၂၈ နိုဝင်ဘာ ၂၀၁၉ - ၁၈:၄၅
အစ္စလာမ့် ရန်သူများ ၏ ကျမ်းတော် မြတ် ကုရ်အာန် အား မီးရှို့ သည့် လုပ်ရပ် အပေါ် ပါကစ္စတန် နိုင်ငံသားများ မှ ဒေါသ ပေါက်ကွဲ ၍ ဆန္ဒပြ သပိတ

ပါကစ္စတန် နိုင်ငံ ၏ မြို့ ပေါင်းစုံ တွင် နော်ဝေး နိုင်ငံ တွင် အစ္စလာမ့်ရန်သူ များ အစ္စလာမ်မုန်းတီးရေး ဝါဒီများ ၏ ကျမ်းတော်မြတ် ကုရ်အာန် နှင့် အစ္စလာမ် အား စော်ကား မှု အားဆန့်ကျင် သည် ဆန္ဒပြ သပိတ်မှောက် ပွဲ ကြီးများ ဖြစ်ပွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

အရ်နာ သတင်းဌာန ၏ သတင်း အထောက်အထား အရ ပါကစ္စတန် နိုင်ငံ သား ခရစ်ယာန် ဘာသာဝင်များ ၊ ဟိန္ဒို ဘာသာဝင်များ သည် လာဟိုရ်မြို့ ၊ မိုလ်သန် မြို့ ၊အစ္စလာမ် အါဗါဒ် မြို့ နှင်ကရာချီ မြို့တို့တွင် ဆန္ဒပြ သပိတ်မှောက်၍ နော်ဝေး နိုင်ငံ အလံ အား မီး ရှို့ ပျက်စီး ခဲ့ကြ ပါတယ်။

ဆန္ဒပြတောင်းဆိုသူများမှ အနောက်နိုင်ငံများတွင် အစ္စလာမ်မုန်းတီးရေး တိုးပွားလာခြင်းကို တုံ့ပြန့် နိုင်ရန် တောင်းဆိုခဲ့ကြပါတယ်။ ပြီးနောက် ဤကဲ့သို့သော် စော်ကားသည့်လုပ်ရပ်များသည် ကမ္ဘာလုံခြုံရေး နှင့် ကောင်းကင်ကျကျမ်းများကို လက်ခံသည့် ဘာသာဝင်များ အကြား အချစ် မေတ္တာ နှင့်စည်းလုံးမှု အတွက် ကြီးမားသည့် အန္တရာယ် ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါတယ် ။                                                                        

ဤဆန္ဒပြသူများ အနေဖြင့် အစ္စလာမ့် နိုင်ငံများ အား အနောက် နိုင်ငံ များတွင် မွတ်စလင်မ် ဆန့်ကျင်ပြီးစော်ကား သည့် လုပ်ရပ်များကို ယှဉ်ပြိုင်ရန် တောင်းဆို ခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံ ၏ ဝန်ကြီးချုပ် အန်င်မရာန်ခန်း အနေဖြင့်လည်း ပြီးခဲ့သည့် တရက်အလျှင် တွင် နော်ဝေးနိုင်ငံ တွင် ကိုယ်တော်မြတ်မိုဟမ္မဒ် ( صلّی الله علیه وآله) အား စော်ကားမှုကိစ္စ နှင့်ပတ်သက်ပြီး ပြစ်တင် ရှုတ်ချ ခဲ့ ပါတယ်။ပြီးနောက် အစ္စလာမ် မုန်းတီးမှုသည် ကမ္ဘာ လုံခြုံရေး နှင့် ငြိမ်းချမ်းရေး အတွက် ပြင်းထန်သည့် အန္တရာယ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း အစ္စလာမ်အါဗါဒ်မြို့ တွင် နော်ဝေး သံအမတ်အား ခေါ်ယူ၍ နော်ဝေး နိုင်ငံ တွင် အစ္စလာမ်မဟုတ်သည့် အဖွဲ့၏ အစ္စလာမ် ဘာသာ အပေါ် စော်ကားသည့် အပြုအမှုများ နှင့်ပတ်သက်ပြီး ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

===========================

END / 251

 

 

 

 

 

နော်ဝေး နိုင်ငံ တွင် အစ္စလာမ်ရန်သူ အုပ်စု အစ္စလာမ်မုန်းတီး ရေး အုပ်စု ဖြစ်သည့် ဆီရန်အမည်ရှိ အုပ်စု အနေဖြင့် ၂ရက်အလျင်က အစ္စလာမ်သာသနာ ၏ အထွတ်အမြတ် ထားသည့် ကိုယ်တော် မြတ် မိုဟမ္မဒ် ( صلّی الله علیه وآله) အား စော်ကားခဲ့ပြီး ကျမ်းတော်မြတ် ကုရ်အာန် အား မီးရှို့ ပျက်စီးခဲ့ကြပါတယ်။