အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ မဲလ္ဖို႔ဒ္ၿမိဳ႕၊ ျမဴ ရ္ (Muir) အလယ္တန္းေက်ာင္းရဲ႕ သူရဲေကာင္းခန္းမ Hall of Heroes မွာ ခ်ိတ္ဆြဲထားတဲ့ ႏိုင္ငံ ေတာ္တိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ပန္းခ်ီကားခ်ပ္ကို ဖယ္ရွားလိုက္တယ္ လို႔ ေလာ့စ္အိန္ဂ်ယ္လစ္တိုင္းမ္စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။
သူရဲေကာင္းခန္းမမွာ ကမာၻတဝွမ္းက ထင္ရွားတဲ့ အိုင္စတိုင္း၊ ေဒါက္တာ မာတင္လူသာကင္း၊ အေမရိကန္သမၼတ ႐ုစဗက္ရဲ႕ကေတာ္ အဲလိန္ေနာ ႐ုစဗက္ တို႔ပါဝင္ၿပီးေတာ့၊ နယ္ပယ္စုံက ထင္ရွားေက်ာ္ၾကားသူ အားလုံးေပါင္း ၁၅ ဦးရဲ႕ ပန္းခ်ီေတြကို ခ်ိတ္ဆြဲျပသထားတာပါ။
ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္အျဖစ္ အဲဒီခန္းမမွာ ျပသထားတာ ျဖစ္ပါတယ္။
နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ The Hague ၿမိဳ႕က ႏိုင္ငံတကာတရား႐ုံး ICJ မွာ တရားစြဲဆိုထားတာကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေလွ်ာက္လဲခ်က္ေပးေနတဲ့ အပတ္အတြင္းမွာပဲ အခုလိုဖယ္ရွားလိုက္တာလို႔ ေက်ာင္းအုပ္ႀကီးက ေျဖၾကားထားပါတယ္။
ေက်ာင္းအုပ္ႀကီးက သူရဲေကာင္းခန္းမမွာ ခ်ိတ္ဆြဲထားတဲ့ ပန္းႀကီးကားခ်ပ္ႀကီးထဲက ပုဂၢိဳလ္ေတြကို ေက်ာင္းသားေတြ ေလးစားအားက်တဲ့ စံျပပုဂၢိဳလ္ေတြအျဖစ္ ရည္႐ြယ္ျပသ ထားတာ ျဖစ္တယ္လို႔ဆိုပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီဇင္ဘာ ၁၁-၁၂ ရက္ေတြမွာ ICJ တရားသူႀကီးေတြကို ျမန္မာဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ မက်ဴးလြန္ဘူး၊ ဒါေၾကာင့္ ဂမ္ဘီယာႏိုင္ငံက ေတာင္း ဆိုတဲ့ provisional measures ၾကားျဖတ္အစီမံတစ္ခုကို မခ်မွတ္ဖို႔တင္ျပခဲ့သလို၊ ICJ အမႈကေန ပယ္ဖ်က္ေပးဖို႔လည္း ေတာင္းဆိုခဲ့ပါေသးတယ္။
၂၀၁၇ တုန္းက တပ္မေတာ္ရဲ႕ ရွင္းလင္းေရး စစ္ဆင္ေရးေၾကာင့္ ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ ခုႏွစ္သိန္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ၾကရပါတယ္။ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ FFM က အဲဒီစစ္ဆင္ေရးကို လူမ်ိဳးတုံးသတ္ျဖတ္မႈလို႔ သတ္မွတ္ထားပါတယ္။
ICJ မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေလွ်ာက္လဲခ်က္ေတြကို သုံးသပ္ၿပီးေနာက္ ၿဗိတိန္ႏိုင္ငံက အီဒင္ဘာ့ဂ္ ေတာ္ဝင္ခြဲစိတ္သမားေတာ္မ်ားေကာလိပ္က ခ်ီးျမႇင့္ထားတဲ့ RCSEd ဂုဏ္ထူးေဆာင္ဆုကိုလည္း ျပန္လည္႐ုတ္သိမ္းဖြယ္ ရွိတယ္လို႔လည္း The Sunday Post က ဒီကေန႔ ေရးသားေဖာ္ျပထားပါတယ္။
အဲဒီဆုကို ၂၀၁၅ ခုႏွစ္က ေပးအပ္ခဲ့တာျဖစ္ၿပီး၊ ကမာၻ႔ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္အေရးမွာ ႐ြပ္႐ြပ္ခြၽံခြၽံ စြမ္းေဆာင္ခဲ့တာကို အသိအမွတ္ျပဳ ခ်ီးျမႇင့္တာျဖစ္ေၾကာင္း ေဖာ္ျပ ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကလည္း အီဒင္ဘာ့ဂ္၊ ဂလပ္စဂိုနဲ႔ ဒန္ဒီၿမိဳ႕ေတြက ေဒၚေအာင္ဆန္းစုၾကည္ ခ်ီးျမႇင့္ခဲ့တဲ့ဆုေတြ ျပန္လည္႐ုပ္သိမ္းခဲ့ၾကပါတယ္။
ဒီအတြင္း ERC ေခၚ ဥေရာပ ႐ိုဟင္ဂ်ာေကာင္စီကလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းကလူနည္းစု ႐ိုဟင္ဂ်ာေတြအေပၚ စစ္တပ္က က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြကို ကာကြယ္ ခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
