထားသည္။

တပ္မေတာ္ထိပ္ပိုင္းေခါင္း ေဆာင္မ်ား တက္ေရာက္သည့္ အထက္ပါရွင္းလင္းပြဲ၌ တရားစြဲ ဆိုခံရသည့္အျခအေနကို တုံ႔ျပန္ ရာတြင္ တပ္မေတာ္က  မည္သို႔ ပူးေပါင္းပါဝင္မည္ကို ရွင္းလင္း ေျပာၾကားျခင္းမရွိေပ။

‘‘အစိုးရရဲ႕ ၫႊန္ၾကားခ်က္ နဲ႔ပဲ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ရမွာ  ျဖစ္ပါတယ္’’ ဟု တပ္မေတာ္သ တင္းမွန္ျပန္ၾကားေရးအဖြဲ႕ အ တြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းက 7Day Daily သတင္းစာ အား ေျပာသည္။ ICJ တြင္ တရားစြဲဆိုခံရမႈႏွင့္ ပတ္သက္၍  တပ္မေတာ္သည္ အစိုးရႏွင့္ ပူး ေပါင္းေဆာင္႐ြက္မႈရွိၿပီး လိုအပ္ သည့္ အခ်က္အလက္မ်ားရွာေဖြ ေပးျခင္း၊ ပံ့ပိုးေပးျခင္းမ်ား လုပ္ ေဆာင္ေနေၾကာင္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ယခင္ရက္မ်ား အတြင္း ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံသည္ ယခု ႏိုဝင္ဘာအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈစြပ္စြဲခ်က္မ်ားႏွင့္ပတ္ သက္၍ တာဝန္ခံမႈရွိေစေရးအ တြက္ ICJ ၌ တရားစြဲခံရျခင္း၊ လူ႔ အခြင့္အေရးအဖြဲ႕မ်ားက Universal Jurisdiction (ကမာၻ႔ေနရာ တိုင္းတြင္ စုံစမ္းစီရင္ပိုင္ခြင့္)မူ ျဖင့္ အာဂ်င္တီးနားတရား႐ုံး၌ တ ရားစြဲဆိုခံရျခင္းႏွင့္ အျပည္ျပည္ ဆိုင္ရာ ျပစ္မႈဆိုင္ရာတရား႐ုံး (ICC) က ျမန္မာအေပၚ တရား ဝင္ စုံစမ္းစစ္ေဆးခြင့္ျပဳေၾကာင္း  အမိန႔္ခ်မွတ္မႈမ်ား တစ္ဆက္ တည္းျဖစ္ေပၚခဲ့ေၾကာင္း အျပည္ ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္ေရး ဝန္ႀကီးဦးေက်ာ္တင္က  ယမန္ေန႔တြင္ သမၼတအိမ္ေတာ္၌ ရွင္းလင္းသည္။

ICC ႏွင့္ပတ္သက္၍ ျမန္မာ သည္ Rome Statute ၏ အဖြဲ႕ဝင္ ႏိုင္ငံမဟုတ္ျခင္းေၾကာင့္ ျမန္မာ အေပၚ စီရင္ခြင့္အာဏာမရွိ ေၾကာင္းႏွင့္ ICC ကို ျမန္မာက တရားဝင္ ထိေတြ႕ဆက္သြယ္ေျဖ ရွင္းမည္မဟုတ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ICC သည္ ႏိုင္ငံတကာ ျပစ္ မႈက်ဴးလြန္သူကို ပစ္မွတ္ထား ေၾကာင္းႏွင့္ ICJ သည္ လူမ်ိဳးတုံး သတ္ျဖတ္မႈကို ကာကြယ္တားဆီး မႈႏွင့္ အေရးယူေဆာင္႐ြက္မႈမရွိ ျခင္းအတြက္ ႏိုင္ငံေတာ္ (State)ကို အေရးယူမႈ ျပဳလုပ္လာႏိုင္ ေၾကာင္း ဝန္ႀကီးဦးေက်ာ္တင္က ဆိုသည္။

ဂမ္ဘီယာႏိုင္ငံက အျပည္ ျပည္ဆိုင္ရာတရား႐ုံးတြင္ မည္ သည့္စြပ္စြဲခ်က္မ်ားျဖင့္ ျမန္မာ ႏိုင္ငံကို တရားစြဲဆိုသည္ကို ဝန္ ႀကီးဦးေက်ာ္တင့္ေဆြက အေသး စိတ္ရွင္းလင္းသည္။

