၁ ဒီဇင်ဘာ ၂၀၁၉ - ၁၂:၁၇
က်ားေဖာင္လုပ္ငန္းမ်ားမွ အလုပ္သမားမ်ား၏ ၈၀ ရာခိုင္ႏႈန္းခန႔္ အေထာက္အထားမျပည့္စုံ စိစစ္ရန္အားနည္းခဲ့ေၾကာင္း ပင္လယ္က်ားပိုက္လုပ္ငန္း

ဖ်ာပုံေဒသမွ ပင္လယ္ငါး ဖမ္းက်ားေဖာင္လုပ္ငန္းမ်ားသို႔ ေရာက္ရွိ လာေသာ အလုပ္သမား မ်ား၏ ၈၀ ရာခိုင္ႏႈန္းခန႔္သည္ အေထာက္ အထားမျပည့္စုံဘဲ ယင္းအခ်က္ကို စိစစ္ရန္အားနည္း ခဲ့ေၾကာင္း ပင္လယ္က်ားပိုက္လုပ္ ငန္းရွင္မ်ားအသင္းဥကၠ႒က ဝန္ခံ ေျပာၾကား သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ဖ်ာပုံေဒသမွ ပင္လယ္ငါး ဖမ္းက်ားေဖာင္လုပ္ငန္းမ်ားသို႔ ေရာက္ရွိလာေသာ အလုပ္သမား မ်ား၏ ၈၀ ရာခိုင္ႏႈန္းခန႔္သည္ အေထာက္အထားမျပည့္စုံဘဲ ယင္းအခ်က္ကို စိစစ္ရန္အားနည္း ခဲ့ေၾကာင္း ပင္လယ္က်ားပိုက္လုပ္ ငန္းရွင္မ်ားအသင္းဥကၠ႒က ဝန္ခံ ေျပာၾကားသည္။

‘‘အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေနာက္ေၾကာင္းကို ဝွက္ၿပီးအမည္ အမ်ိဳးမ်ိဳးေျပာင္း၊ လိပ္စာအမ်ိဳး မ်ိဳးေျပာင္း၊ အဲဒီလိုပုဂၢိဳလ္ေတြ ဝင္ေရာက္လာတယ္။ ဒီလူေတြ ကို စိစစ္တဲ့အခါ လုပ္ငန္းအင္အား ပမာဏမ်ားျပားတဲ့အတြက္ ကြၽန္ ေတာ္တို႔ဘက္က စိစစ္ရန္အနည္း  ငယ္အားနည္းခ်က္ရွိတယ္။ ဒါကို ရဲရဲတင္းတင္း ဝန္ခံပါတယ္’’ ဟု ၎ကေျပာသည္။

ဒဂုံတကၠသိုလ္ေက်ာင္းသား လူကုန္ကူးခံရမႈျဖစ္ရပ္ေပၚေပါက္ လာၿပီးေနာက္ ဖ်ာပုံၿမိဳ႕တြင္ ႏိုဝင္ ဘာ ၃၀ ရက္က ျပဳလုပ္ေသာ ပင္လယ္က်ားပိုက္လုပ္ငန္းရွင္ မ်ားအသင္း၏ သတင္းစာရွင္း လင္းပြဲတြင္ ယင္းအသင္းဥကၠ႒ ဦးသံေခ်ာင္းက ထုတ္ေဖာ္ေျပာ ၾကားျခင္းျဖစ္သည္။

ဖ်ာပုံေဒသ က်ားေဖာင္လုပ္ ငန္းတြင္ တရားဝင္လုပ္သား တစ္ ေသာင္းေက်ာ္ရွိေနၿပီး အလုပ္သ မားလိုအပ္ခ်က္မ်ားျပားေန၍ လူ ပြဲစားမ်ားကို တစ္စိတ္တစ္ပိုင္း အားကိုးေနရသည္ဟု ၎ကဆို သည္။ လူပြဲစားမ်ားက ေခၚလာ သည့္အလုပ္သမားအမ်ားစုတြင္ ဝရမ္းေျပး၊ ရဲဘက္ေျပးႏွင့္ စစ္ ေျပးစသည့္လူမ်ိဳးစုံပါဝင္ေနၿပီး ယင္းျပႆနာမ်ားကို ေျဖရွင္းႏိုင္ ရန္ ဌာနဆိုင္ရာမ်ားႏွင့္အသင္းအ ဖြဲ႕မ်ား စုေပါင္းအေျဖရွာရမည္ဟု သတင္းမီဒီယာမ်ား၏ ေမးျမန္း မႈကို ဦးသံေခ်ာင္းကေျပာသည္။

