၁၁ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၁၅
တက္ကသိုလ် စနစ်ဖြင့် ရှိက်္ခသူစီ နှင့် အာခွန်ဒေ ခိုရာစာနီ ကဲ့သို့ အကျော်အမော် ဓမ္မသတ်ပါရဂူများ ထွန်းကားနိုင်မည် မဟုတ်ချေ

အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်ဒ် မူစာ ရှိုဘိုင်ရီ ဇန်ဂျာနီ အနေဖြင့် ဟောင်ဇေအေလ်မီးယေ ၏ တာဝန်ခံ (ကျောင်းအုပ်ဆရာတော်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အာရာဖီ နှင့်တွေ့ဆုံ စကားဆိုစဉ် တက္ကသိုလ် စနစ်ဖြင့် ရှိက်္ခသူစီ နှင့် အာခွန်ဒေ ခိုရာစာနီ ကဲ့သို့ အကျော်အမော် ဓမ္မသတ်ပါရဂူများ ထွန်းကားနိုင်မည် မဟုတ်ကြောင်း ၊ ဘွဲ့ နှင့် ဒီဂရီ ရဖို့ အတွက်သာ စာဖတ်သူသည့် (စစ်မှန်သည့် ) မောင်လာနာ မဖြစ်နိုင်ကြောင်း နှင့် စားဝတ်နေရေး ငွေကြေး အခက်အခဲကြောင့် အရည်အချင်း ရှိ အရည်အသွေး ရှိ မောင်လာနာလောင်းများ (သာသနာ့ကျောင်းသားများ ) ဟောင်ဇေအေလ်မီးယေ မှ စွန့် ခွာ သွားခြင်းသည် ကြီးမားသည့် ဆုံး ရှုံးမှု တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

ရစာ သတင်းဌာန၏ သတင်း အထောက်အထားများအရ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ သာသနာ့ရွှေမြို့ တော် ကွမ်းမြို့ နေ မရ်ဂျာယေသက္က်လီးဒ်တော်များ မှ တစ်ပါး ဖြစ်သည့် အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်ဒ် ရှိုဘိုင်ရီ ဇန်ဂျာနီ အနေဖြင့် ဟောင်ဇေအေလ်မီးယေ ၏ တာဝန်ခံ (ကျောင်းအုပ်ဆရာတော်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အာရာဖီ နှင့်တွေ့ဆုံ စကားဆိုစဉ် ဟောင်ဇေအေလ်မီးယေ ၏ငွေရေးကြေးရေးအခြေအနေသည့် ကိုယ်ထူ ကိုယ်ထ အခြေအနေဖြစ်ဖို့ အစိုးရ ဘဏ္ဍာငွေကို အားမကိုးဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ် ။ ဟောင်ဇေအေလ်မီးယေ ၏ လက်သည် အခြားသူများ ၏ ရှေ့ ဝယ် လက်မ ဖြန့် သင့်ကြောင်း ကို လည်း ပြောကြားခဲ့ပါတယ် ။

အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်ဒ် မူစာ ရှိုဘိုင်ရီ ဇန်ဂျာနီ အနေဖြင့် အသိပေး ပြောကြား သည်မှာ - ဟောင်ဇေအေလ်မီးယေ ကိုယ်ပိုင် ကိုယ်ထူ ကိုယ်ထ စီးပွားရေး အတွက် ကြိုးပမ်း နေသည် မှာ အလွန် ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အနေဖြင့် ဆက်လက်ပြီး ဟောင်ဇေအေလ်မီးယေ အတွက် ဘွဲ့လက်မှတ် ဒီဂရီ အတွက် အလေ့အထအဖြစ် ဓလေ့ တစ်ခု ဖြစ်လာမှု အပေါ် ပြင်းပြင်းထန်ထန်ဝေဖန် ပြောကြားခဲ့ပါတယ်။ သာသနာ့ ပညာရပ်ကို အလ္လာဟ် ဟို အရှင်မြတ် နှင့် အာခေရသ် အတွက် သင်ယူရမည် ဖြစ်ကြောင်း ၊ သာသနာ့ပညာ ကိုယ်တိုင် သည် အဖိုးတန် အရာ တစ်ခု ဖြစ်ကြောင်း ဘွဲ့ နှင့် ဒီဂရီ ရဖို့ အတွက်သာ စာဖတ်သူသည့် (စစ်မှန်သည့် ) မောင်လာနာ မဖြစ်နိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်အလ်အွဇ်မာဆရက်ဒ် မူစာ ရှိုဘိုင်ရီ ဇန်ဂျာနီ အနေဖြင့်ဆက်လက်ပြီး သာသနာ့ ပညာရပ်ကို အခေရသ် (လောကုတ္တရာ) အတွက် သင်ယူရမည်ဖြစ်ကြောင်း ၊ မရ်ဟွန်မ် အာဂါယေ မွတ်ဂ်ျသဟေဒီ သဗ်ရေဇီ အနေဖြင့် ကျနော်စာစသင်ခဲ့သည့် အချိန် တွင်ကျောင်းသားတွေ တက္ကသိုလ်မှာ ဘွဲ့ရဖို့ ဒီဂရီ ရဖို့ ကျောင်းတက် ကြတယ် ။အသင်အနေဖြင့် ပညာဆည်းပူးမှုသည် အရေးကြီးသည့် အတွက် ကြောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် ဝမ်းနည်းလေစွ ၊ ယနေ့ခေတ်တွင် သာသနာ့ကျောင်းသားများ ၏ အသိုင်းအဝိုင်း အတွင်း တက္ကသိုလ် စနစ်များ ဖြစ်လာကြောင်း တက္ကသိုလ် စနစ်ဖြင့် ရှိက်္ခသူစီ နှင့် အာခွန်ဒေ ခိုရာစာနီ ကဲ့သို့ အကျော်အမော် ဓမ္မသတ်ပါရဂူများ ထွန်းကားနိုင်မည် မဟုတ်ကြောင်း အခု သာသနာ့ ကျောင်း သားများ အနေဖြင့် ပိုမို၍ အားသွန်ခွန်စိုက်မှု ပြုပြီး အတိတ်က သာသနာ့ ပညာရှင်ကြီးများ ကဲ့သို့ သာသနာ့ ပညာရပ်များကို ဆည်းပူး သင်ယူရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီးမှ ဆက်လက်ပြီး ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက် ပညာတတ် ၊ သီလ သမာဓိရှိသူ ၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တ ကောင်းသည့် အိုလမာ လိုအပ်ကြောင်း ၊ လက်ရှိ ခေတ် ကာလ တွင် သာသနာ့ကျောင်းသားများ (မောင်လာနာလောင်းများ) သည် ကိုယ်ကျင့်တရား အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး အခက်အခဲ များ ရှိနေကြောင်း ၊ဤအတွက်ကြောင့် လောက၏ ရောင်စုံ များတွင် ရောထွေး သွားကြောင်း (လောကီသားတွေ ဖြစ်သွားကြောင်း) ၊အတိတ်က သာသနာကျောင်းသားများ နှင့်အိုလမာ အများစု သည် ကိုယ်ကျင့်တရား အကျင့်စာရိတကောင်းမှု ကို ဦးစားပေးခဲ့ ကြကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဝမ်းနည်းစရာမှာ ဟောင်ဇေအေလ်မီးယေ တွင် တပည့်ကောင်းများမွေးထုတ်သည့် ဓလေ့ ကုန်ဆုံး သွားပြီးဟုလည်း ပြောကြားခဲ့ပါတယ်။ မီးရ်ဇာ ရှီရာဇီး နှင့် မရ်ဟွန်မ် အာခွန်ဒေ ခိုရာစာနီတို့ ၏ ခေတ် တွင် ကိုယ်ကျင့်တရား ၊စာရိတ္တကောင်း နှင့် ပတ်သက်ပြီး အကျော်အမော် ဆရာတော်ကြီး လေးပါး ထွန်းကားခဲ့ပါတယ်။ အာခွန်မွတ်လာ ဖသ်အလီ စိုလ်တန် အါဗါဒီ ၊ အာခွန် မွတ်လာ ဟိုစိန်ကလီ ဟန်မ်ဒါနီ ၊ဟာဂ်ျ ရှိက်္ခ အီစမာအီးလ် ကရေဟ်ဗါဂီး နှင့် ဟာဂ်ျ ဆရက်ဒ် မိုရ်တစာ ကတ်ရှ်မီးရီး တို့ ဖြစ်ကြကြောင်း ၊ သို့သော် ယခုခေတ်မှာ ဝမ်းနည်းစဖွယ် ၊ဤကဲ့သို့သော် ပိုဂ္ဂိုလ်ထူးများ မရှိတော့ကြောင်း ခေတ်အခြေအနေအရ ဤကဲ့သို့ ပိုဂ္ဂိုလ်ထူးများ ထွန်းကားဖို့ သွန်သင်မှု မရှိကြောင်း၊ သို့သော် မျှောင်လင့်ချက် မကင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

=====================================

END / 251