၄ ဒီဇင်ဘာ ၂၀၁၉ - ၁၃:၁၄
ေရးၿမိဳ႕နယ္အတြင္း ခြင့္ျပဳခ်က္မရွိဘဲေနထိုင္သည့္ ႏိုင္ငံျခားသားမ်ားကို စစ္ေဆးအေရးယူမည္

မြန္ျပည္နယ္၊ ေရးၿမိဳ႕ေပၚမွအပ ၿမိဳ႕နယ္အတြင္းရွိ နယ္ေျမေဒသေတြမွာ ခြင့္ျပဳခ်က္ရယူျခင္း မရွိဘဲ ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြကို စစ္ေဆး အေရးယူသြားဖို႔ ရွိေနပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

မြန္ျပည္နယ္၊ ေရးၿမိဳ႕ေပၚမွအပ ၿမိဳ႕နယ္အတြင္းရွိ နယ္ေျမေဒသေတြမွာ ခြင့္ျပဳခ်က္ရယူျခင္း မရွိဘဲ ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြကို စစ္ေဆးအေရးယူသြားဖို႔ ရွိေနပါတယ္။

ႏိုင္ငံျခားသားမ်ား သြားလာေနထိုင္မႈဆိုင္ရာကိစၥေတြနဲ႔ပတ္သက္လို႔ ေရးၿမိဳ႕နယ္ ႏိုင္ငံ ျခားသားေတြ ဝင္ထြက္သြားလာမႈဆိုင္ရာ ေစာင့္ၾကည့္ေရးေကာ္မတီနဲ႔ ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ စက္႐ုံအလုပ္႐ုံ ပိုင္ရွင္ေတြ၊ စက္႐ုံေတြမွာ ေခၚယူထားတဲ့ ႏိုင္ငံသားျခားသားေတြ၊ စကားျပန္ေတြနဲ႔ ေတြ႕ဆုံ ရွင္းလင္းပြဲကို ဒီဇင္ဘာလ ၃ ရက္ေန႔ မြန္းလြဲပိုင္းက ေရးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အစည္းအေဝးခန္းမမွာ ျပဳလုပ္ခဲ့ၿပီး ေရးၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အမ်ိဳးသားမွတ္ပုံတင္ေရး ဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမႉး ဦးမ်ိဳးခိုင္က အသိေပးေျပာၾကားလိုက္တာပါ။

ေရးၿမိဳ႕နယ္ ၿမိဳ႕ေပၚမွာ ႏိုင္ငံျခားသားမ်ားကိုသြားခြင့္ျပဳၿပီး ၿမိဳ႕ျပင္ထြက္ရွိပါက ခြင့္ျပဳခ်က္ယူရမွာျဖစ္ေၾကာင္း၊ အစိုးရဌာနျဖစ္ပါက သက္ဆိုင္ရာဝန္ႀကီးဌာနမွတဆင့္ NGO. INGO မ်ားျဖစ္မယ္ဆိုပါက အဖြဲ႕အစည္းမ်ားကတဆင့္ ႏိုင္ငံေတာ္သမၼတ႐ုံးထံ ခြင့္ျပဳခ်က္ယူရမယ္လို႔ ဆိုပါတယ္။

ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးေရး လာေရာက္ေဆာင္႐ြက္မယ္ဆိုပါက မြန္ျပည္နယ္အစိုးရ အဖြဲ႕ရဲ႕ သေဘာထားမွတ္ခ်က္ရယူရမယ္လို႔ သိရပါတယ္။

ေရးၿမိဳ႕နယ္လူမႈအက်ိဳးေဆာင္အဖြဲ႕အတြင္းေရးမႉး ဦးေအာင္ႏိုင္ဝင္းက “ေဒသဖြံ႕ၿဖိဳးေရး အတြက္ စက္႐ုံအလုပ္႐ုံေတြ ဖြင့္လွစ္လာတာႀကိဳဆိုပါတယ္။ ဒါေပမယ့္ ေဒသခံေတြ အလုပ္အကိုင္ ရရွိေရး၊ ေဒသထြက္ကုန္ေတြအတြက္ ေစ်းႏႈန္းမွန္ရရွိေရးတို႔အတြက္ ေနထိုင္မႈအေပၚ ပြင့္လင္း ျမင္သာမႈနဲ႔ ေသေသခ်ာခ်ာၾကပ္မတ္ေပးဖို႔ေတာ့ လိုပါမယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ေရးၿမိဳ႕နယ္အတြင္း စက္႐ုံအလုပ္႐ုံေတြမွာ ႏိုင္ငံျခားသားမ်ားလာေရာက္ေနထိုင္မႈမ်ားရွိေနၿပီး တ႐ုတ္လူမ်ိဳးမ်ား အဓိက လာေရာက္ေနထိုင္ၾကကာ ဝဥ၊ အေအးခန္းနဲ႔ ေရာ္ဘာစက္႐ုံ စုစုေပါင္း ၁၁ ႐ုံမွာ တ႐ုတ္ႏိုင္ငံသား ၂၇ ဦး၊ ဗီယက္နမ္ႏိုင္ငံသား ၁၄ ဦး၊ ဂ်ပန္ႏိုင္ငံသား ၁ ဦး လာေရာက္ေနထိုင္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕က စည္းကမ္းပိုင္းဆိုင္ရာ ခ်ိဳးေဖာက္မႈေတြရွိေနၿပီး စစ္ေဆးအေရးယူ သြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