ဂမ္ဘီယာႏိုင္ငံ၏ စြပ္စြဲ ခ်က္မ်ားမွာ ျမန္မာႏိုင္ငံသည္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာ သည့္ လူမ်ိဳးစုအေပၚတြင္ ဖိႏွိပ္ ဆက္ဆံမႈမ်ားကို ဆယ္စုႏွစ္ ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ျခင္း၊ ထို  လူမ်ိဳးစု၏ တရားဝင္ရပိုင္ခြင့္မ်ား ကိုေပးရန္ ျငင္းဆန္ခဲ့ျခင္း၊ ၎တို႔ အားဆန႔္က်င္သည့္ အမုန္းတရား မ်ားကို ဝါဒျဖန႔္ခဲ့ျခင္း၊ ထိုလူမ်ိဳးစု မ်ားကို အစုအဖြဲ႕တစ္ခုအျဖစ္ ပစ္ မွတ္ထား၍ အစုလိုက္၊ အၿပဳံ လိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား  က်ဴးလြန္ေနျခင္းတို႔ပါဝင္သည္။

ထို႔အျပင္ နယ္ေျမရွင္းလင္း သည့္ စစ္ဆင္ေရးမ်ားကို ၂၀၁၇ ဩဂုတ္ ၂၅ ရက္တြင္ ျပန္လည္ စတင္ၿပီး ထိုလူမ်ိဳးစုအား လူမ်ိဳး တုံးသတ္ျဖတ္မႈႏွင့္ ၿခိမ္းေျခာက္မႈ မ်ား ဆက္လက္ျဖစ္ပြားေနျခင္းတို႔  ပါဝင္သည္။

ထို႔အျပင္ ဂမ္ဘီယာသည္ ICJ အေနျဖင့္ ၾကားျဖတ္စီမံ ေဆာင္႐ြက္ရန္ ေတာင္းဆိုမႈတစ္ ခုကိုလည္း ျပဳလုပ္ထားသည္။ ယင္းေတာင္းဆိုခ်က္တြင္ အျပည္ ျပည္ဆိုင္ရာ လူမ်ိဳးတုံးသတ္ျဖတ္  မႈဥပေဒကို လိုက္နာအေကာင္အ ထည္ေဖာ္ရန္ ျမန္မာႏိုင္ငံမွလို အပ္သည့္ ေဆာင္႐ြက္ရမည့္ကိစၥ  အားလုံးကို အျမန္ဆုံးေဆာင္႐ြက္ ရန္၊ တပ္မေတာ္၊ တပ္မေတာ္ကို  အေထာက္အကူျပဳသည့္ လက္ နက္ကိုင္အဖြဲ႕အစည္း၊ ျပည္သူ႔ စစ္ (သို႔မဟုတ္) အၿမဲတမ္းမဟုတ္ ေသာ လက္နက္ကိုင္အဖြဲ႕အစည္း မ်ားသာမက အျခားေသာ အဖြဲ႕ အစည္းမ်ားႏွင့္ လူပုဂၢိဳလ္မ်ားအ ေနျဖင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား က်ဴးလြန္ျခင္း၊ က်ဴးလြန္ရန္ ႀကံ စည္ျခင္းမ်ားမျပဳလုပ္ရန္ ပါဝင္ သည္။

ေလွ်ာက္ထားခ်က္တြင္ ပါရွိ ေသာ လက္ရွိအျငင္းပြားမႈကို ပိုမို ဆိုး႐ြားေစမည့္ မည္သည့္ေဆာင္ ႐ြက္ခ်က္ကိုမွ် မျပဳလုပ္ရန္၊ ျမန္မာႏွင့္ဂမ္ဘီယာ ႏွစ္ႏိုင္ငံမွ ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္ မ်ားႏွင့္ ပတ္သက္သည့္ ေဆာင္ ႐ြက္ထားရွိမႈ အစီရင္ခံစာကိုၾကား ျဖတ္ စီမံေဆာင္႐ြက္ခ်က္မ်ား စတင္ခ်မွတ္သည့္ေန႔ကစ၍ ေလး လထက္ေနာက္မက်ဘဲ တရား႐ုံး သို႔ တင္ျပရန္တို႔ျဖစ္ေၾကာင္း ဦးေက်ာ္တင့္ေဆြက ရွင္းလင္း သည္။

ျမန္မာႏိုင္ငံသည္ လူမ်ိဳးတုံး သတ္ျဖတ္မႈ ရာဇဝတ္မႈ၊ ကာ ကြယ္ျခင္းႏွင့္ ျပစ္ဒဏ္ခ်မွတ္ျခင္း ဆိုင္ရာ ကြန္ဗင္းရွင္းကို ၁၉၄၉ ဒီဇင္ဘာ ၃၀ ရက္တြင္ ပါဝင္ လက္မွတ္ေရးထိုးခဲ့ၿပီး ၁၉၅၆  မတ္လ ၁၄ ကအသက္ဝင္ခဲ့သည္။

