၂၄ နိုဝင်ဘာ ၂၀၁၉ - ၁၁:၂၅
ေရပက္မဝင္သည့္ စည္းလုံးမႈမ်ိဳးထားရွိရန္ ဗိုလ္ခ်ဳပ္မႉးႀကီး တိုက္တြန္း

ျမန္မာႏိုင္ငံသားအားလုံးနဲ႔ တိုင္းရင္းသားေတြအေနနဲ႔ ေရပက္မဝင္တဲ့ စည္းလုံးမႈမ်ိဳးထားရွိဖို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းလိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ျမန္မာႏိုင္ငံသားအားလုံးနဲ႔ တိုင္းရင္းသားေတြအေနနဲ႔ ေရပက္မဝင္တဲ့ စည္းလုံးမႈမ်ိဳးထားရွိဖို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းလိုက္ပါတယ္။

(၉၉) ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔အထိမ္းအမွတ္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ ဓမၼာ႐ုံမွာ  က်င္းပတဲ့ ဗုဒၶဘာသာကလ်ာဏယု အသင္းခ်ဳပ္ (YMBA) ရဲ႕ သက္ႀကီးပူေဇာ္ပြဲနဲ႔ ျမန္မာစာထူးခြၽန္ ဆုေက်ာင္းသားေတြကို ဂုဏ္ျပဳတဲ့ အခမ္းအနားကို ေပးပို႔တဲ့ သဝဏ္လႊာမွာ  တိုက္တြန္း ေျပာၾကားလိုက္တာပါ။

ဒီကေန႔မနက္ က်င္းပတဲ့ အခမ္းအနားမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေပးပို႔တဲ့ အမ်ိဳးသားေအာင္ပြဲေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳသဝဏ္လႊာကို ဖတ္ၾကားခဲ့ပါတယ္။

အဲဒီ သဝဏ္လႊာမွာေတာ့ တေျမတည္းေန တေရတည္းေသာက္၊ တေလွတည္းစီးတဲ့ ျမန္မာႏိုင္ငံသားအားလုံးနဲ႔ တိုင္းရင္းသားေတြအေနနဲ႔ ေရပက္မဝင္တဲ့ စည္းလုံးမႈမ်ိဳး ထားရွိရမွာျဖစ္ၿပီး အမ်ိဳးသားေရးစိတ္ဓာတ္ကို ေစာင့္ထိမ္းထားရွိရမယ္ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။
အခမ္းအနားမွာေတာ့ ျမန္မာစာထူးခြၽန္ေက်ာင္းသားေတြကို ဆုခ်ီးျမႇင့္တာေတြနဲ႔ YMBA အသင္းဝင္ေဟာင္းသက္ႀကီး ဘိုးဘြားအေယာက္ ၈၀ ကို ေငြက်ပ္  ၁၀၀၀၀ စီနဲ႔ လက္ေဆာင္ေတြ ေပးအပ္ခဲ့ပါတယ္။
ဗုဒၶဘာသာကလ်ာဏယုအသင္းခ်ဳပ္ (YMBA)ကို ၁၉၀၆ ခုႏွစ္မွာ စတင္တည္ခဲ့တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့လကမွ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အသင္းရဲ႕ ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယက ႀကီးအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။

Unicode

ရေပက်မဝင်သည့် စည်းလုံးမှုမျိုးထားရှိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

မြန်မာနိုင်ငံသားအားလုံးနဲ့ တိုင်းရင်းသားတွေအနေနဲ့ ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုးထားရှိဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက် ပါတယ်။

(၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရန်ကုန်မြို့ရှိ တပ်မတော် ဓမ္မာရုံမှာ  ကျင်းပတဲ့ ဗုဒ္ဓဘာသာကလျာဏယု အသင်းချုပ် (YMBA) ရဲ့ သက်ကြီးပူဇော်ပွဲနဲ့ မြန်မာစာ ထူးချွန်ဆုကျောင်းသားတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ  တိုက်တွန်း ပြောကြားလိုက်တာပါ။

ဒီကနေ့မနက် ကျင်းပတဲ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အဲဒီ သဝဏ်လွှာမှာတော့ တမြေတည်းနေ တရေတည်းသောက်၊ တလှေတည်းစီးတဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ တိုင်းရင်းသားတွေအနေနဲ့ ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုး ထားရှိရမှာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ကို စောင့်ထိမ်းထားရှိရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခမ်းအနားမှာတော့ မြန်မာစာထူးချွန်ကျောင်းသားတွေကို ဆုချီးမြှင့်တာတွေနဲ့ YMBA အသင်းဝင်ဟောင်းသက်ကြီး ဘိုးဘွားအယောက် ၈၀ ကို ငွေကျပ်  ၁၀၀၀၀ စီနဲ့ လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာကလျာဏယုအသင်းချုပ် (YMBA)ကို ၁၉၀၆ ခုနှစ်မှာ စတင်တည်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့လကမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသင်းရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။


====================================

END / 251