မြန္ျပည္နယ္အတြင္း က်ိဳက္ထို၊ ေပါင္၊ ေမာ္လၿမိဳင္၊ ေခ်ာင္းဆုံနဲ႔ မုဒုံၿမိဳ႕နယ္တို႔အတြင္း ႏိုင္ငံျခားသားမ်ားကို သြားလာခြင့္ျပဳထားၿပီး ေရးၿမိဳ႕နယ္အပါအဝင္ ဘီးလင္းနဲ႔ သထုံၿမိဳ႕နယ္ေတြမွာ ၿမိဳ႕ေပၚခြင့္ျပဳ ေပးထားကာ ၿမိဳ႕ျပင္ထြက္ရင္ေတာ့ ခြင့္ျပဳခ်က္ရယူရမွာျဖစ္ၿပီး က်ိဳက္မေရာၿမိဳ႕နယ္နဲ႔ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔မွာေတာ့ ခြင့္ျပဳခ်က္ရယူၿပီးမွသာ ေနထိုင္ဖို႔ သတ္မွတ္ထားတာပါ။

ၿပီးခဲ့တဲ့ႏွစ္ မတ္လက ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕၊ ဒုံဖီစံျပေက်း႐ြာမွာ ကြမ္းသီးႏုေတြ လာေရာက္ဝယ္ယူေနတဲ့ တ႐ုတ္ႏိုင္ငံသား ၄ ဦးကို ခြင့္ျပဳခ်က္ရယူျခင္းမရွိဘဲ ေနထိုင္ခဲ့တာေၾကာင့္ လဝကဥပေဒနဲ႔ တရားစြဲအေရးယူခဲ့ပါတယ္။

Unicode

ရေးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲနေထိုင်သည့် နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်

မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှအပ မြို့နယ်အတွင်းရှိ နယ်မြေဒေသတွေမှာ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးအရေးယူသွားဖို့ ရှိနေပါတယ်။

နိုင်ငံခြားသားများ သွားလာနေထိုင်မှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ ရေးမြို့နယ် နိုင်ငံ ခြားသားတွေ ဝင်ထွက်သွားလာမှုဆိုင်ရာ စောင့်ကြည့်ရေးကော်မတီနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေ၊ စက်ရုံတွေမှာ ခေါ်ယူထားတဲ့ နိုင်ငံသားခြားသားတွေ၊ စကားပြန်တွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပြီး ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က အသိပေးပြောကြားလိုက်တာပါ။

ရေးမြို့နယ် မြို့ပေါ်မှာ နိုင်ငံခြားသားများကိုသွားခွင့်ပြုပြီး မြို့ပြင်ထွက်ရှိပါက ခွင့်ပြုချက်ယူရမှာဖြစ်ကြောင်း၊ အစိုးရဌာနဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် NGO. INGO များဖြစ်မယ်ဆိုပါ က အဖွဲ့အစည်းများကတဆင့် နိုင်ငံတော်သမ္မတရုံးထံ ခွင့်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လာရောက်ဆောင်ရွက်မယ်ဆိုပါက မွန်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယူရမယ်လို့ သိရပါတယ်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ဒေသဖွံ့ဖြိုးရေး အတွက် စက်ရုံအလုပ်ရုံတွေ ဖွင့်လှစ်လာတာကြိုဆိုပါတယ်။ ဒါပေမယ့် ဒေသခံတွေ အလုပ်အကိုင် ရရှိ ရေး၊ ဒေသထွက်ကုန်တွေအတွက် စျေးနှုန်းမှန်ရရှိရေးတို့အတွက် နေထိုင်မှုအပေါ် ပွင့်လင်း မြင်သာမှုနဲ့ သေသေချာချာကြပ်မတ်ပေးဖို့တော့ လိုပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်အတွင်း စက်ရုံအလုပ်ရုံတွေမှာ နိုင်ငံခြားသားများလာရောက်နေထိုင်မှုများရှိနေပြီး တရုတ်လူမျိုးများ အဓိက လာရောက်နေထိုင်ကြကာ ဝဥ၊ အအေးခန်းနဲ့ ရော်ဘာစက်ရုံ စုစုပေါင်း ၁၁ ရုံမှာ တရုတ်နိုင်ငံသား ၂၇ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး လာရောက်နေထိုင်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသားအချို့က စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေရှိနေပြီး စစ်ဆေးအရေးယူ သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့အတွင်း နိုင်ငံခြားသားများကို သွားလာခွင့်ပြုထားပြီး ရေးမြို့နယ်အပါအဝင် ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာ မြို့ပေါ်ခွင့်ပြု ပေးထားကာ မြို့ပြင်ထွက်ရင်တော့ ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး ကျိုက်မရောမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာတော့ ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်ဖို့ သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့နှစ် မတ်လက ရေးမြို့နယ်၊ လမိုင်းမြို့၊ ဒုံဖီစံပြကျေးရွာမှာ ကွမ်းသီးနုတွေ လာရောက်ဝယ်ယူနေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေထိုင်ခဲ့တာကြောင့် လဝက ဥပဒေနဲ့ တရားစွဲအရေးယူခဲ့ပါတယ်။

====================================

END / 251