အဆိုပါသတင္းစာရွင္းလင္း ပြဲသို႔ ငါးလုပ္ငန္းဦးစီးဌာနတာဝန္ ရွိသူမ်ား တက္ေရာက္ျခင္းမရွိ ေပ။ ထို႔အျပင္ ကာယကံရွင္ က်ားေဖာင္လုပ္သားမ်ားကို လည္း ေခၚယူထားျခင္းမရွိေပ။ ငါးလုပ္ငန္းဦးစီးဌာန တာဝန္ရွိသူ မ်ားသည္ ႏိုဝင္ဘာ ၃၀ ရက္တြင္ ပင္လယ္ရွိက်ားေဖာင္မ်ားသို႔ သြားေရာက္စစ္ေဆးေန၍ တက္ ေရာက္ႏိုင္ျခင္းမရွိဟု ပင္လယ္ က်ားပိုက္လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

သတင္းစာရွင္းလင္းပြဲသို႔ လာေရာက္သည့္ ပင္လယ္က်ား ပိုက္လုပ္ငန္းရွင္မ်ားသည္ က်ား ေဖာင္လုပ္သားမ်ားႏွင့္ ပတ္သက္ ေသာ ၎တို႔၏လုပ္ငန္းပိုင္းျပႆ နာမ်ားကို သတင္းမီဒီယာမ်ား အား ရွင္းျပရန္ႀကိဳးစားခဲ့သည္။ က်ားေဖာင္ဦးစီးက ဥပေဒမဲ့ခိုင္း ေစျခင္းရွိသလို လုပ္သားက ျပစ္ မႈက်ဴးလြန္ျခင္းမ်ားလည္းရွိသည္ ဟု ရွင္းျပသည္။

က်ားေဖာင္လုပ္ငန္းမ်ား တြင္ လူကုန္ကူးခံရမႈကို ထိန္းခ်ဳပ္ ေရးႏွင့္လုပ္ငန္းခြင္အတြင္း ညႇဥ္း ပန္းႏွိပ္စက္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ ေရး က်ားေဖာင္လုပ္ငန္းရွင္အသင္း အေနျဖင့္ မည္သို႔ေျဖရွင္းႏိုင္မည္ လဲဟူေသာ အေမးကို ရွင္းရွင္း လင္းလင္း ေျဖၾကားႏိုင္ျခင္းမရွိ ေပ။ လူကုန္ကူးမႈက်ဴးလြန္သူမ်ား သည္ ဥပေဒအတိုင္း အေရးယူခံရ မည္ျဖစ္ၿပီး လုပ္ငန္းခြင္အတြင္း ျပႆနာမ်ားေလ်ာ့ပါးေရးကိုဌာန ဆိုင္ရာမ်ားႏွင့္ ပူးေပါင္း၍ အေျဖ ရွာမည္ဟု ဦးသံေခ်ာင္းကေျဖ သည္။  လက္ရွိတြင္ ဖ်ာပုံေဒသ က်ားေဖာင္လုပ္ငန္းမ်ားအတြင္း အလုပ္ရွင္၊ အလုပ္သမားျပႆ နာႀကီးမားေနၿပီး လုပ္သားမ်ား သည္ ေဖာင္ဦးစီးမ်ား၏႐ိုက္ႏွက္ ခိုင္းေစမႈကို အၿမဲတေစႀကဳံေတြ႕ ေနရသည္ဟု ကာယကံရွင္လုပ္ သားအခ်ိဳ႕က သတင္းမီဒီယာမ်ား ထံ ထုတ္ေဖာ္ေျပာၾကားထား သည္။

