၁၅ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၂၃
တိုင္းအစိုးရက ေရာင္းခ်သည့္ ေျမကြက္ဝယ္ယူခြင့္ရရွိသူစာရင္း လာမည့္ႏွစ္ဆန္းမွသာ ေၾကညာႏိုင္မည္ဟုဆို

ရန္ကုန္တိုင္းေဒသႀကီး အစိုးရ ေရာင္းခ်သည့္ ေျမကြက္ဝယ္ယူ ခြင့္ ရရွိသူစာရင္းကို ၂၀၂၀ ႏွစ္ဆန္းမွသာ ေၾကညာႏိုင္မည္ဟု ယင္းအစိုးရအဖြဲ႕႐ုံးမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ရန္ကုန္တိုင္းေဒသႀကီး အစိုးရ ေရာင္းခ်သည့္ ေျမကြက္ဝယ္ယူခြင့္ ရရွိသူစာရင္းကို ၂၀၂၀ ႏွစ္ဆန္းမွသာ ေၾကညာႏိုင္မည္ဟု ယင္းအစိုးရအဖြဲ႕႐ုံးမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

တိုင္းအစိုးရက စီမံခြင့္ရွိသည့္ ေျမကြက္ ၅၀၀ ကို ဝယ္ယူလိုသူမ်ားအတြက္ ေအာက္တိုဘာ ၇ ရက္မွ ႏိုဝင္ဘာ ၈ ရက္အတြင္းေလွ်ာက္လႊာ တင္သြင္းခြင့္ျပဳခဲ့ သည္။

အဆိုပါကာလအတြင္း ေျမဝယ္ယူခြင့္ ေလွ်ာက္ထားသူ တစ္ ေထာင္ေက်ာ္ရွိခဲ့ၿပီး ၎တို႔၏ အဆိုျပဳခ်က္မ်ားကို စိစစ္ျခင္းလုပ္ငန္း မၿပီးျပတ္ေသး၍ ထုတ္ျပန္ေၾကညာမႈ မျပဳ လုပ္ႏိုင္ေသး ေၾကာင္း အထက္ပါတာဝန္ရွိသူ က ဆိုသည္။

‘‘အခ်ိန္ယူစိစစ္ရတဲ့ လုပ္ငန္းျဖစ္ေနလို႔ နည္းနည္းေလး ၾကာသြားတာပါ’’ဟု ၎ကေျပာ သည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရသည္ ပထမအဆင့္အျဖစ္ အဆိုပါ ေျမကြက္ ၅၀၀ စတင္ေရာင္းခ်ရန္ စီစဥ္ျခင္းျဖစ္ကာ ထပ္မံ၍ ေျမကြက္ေရာင္းခ်ျခင္း စီမံခ်က္မ်ား ျပဳလုပ္ရန္ ရွိသည္ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာ သည္။

ယခုေရာင္းခ်ရန္ ေလွ်ာက္လႊာေခၚယူထားသည့္ ေျမကြက္မ်ားတြင္ စက္႐ုံေဆာက္လုပ္ႏိုင္ မည့္ ေျမကြက္အက်ယ္မ်ားအျပင္ လူေနထိုင္ႏိုင္မည့္ ေျမကြက္အ ေသးမ်ားလည္း ပါ ဝင္သည္။

ယင္းေျမကြက္မ်ား ေရာင္းခ်မည့္ ေဈးႏႈန္းကို ထုတ္ျပန္ေၾကညာထားျခင္းမရွိဘဲ ဝယ္ယူလိုသူ က ေဈးႏႈန္းအဆိုျပဳရန္ သတ္မွတ္ ေပးထားသည္။

Unicode

တိုင်းအစိုးရက ရောင်းချသည့် မြေကွက်ဝယ်ယူခွင့်ရရှိသူစာရင်း လာမည့်နှစ်ဆန်းမှသာ ကြေညာနိုင်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရောင်းချသည့် မြေကွက်ဝယ်ယူခွင့် ရရှိသူစာရင်းကို ၂၀၂၀ နှစ်ဆန်းမှသာ ကြေညာနိုင်မည်ဟု ယင်းအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်းအစိုးရက စီမံခွင့်ရှိသည့် မြေကွက် ၅၀၀ ကို ဝယ်ယူလိုသူများအတွက် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်းလျှောက်လွှာ တင်သွင်းခွင့်ပြုခဲ့ သည်။

အဆိုပါကာလအတွင်း မြေဝယ်ယူခွင့် လျှောက်ထားသူ တစ် ထောင်ကျော်ရှိခဲ့ပြီး ၎င်းတို့၏ အဆိုပြုချက်များကို စိစစ်ခြင်းလုပ်ငန်း မပြီးပြတ်သေး၍ ထုတ်ပြန်ကြေ ညာမှု မပြုလုပ်နိုင်သေး ကြောင်း အထက်ပါတာဝန်ရှိသူ က ဆိုသည်။

‘‘အချိန်ယူစိစစ်ရတဲ့ လုပ်ငန်းဖြစ်နေလို့ နည်းနည်းလေး ကြာသွားတာပါ’’ဟု ၎င်းကပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပထမအဆင့်အဖြစ် အဆိုပါ မြေကွက် ၅၀၀ စတင်ရောင်းချရန် စီစဉ်ခြင်းဖြစ်ကာ ထပ်မံ၍ မြေကွက်ရောင်းချခြင်း စီမံချက်များ ပြု လုပ်ရန်ရှိသည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

ယခုရောင်းချရန် လျှောက်လွှာခေါ်ယူထားသည့် မြေကွက်များတွင် စက်ရုံဆောက်လုပ်နိုင် မည့် မြေကွက်အကျယ်များအပြင် လူနေထိုင်နိုင်မည့် မြေကွက်အ သေးများ လည်း ပါဝင်သည်။

ယင်းမြေကွက်များ ရောင်းချမည့် ဈေးနှုန်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိဘဲ ဝယ်ယူလိုသူ က ဈေးနှုန်းအဆိုပြုရန် သတ်မှတ် ပေးထားသည်။

====================================

END / 251