သို႔ေသာ္ ျမန္မာအစိုးရသည္ တာဝန္ခံမႈ (Accountability)ရွိေစေရးအတြက္ လ်စ္လ်ဴရႈမ ထားဘဲ အစိုးရဘက္သာမက တပ္မေတာ္ဘက္လည္း စုံစမ္းစစ္ ေဆးေရးခုံ႐ုံး တည္ေထာင္လုပ္ ေဆာင္ေနသည္ဟု ဝန္ႀကီး ဦးေက်ာ္တင္ကဆိုသည္။ အစိုးရ က ဖြဲ႕စည္းထားေသာ ICOE ၏ ေတြ႕ရွိခ်က္ အစီရင္ခံစာကို ယခု ႏွစ္မကုန္မီ တင္သြင္းမည္ျဖစ္ၿပီး  ယင္းအစီရင္ခံစာအရ သက္ေသ ထင္ရွားေသာ ခ်ိဳးေဖာက္မႈမ်ားရွိ သည္ဆိုပါက ဥပေဒေၾကာင္းအရ  လိုအပ္သည့္ အေရးယူမႈမ်ား ျပဳ လုပ္မည္ဟု ဆိုသည္။

ယင္းေနာက္ ဘဂၤလားေဒ့ရွ္  သည္ ေနရပ္စြန႔္ခြာသူမ်ားအေရး ကို ေျဖရွင္းႏိုင္ေရးအတြက္ ႏွစ္ ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ရမည့္ အစား ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံ ေရး၊ စီးပြားေရးဖိအား ပိုမိုေပးႏိုင္ ေရးအတြက္သာ OIC ႏိုင္ငံမ်ား၏ အင္အားကိုယူ၍ ကုလသမဂၢအ ပါအဝင္ ႏိုင္ငံတကာမ်က္ႏွာစာ ေပါင္းစုံ၌ ခ်ဥ္းကပ္စည္း႐ုံးေန သည္ကို ေတြ႕ျမင္ရေၾကာင္း ဦးေက်ာ္တင္က ဆိုသည္။

ျမန္မာႏိုင္ငံ၏ အေျခအေန ႏွင့္ပတ္သက္၍ လူ႔အခြင့္အေရး ေကာင္စီ၊ အထူးအစီရင္ခံစာတင္ သြင္းသူ၊ ႏိုင္ငံတကာအခ်က္အ လက္ရွာေဖြေရးအဖြဲ႕ (FFM)၊ လြတ္လပ္ေသာ စုံစမ္းစစ္ေဆး ေရးယႏၲရား (IIMM)၊ အတြင္းေရး မႉးခ်ဳပ္၏ အထူးကိုယ္စားလွယ္၊ အေထြေထြညီလာခံ တတိယ ေကာ္မတီႏွင့္ လုံၿခဳံေရးေကာင္စီ  စသည့္ ကုလသမဂၢယႏၲရား ခုနစ္ ခုျဖင့္ ေလ့လာေစာင့္ၾကည့္ေန ေၾကာင္း ထည့္သြင္းရွင္းလင္း သည္။

ကုလသမဂၢယႏၲရားမ်ား အရ ျမန္မာႏိုင္ငံကို အေရးယူႏိုင္ မည့္ အေျခအေနမရွိေသးျခင္း ေၾကာင့္ OIC ႏိုင္ငံမ်ားသည္ အ ျပည္ျပည္ဆိုင္ရာ တရားစီရင္မႈ လမ္းေၾကာင္းမွ ျမန္မာႏိုင္ငံအား  အေရးယူေဆာင္႐ြက္ႏိုင္ေရးနည္း လမ္းကို ႀကိဳးပမ္းလာျခင္းျဖစ္‌ ေၾကာင္း ဝန္ႀကီးဦးေက်ာ္တင္က ေျပာသည္။

Unicode

ICJ တွင် အရေးကိစ္စအားလုံး ထိရောက်စွာ ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်
ဂမ်ဘီယာက ပုဒ်မရှစ်ခုဖြင့် တရားစွဲထား မြန်မာက နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများ ငှားရမ်း

