အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အင္းေလးကန္ေရရွည္တည္တံ့ဖို႔အတြက္ အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရးဥပေဒမူၾကမ္းကို ရွမ္းျပည္နယ္လႊတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ စတုတၳေန႔ ပုံမွန္အစည္းအေဝးမွာ ဥပေဒ မူၾကမ္းေကာ္မတီက ျပင္ဆင္ျဖည့္စြက္ၿပီး အတည္ျပဳလိုက္တာလို႔ ေညာင္ေ ေ႐ႊၿမိဳနယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ဝင္းက ေျပာပါတယ္။
ဥပေဒမူၾကမ္းအတည္ျပဳၿပီး ဥပေဒ ထြက္လာတဲ့အခါ အင္းေလးကန္ေရရွည္တည့္တံ့ေရးအတြက္ ပိုမိုလုပ္ေဆာင္လာႏိုင္မယ္လို႔ ဆိုပါတယ္။
အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရး ဥပေဒကို ၿပီးခဲ့တဲ့ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္ လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာ တင္သြင္းၿပီး အခန္း ၁၀ခန္း၊ ပုဒ္မ ၂၃ ခုနဲ႔ အတည္ျပဳလိုက္ပါတယ္။
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာ ေလးရက္အတြင္း ဥပေဒမူၾကမ္း ေလးခုကို အတည္ျပဳႏိုင္ခဲ့ပါတယ္။
Unicode
အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်း အတည်ပြု
အင်းလေးကန်ရေရှည်တည်တံ့ဖို့အတွက် အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေမူကြမ်းကို ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် စတုတ္ထနေ့ ပုံမှန်အစည်းအဝေးမှာ ဥပဒေ မူကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုလိုက် တာလို့ ညောင်ရွှေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဥပဒေမူကြမ်းအတည်ပြုပြီး ဥပဒေ ထွက်လာတဲ့အခါ အင်းလေးကန်ရေရှည်တည့်တံ့ရေးအတွက် ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ ဆိုပါတယ်။
အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာတင်သွင်းပြီးအခန်း ၁၀ ခန်း၊ ပုဒ်မ ၂၃ ခုနဲ့ အတည်ပြုလိုက်ပါတယ်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လေးရက်အတွင်း ဥပဒေမူကြမ်း လေးခုကို အတည်ပြုနိုင်ခဲ့ပါတယ်။
====================================
END / 251
၂၀ ဒီဇင်ဘာ ၂၀၁၉ - ၁၅:၃၀
News ID: 995181
အင္းေလးကန္ေရရွည္တည္တံ့ဖို႔အတြက္ အင္းေလးကန္ေဒသ ထိန္းသိမ္းကာကြယ္ေရးဥပေဒမူၾကမ္းကို ရွမ္းျပည္နယ္လႊတ္ ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။