ဒဂုံတကၠသိုလ္သမိုင္းဌာန ေနာက္ဆုံးႏွစ္ေက်ာင္းသားကို ျမတ္သူရထြန္းသည္ လူပြဲစားမ်ား ၏ လိမ္ညာစည္း႐ုံးျခင္းခံရကာ ပင္လယ္ျပင္ရွိ က်ားေဖာင္ေပၚ ေရာင္းစားခံရၿပီးေနာက္ ဖ်ာပုံေဒ သ က်ားေဖာင္လုပ္ငန္းခြင္အ တြင္း မသမာမႈမ်ားကို အေရးယူ ေဖာ္ထုတ္ရန္ နယ္ပယ္အသီးသီး က ေတာင္းဆိုေနသည္။ ကိုျမတ္ သူရထြန္းႏွင့္အတူ ငါးဖမ္းစက္ ေလွေပၚေရာင္းစားခံရေသာ အ မ်ိဳးသားႏွစ္ဦးႏွင့္ လူကုန္ကူးခံရသူ တစ္ဦးကို ရဲတပ္ဖြဲ႕က ျပန္လည္ ကယ္ထုတ္ႏိုင္ခဲ့ၿပီး စုစုေပါင္း တရားခံေလးဦးကို ဖမ္းဆီးထား သည္။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔ အခြင့္အေရးေကာ္မရွင္ကလည္း မၾကာမီ ဖ်ာပုံေဒသငါးဖမ္းလုပ္ ငန္းမ်ားသို႔ သြားေရာက္စစ္ေဆး ရန္ စီစဥ္ေနသည္။


Unicode

ကျားဖောင်လုပ်ငန်းများမှ အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းခန့် အထောက်အထားမပြည့်စုံ
စိစစ်ရန်အားနည်းခဲ့ကြောင်း ပင်လယ်ကျားပိုက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဝန်ခံ

ဖျာပုံဒေသမှ ပင်လယ်ငါး ဖမ်းကျားဖောင်လုပ်ငန်းများသို့ ရောက်ရှိလာသော အလုပ်သမား များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အထောက်အထားမပြည့်စုံဘဲ ယင်းအချက်ကို စိစစ်ရန်အားနည်း ခဲ့ကြောင်း ပင်လယ်ကျားပိုက်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌက ဝန်ခံ ပြောကြားသည်။

‘‘အကြောင်းအမျိုးမျိုးနဲ့ နောက်ကြောင်းကို ဝှက်ပြီးအမည် အမျိုးမျိုးပြောင်း၊ လိပ်စာအမျိုး မျိုးပြောင်း၊ အဲဒီလိုပုဂ္ဂိုလ်တွေ ဝင်ရောက်လာတယ်။ ဒီလူတွေ ကို စိစစ်တဲ့အခါ လုပ်ငန်းအင်အား ပမာဏများပြားတဲ့အတွက် ကျွန် တော်တို့ဘက်က စိစစ်ရန်အနည်း  ငယ်အားနည်းချက်ရှိတယ်။ ဒါကို ရဲရဲတင်းတင်း ဝန်ခံပါတယ်’’ ဟု ၎င်းကပြောသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား လူကုန်ကူးခံရမှုဖြစ်ရပ်ပေါ်ပေါက် လာပြီးနောက် ဖျာပုံမြို့တွင် နိုဝင် ဘာ ၃၀ ရက်က ပြုလုပ်သော ပင်လယ်ကျားပိုက်လုပ်ငန်းရှင် များအသင်း၏ သတင်းစာရှင်း လင်းပွဲတွင် ယင်းအသင်းဥက္ကဋ္ဌ ဦးသံချောင်းက ထုတ်ဖော်ပြော ကြားခြင်းဖြစ်သည်။