ICJတွင် မြန်မာကို တရားစွဲဆိုမှုအပေါ်တုံ့ပြန်မည့်အခြေအနေကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူများအား ရှင်းလင်းတင်ပြနေစဉ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် တရားစွဲဆိုခံရခြင်းနှင့်ပတ်သက်သည့် အရေးကိစ္စအားလုံးကို ထိရောက်စွာ  ဖြေရှင်းနိုင်စေရေး နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ်ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယမန်နေ့တွင်ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်ကာ ပြန်လည်တုံ့ပြန်ရန် စီစဉ်ထားမှုများကို
ယမန် နေ့က သမ္မတအိမ်တော်၌ ဝန် ကြီးနှစ်ဦးက ရှင်းလင်းခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊   ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေ ပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်များ တက်ရောက်သည်။

အပြည်ပြည်ဆိုင်ရာ တရား ရုံးတွင် မြန်မာနိုင်ငံ၏အကျိုးစီး ပွား၊ နိုင်ငံသားများ၏ အကျိုးစီး ပွားအတွက်  နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ကိုယ်တိုင်ဦးစီး ဆောင်ရွက်မည်ဖြစ်ပြီး ဂမ်ဘီယာ ၏ တရားစွဲဆိုချက်ကို တုံ့ပြန်ရန် မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ကျွမ်းကျင်ဥပဒေပညာရှင် ရှေ့နေ ကြီးများကို ငှားရမ်းထားပြီးဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့် ဆွေကရှင်း လင်းသည်။

သာမန်အားဖြင့် အပြည် ပြည်ဆိုင်ရာတရားရုံးတွင် ရင် ဆိုင်ဖြေရှင်းရာ၌ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ် ဆောင်ရွက်လေ့မရှိဘဲ ဂမ်ဘီယာ နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏  တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ် ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ် ထားကြောင်း သမ္မတရုံးထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ ပူးတွဲ ကိုယ်စားလှယ် အဖြစ်  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး  ဦးကျော် တင့်ဆွေက တာဝန်ယူမည်ဖြစ် သည်။

ICJ တွင် တရားစွဲခံရပါက တစ်ဖက်အမှုသည်နိုင်ငံသည် တရားရုံး၌ သွားရောက်အမှုရင် ဆိုင်ခြင်းမရှိလျှင် (သို့မဟုတ်) အ မှုကို ကာကွယ်ချေပခြင်းမရှိလျှင် အခြားတစ်ဖက် အမှုသည်နိုင်ငံကို အနိုင်ပေးဆုံးဖြတ်ရန် တရားရုံးသို့ တောင်းဆိုနိုင်မည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင့်ကလည်းရှင်းပြသည်။

ထို့အပြင်ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်များမှာ မြန်မာ နိုင်ငံ သည် ပုဒ်မ ၃၊ အပိုဒ်ခွဲ(က) အရ  လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရန်လှုံ့ဆော် ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ(ဃ) အရ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရန်ကြံစည် ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ (င) အား ချိုးဖောက်၍ လူမျိုးတုံးသတ်ဖြတ် မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ ၁ အရ လူမျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၁၊ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ တို့အရ လူမျိုးတုံးသတ်ဖြတ်မှုအား အပြစ် ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၅ အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်သူများ (သို့မဟုတ်) ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသော ပြစ်မှုများ ကို ကျူးလွန်သူများအား ထိ ရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင် ရန် လိုအပ်သော ပြဋ္ဌာန်းထားမှု မရှိခြင်း တို့ကျူးလွန်ခဲ့သည်ဟုစွပ် စွဲထားသည်။

တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များ တက်ရောက်သည့် အထက်ပါရှင်းလင်းပွဲ၌ တရားစွဲ ဆိုခံရသည့်အခြအနေကို တုံ့ပြန် ရာတွင် တပ်မတော်က  မည်သို့ ပူးပေါင်းပါဝင်မည်ကို ရှင်းလင်း ပြောကြားခြင်းမရှိပေ။

‘‘အစိုးရရဲ့ ညွှန်ကြားချက် နဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်ရမှာ  ဖြစ်ပါတယ်’’ ဟု တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက 7Day Daily သတင်းစာ အား ပြောသည်။ ICJ တွင် တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍  တပ်မတော်သည် အစိုးရနှင့် ပူး ပေါင်းဆောင်ရွက်မှုရှိပြီး လိုအပ် သည့် အချက်အလက်များရှာဖွေ ပေးခြင်း၊ ပံ့ပိုးပေးခြင်းများ လုပ် ဆောင်နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခင်ရက်များ အတွင်း ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ယခု နိုဝင်ဘာအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ် သက်၍ တာဝန်ခံမှုရှိစေရေးအ တွက် ICJ ၌ တရားစွဲခံရခြင်း၊ လူ့ အခွင့်အရေးအဖွဲ့များက Universal Jurisdiction (ကမ္ဘာ့နေရာ တိုင်းတွင် စုံစမ်းစီရင်ပိုင်ခွင့်)မူ ဖြင့် အာဂျင်တီးနားတရားရုံး၌ တ ရားစွဲဆိုခံရခြင်းနှင့် အပြည်ပြည် ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) က မြန်မာအပေါ် တရား ဝင် စုံစမ်းစစ်ဆေးခွင့်ပြုကြောင်း  အမိန့်ချမှတ်မှုများ တစ်ဆက် တည်းဖြစ်ပေါ်ခဲ့ကြောင်း အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဝန်ကြီးဦးကျော်တင်က  ယမန်နေ့ တွင် သမ္မတအိမ်တော်၌ ရှင်းလင်းသည်။