Unicode
သူရဲကောင်းခန်းမက ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ဖယ်ရှားခံရ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော် တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ် လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
သူရဲကောင်းခန်းမမှာ ကမ္ဘာတဝှမ်းက ထင်ရှားတဲ့ အိုင်စတိုင်း၊ ဒေါက်တာ မာတင်လူသာကင်း၊ အမေရိကန်သမ္မတ ရုစဗက်ရဲ့ကတော် အဲလိန်နော ရုစဗက် တို့ပါဝင်ပြီးတော့၊ နယ်ပယ်စုံက ထင်ရှားကျော်ကြားသူ အားလုံးပေါင်း ၁၅ ဦးရဲ့ ပန်းချီတွေကို ချိတ်ဆွဲပြသထားတာပါ။
မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အဲဒီခန်းမမှာ ပြသထားတာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့က နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲချက်ပေးနေတဲ့ အပတ်အတွင်းမှာပဲ အခုလိုဖယ်ရှားလိုက်တာလို့ ကျောင်းအုပ်ကြီးက ဖြေကြားထားပါတယ်။
ကျောင်းအုပ်ကြီးက သူရဲကောင်းခန်းမမှာ ချိတ်ဆွဲထားတဲ့ ပန်းကြီးကားချပ်ကြီးထဲက ပုဂ္ဂိုလ်တွေကို ကျောင်းသားတွေ လေးစားအားကျတဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် ရည် ရွယ်ပြသထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၁-၁၂ ရက်တွေမှာ ICJ တရားသူကြီးတွေကို မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဘူး၊ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ provisional measures ကြားဖြတ်အစီမံတစ်ခုကို မချမှတ်ဖို့တင်ပြခဲ့သလို၊ ICJ အမှုကနေ ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
၂၀၁၇ တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အဲဒီစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။
ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်တွေကို သုံးသပ်ပြီးနောက် ဗြိတိန်နိုင်ငံက အီဒင်ဘာ့ဂ် တော်ဝင်ခွဲစိတ်သမားတော်များကောလိပ်က ချီးမြှင့်ထားတဲ့ RCSEd ဂုဏ်ထူးဆောင်ဆုကိုလည်း ပြန်လည်ရုတ်သိမ်းဖွယ် ရှိတယ်လို့လည်း The Sunday Post က ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။
အဲဒီဆုကို ၂၀၁၅ ခုနှစ်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အရေးမှာ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အီဒင်ဘာ့ဂ်၊ ဂလပ်စဂိုနဲ့ ဒန်ဒီမြို့တွေက ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခဲ့တဲ့ဆုတွေ ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။
ဒီအတွင်း ERC ခေါ် ဥရောပ ရိုဟင်ဂျာကောင်စီကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းကလူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာ ကွယ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
====================================
END / 251
၁၇ ဒီဇင်ဘာ ၂၀၁၉ - ၁၃:၄၈
News ID: 994585
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ မဲလ္ဖို႔ဒ္ၿမိဳ႕၊ ျမဴ ရ္ (Muir) အလယ္တန္းေက်ာင္းရဲ႕ သူရဲေကာင္းခန္းမ Hall of Heroes မွာ ခ်ိတ္ဆြဲထားတဲ့ ႏိုင္ငံ ေတာ္တိုင္ပင္ခံ ေဒၚေ အာင္ဆန္းစုၾကည္ရဲ႕ပန္းခ်ီကားခ်ပ္ကို ဖယ္ရွားလိုက္တယ္ လို႔ ေလာ့စ္အိန္ဂ်ယ္လစ္တိုင္းမ္စ္ သတင္းစာမွာ ေဖာ္ျပထား ပါတယ္။