ဖျာပုံဒေသ ကျားဖောင်လုပ် ငန်းတွင် တရားဝင်လုပ်သား တစ် သောင်းကျော်ရှိနေပြီး အလုပ်သ မားလိုအပ်ချက်များပြားနေ၍ လူ ပွဲစားများကို တစ်စိတ်တစ်ပိုင်း အားကိုးနေရသည်ဟု ၎င်းကဆို သည်။ လူပွဲစားများက ခေါ်လာ သည့်အလုပ်သမားအများစုတွင် ဝရမ်းပြေး၊ ရဲဘက်ပြေးနှင့် စစ် ပြေးစသည့်လူမျိုးစုံပါဝင်နေပြီး ယင်းပြဿနာများကို ဖြေရှင်းနိုင် ရန် ဌာနဆိုင်ရာများနှင့်အသင်းအ ဖွဲ့များ စုပေါင်းအဖြေရှာရမည်ဟု သတင်းမီဒီယာများ၏ မေးမြန်း မှုကို ဦးသံချောင်းကပြောသည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲသို့ ငါးလုပ်ငန်းဦးစီးဌာနတာဝန် ရှိသူများ တက်ရောက်ခြင်းမရှိ ပေ။ ထို့အပြင် ကာယကံရှင် ကျားဖောင်လုပ်သားများကို လည်း ခေါ်ယူထားခြင်းမရှိပေ။ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ များသည် နိုဝင်ဘာ ၃၀ ရက်တွင် ပင်လယ်ရှိကျားဖောင်များသို့ သွားရောက်စစ်ဆေးနေ၍ တက် ရောက်နိုင်ခြင်းမရှိဟု ပင်လယ် ကျားပိုက်လုပ်ငန်းရှင်အချို့က ပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ လာရောက်သည့် ပင်လယ်ကျား ပိုက်လုပ်ငန်းရှင်များသည် ကျား ဖောင်လုပ်သားများနှင့် ပတ်သက် သော ၎င်းတို့၏လုပ်ငန်းပိုင်းပြဿ နာများကို သတင်းမီဒီယာများ အား ရှင်းပြရန်ကြိုးစားခဲ့သည်။ ကျားဖောင်ဦးစီးက ဥပဒေမဲ့ခိုင်း စေခြင်းရှိသလို လုပ်သားက ပြစ် မှုကျူးလွန်ခြင်းများလည်းရှိသည် ဟု ရှင်းပြသည်။

ကျားဖောင်လုပ်ငန်းများ တွင် လူကုန်ကူးခံရမှုကို ထိန်းချုပ် ရေးနှင့်လုပ်ငန်းခွင်အတွင်း ညှဉ်း ပန်းနှိပ်စက်မှုများကို ထိန်းချုပ်နိုင် ရေး ကျားဖောင်လုပ်ငန်းရှင်အသင်း အနေဖြင့် မည်သို့ဖြေရှင်းနိုင်မည် လဲဟူသော အမေးကို ရှင်းရှင်း လင်းလင်း ဖြေကြားနိုင်ခြင်းမရှိ ပေ။ လူကုန်ကူးမှုကျူးလွန်သူများ သည် ဥပဒေအတိုင်း အရေးယူခံရ မည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ပြဿနာများလျော့ပါးရေးကိုဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ အဖြေ ရှာမည်ဟု ဦးသံချောင်းကဖြေ သည်။  လက်ရှိတွင် ဖျာပုံဒေသ ကျားဖောင်လုပ်ငန်းများအတွင်း အလုပ်ရှင်၊ အလုပ်သမားပြဿ နာကြီးမားနေပြီး လုပ်သားများ သည် ဖောင်ဦးစီးများ၏ရိုက်နှက် ခိုင်းစေမှုကို အမြဲတစေကြုံတွေ့ နေရသည်ဟု ကာယကံရှင်လုပ် သားအချို့က သတင်းမီဒီယာများ ထံ ထုတ်ဖော်ပြောကြားထား သည်။

ဒဂုံတက္ကသိုလ်သမိုင်းဌာန နောက်ဆုံးနှစ်ကျောင်းသားကို မြတ်သူရထွန်းသည် လူပွဲစားများ ၏ လိမ်ညာစည်းရုံးခြင်းခံရကာ ပင်လယ်ပြင်ရှိ ကျားဖောင်ပေါ် ရောင်းစားခံရပြီးနောက် ဖျာပုံဒေ သ ကျားဖောင်လုပ်ငန်းခွင်အ တွင်း မသမာမှုများကို အရေးယူ ဖော်ထုတ်ရန် နယ်ပယ်အသီးသီး က တောင်းဆိုနေသည်။ ကိုမြတ် သူရထွန်းနှင့်အတူ ငါးဖမ်းစက် လှေပေါ်ရောင်းစား ခံရသော အ မျိုးသားနှစ်ဦးနှင့် လူကုန်ကူးခံရသူ တစ်ဦးကို ရဲတပ်ဖွဲ့က ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း တရားခံလေးဦးကို ဖမ်းဆီးထား သည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကလည်း မကြာမီ ဖျာပုံဒေသငါးဖမ်းလုပ် ငန်းများသို့ သွားရောက်စစ်ဆေး ရန် စီစဉ်နေသည်။

====================================

END / 251