ICC နှင့်ပတ်သက်၍ မြန်မာ သည် Rome Statute ၏ အဖွဲ့ဝင် နိုင်ငံမဟုတ်ခြင်းကြောင့် မြန်မာ အပေါ် စီရင်ခွင့်အာဏာမရှိ ကြောင်းနှင့် ICC ကို မြန်မာက တရားဝင် ထိတွေ့ဆက် သွယ်ဖြေ ရှင်းမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ICC သည် နိုင်ငံတကာ ပြစ် မှုကျူးလွန်သူကို ပစ်မှတ်ထား ကြောင်းနှင့် ICJ သည် လူမျိုးတုံး သတ်ဖြတ်မှုကို ကာကွယ်တားဆီး မှုနှင့် အရေးယူဆောင်ရွက်မှုမရှိ ခြင်းအတွက် နိုင်ငံတော် (State)ကို အရေးယူမှု ပြုလုပ်လာနိုင် ကြောင်း ဝန်ကြီးဦးကျော်တင်က ဆိုသည်။

ဂမ်ဘီယာနိုင်ငံက အပြည် ပြည်ဆိုင်ရာတရားရုံးတွင် မည် သည့်စွပ်စွဲချက်များဖြင့် မြန်မာ နိုင်ငံကို တရားစွဲဆိုသည်ကို ဝန် ကြီးဦးကျော်တင့်ဆွေက အသေး စိတ်ရှင်းလင်းသည်။

ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ချက်များမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သည့် လူမျိုးစုအပေါ်တွင် ဖိနှိပ် ဆက်ဆံမှုများကို ဆယ်စုနှစ် ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်း၊ ထို  လူမျိုးစု၏ တရားဝင်ရပိုင်ခွင့်များ ကိုပေးရန် ငြင်းဆန်ခဲ့ခြင်း၊ ၎င်းတို့ အားဆန့်ကျင်သည့် အမုန်းတရား များကို ဝါဒဖြန့်ခဲ့ခြင်း၊ ထိုလူမျိုးစု များကို အစုအဖွဲ့တစ်ခုအဖြစ် ပစ် မှတ်ထား၍ အစုလိုက်၊ အပြုံ လိုက် လူမျိုးတုံးသတ်ဖြတ်မှုများ  ကျူးလွန်နေခြင်းတို့ပါဝင်သည်။

ထို့အပြင် နယ်မြေရှင်းလင်း သည့် စစ်ဆင်ရေးများကို ၂၀၁၇ ဩဂုတ် ၂၅ ရက်တွင် ပြန်လည် စတင်ပြီး ထိုလူမျိုးစုအား လူမျိုး တုံးသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှု များ ဆက်လက် ဖြစ်ပွားနေခြင်းတို့  ပါဝင်သည်။

ထို့အပြင် ဂမ်ဘီယာသည် ICJ အနေဖြင့် ကြားဖြတ်စီမံ ဆောင်ရွက်ရန် တောင်းဆိုမှုတစ် ခုကိုလည်း ပြုလုပ်ထားသည်။ ယင်းတောင်းဆိုချက်တွင် အပြည် ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်  မှုဥပဒေကို လိုက်နာအကောင်အ ထည်ဖော်ရန် မြန်မာနိုင်ငံမှလို အပ်သည့် ဆောင်ရွက်ရမည့်ကိစ္စ  အားလုံးကို အမြန်ဆုံးဆောင်ရွက် ရန်၊ တပ်မတော်၊ တပ်မတော်ကို  အထောက်အကူ ပြုသည့် လက် နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့ စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ် သော လက်နက်ကိုင်အဖွဲ့အစည်း များသာမက အခြားသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များအ နေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံ စည်ခြင်းများမပြုလုပ်ရန် ပါဝင် သည်။

====================================

END / 251