အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရန္ကုန္ၿမိဳ႕ရွိ မင္းဓမၼဥယ်ာဥ္ၿမိဳ႕ေတာ္ ဝန္ထမ္းအိမ္ရာသည္ အဆင့္အတန္းျမင့္သည့္အိမ္ရာျဖစ္၍ ပညာေရးဝန္ထမ္းအားလုံး ရန္ကုန္တြင္သာေနလိုမည္ကိုစိတ္ပူမိ ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
မင္းဓမၼရိပ္သာ ဆရာမ်ား အိမ္ရာ၊ လႈိင္ပညာ့ရိပ္သာဝန္ထမ္းအိမ္ရာႏွင့္ သိပၸံပစၥည္းစက္႐ုံသစ္ဖြင့္ပြဲကို ဒီဇင္ဘာ ၂၆ ရက္က က်င္းပရာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ဖြင့္လွစ္ၿပီး ဖြင့္ပြဲမိန႔္ခြန္းတြင္ ထိုသို႔ေျပာၾကားျခင္းျဖစ္သည္။
‘‘ကြၽန္မတို႔ႏိုင္ငံတစ္ႏိုင္ငံလုံး မွာ ဆရာ၊ ဆရာမနဲ႔ ဝန္ထမ္း ေကာင္းေတြ လိုေနပါတယ္။ ဆရာ၊ ဆရာမေတြရဲ႕ စိတ္ထဲမွာ စြန႔္စားခ်င္တဲ့စိတ္ဓာတ္၊ ေပး ဆပ္ေစခ်င္တဲ့ စိတ္ ဓာတ္နဲ႔ျပည့္ဝ ေစခ်င္တယ္။ ရန္ကုန္ကအိမ္ရာ ေတြမွာဆို ေကာင္းေကာင္းမြန္မြန္ ေနႏိုင္တယ္။ ေအးေအးေဆးေဆး ေနႏိုင္တယ္။ လုံလုံၿခဳံၿခဳံေနႏိုင္ တယ္။
ဒီလိုေအးေအးေဆးေဆး မေနႏိုင္တဲ့ေနရာေတြမွာ ေနေနရ တဲ့ ငါတို႔ရဲ႕ကေလးေလးေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ သင္ေပး ေစခ်င္တဲ့ စိတ္ေလးေတြေမြးေစ ခ်င္တယ္’’ ဟု ေဒၚေအာင္ဆန္းစု ၾကည္ကေျပာသည္ ။
ႏိုင္ငံေတာ္က ႐ုပ္ပိုင္းဆိုင္ ရာ ပံ့ပိုးေပးေသာ္လည္း ျပည္သူ၊ ျပည္သားမ်ား၏ အရည္အခ်င္း တိုးတက္မလာပါက ပံ့ပိုးမႈသည္ တစ္ခဏအတြက္သာျဖစ္ၿပီး ေရ ရွည္တည္တံ့ ဖြံ႕ၿဖိဳးမည္မဟုတ္ဟု ၎ကေျပာသည္။
‘‘ႏိုင္ငံေတာ္ရဲ႕ဓနအင္အား နဲ႔ ဘ႑ာေငြရရွိမႈအေပၚ မူတည္ ၿပီးေတာ့ တတ္ႏိုင္သမွ် ျဖည့္ဆည္း ေဆာင္႐ြက္ေပးေနရတဲ့ အေျခအ ေနမွာ ဒီေန႔ဖြင့္တဲ့ ဆရာမ်ားအိမ္ ရာ၊ ဝန္ ထမ္းအိမ္ရာ၊ သိပၸံပစၥည္း စက္႐ုံေတြအေနနဲ႔ တစ္ဖက္တစ္ လမ္းကေနေကာင္းမြန္တဲ့ အ ေထာက္အကူေကာင္းေတြ ျဖစ္ လာႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ေခတ္မီၿပီး အဆင့္အ တန္းျမင့္ မားတဲ့ အေျခခံအေဆာက္အအုံ ေတြဟာ လူေတြရဲ႕ႀကိဳးပမ္းအား ထုတ္မႈနဲ႔ တီထြင္ဖန္တီးစြမ္းရည္ ေတြကို ပိုမိုျမင့္တက္ေစပါတယ္။ ႏိုင္ငံရဲ႕ တိုးတက္မႈေတြကို ေလ့ လာၾကည့္ရႈရင္ လူ႔စြမ္းအားအ ရင္းအျမစ္ေတြေပၚ အေျခခံတဲ့ ဉာဏထုတ္ကုန္ေတြကသာ ေရ ရွည္တည္တံ့တဲ့ ေခတ္မီဖြံ႕ၿဖိဳးမႈ ကို ထိန္းသိမ္းသြားႏိုင္တယ္ဆို တာျမင္ရ ပါလိမ့္မယ္။ ဒါေၾကာင့္ မို႔ ျပည္သူျပည္သားမ်ားရဲ႕ အ ရည္အခ်င္းေတြကို ျမႇင့္္တင္ေပးဖို႔ က်န္တဲ့ပံ့ပိုးမႈေတြကို လုပ္ေနတာ ပါ။ က်န္တဲ့နည္းေတြနဲ႔ ႐ုပ္ပိုင္း ဆိုင္ရာ ဘယ္လိုပဲ ပံ့ပိုးေပးေပး ျပည္သူျပည္သားေတြရဲ႕ အရည္ အခ်င္းေတြ မတက္လာဘူးဆိုရင္ ဒီပံ့ပိုးမႈေတြက တစ္ခဏပါပဲ။ ေရ ရွည္တည္တံ့ဖြံ႕ၿဖိဳးမွာ မဟုတ္ပါ ဘူး’’ ဟု ေဒၚေအာင္ ဆန္းစုၾကည္ က ဆိုသည္။
အစိုးရ၏ ရည္မွန္းခ်က္သည္ ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး၊ ေရရွည္ တည္တံ့ခိုင္ၿမဲေရးႏွင့္ ေခတ္မီဖြံ႕ ၿဖိဳးတိုးတက္ေရးတို႔ကို ေဆာင္ ၾကဥ္းေပးႏိုင္မည့္ ဒီမိုကေရစီဖက္ ဒရယ္ျပည္ ေထာင္စုကို တည္ ေဆာက္ရန္ျဖစ္ၿပီး ထိုသို႔တည္ ေဆာက္ရာတြင္ လူသားစြမ္းရည္ ႏွင့္ စိတ္ပိုင္းဆိုင္ရာသာမက ႐ုပ္ ပိုင္းဆိုင္ရာ အေျခခံအေဆာက္အ အုံမ်ားကိုလည္း အဆင့္ျမႇင့္တင္ ရန္လိုအပ္ေၾကာင္း ၎ကဆို သည္။
ဆရာ၊ ဆရာမမ်ားသည္ အ လြန္အေရးႀကီးၿပီး လူငယ္မ်ား၏ စိတ္ဓာတ္ျမင့္မားခိုင္မာလာေရး သြန္သင္ ဆုံးမေပးရန္ ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္က ဆရာ၊ ဆရာမမ်ား အား မွာၾကားသည္။
ထို႔အျပင္ ႏိုင္ငံတိုးတက္ေရး အစိုးရႏွင့္အတူ ပူးေပါင္း ေဆာင္ ႐ြက္ေပးသည့္ စီးပြားေရး လုပ္ငန္းရွင္မ်ား အားလုံးကို ေက်းဇူးတင္ေၾကာင္းႏွင့္ စီးပြား ေရးလုပ္ငန္းရွင္မ်ား အေနျဖင့္ ခ်မ္းသာမႈမ်ားကို ႏိုင္ငံအတြက္ လည္း မွ်ေဝသုံးေစခ်င္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ က တိုက္တြန္းသည္။
မင္းဓမၼလမ္းႏွင့္ ပါရမီလမ္း ေထာင့္ရွိ မင္းဓမၼဥယ်ာဥ္ၿမိဳ႕ေတာ္ အိမ္ရာစီမံကိန္းကို ပညာေရးဝန္ ႀကီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနႏွင့္ Myanmar Imperial Vega ကုမၸဏီတို႔ ပူးေပါင္းတည္ ေဆာက္ျခင္းျဖစ္ၿပီး ၂၀၁၆ ႏို ဝင္ဘာက စတင္ေဆာက္လုပ္ခဲ့ သည္။
ထိုအိမ္ရာ စီမံကိန္းတြင္ သိပၸံပစၥည္းစက္႐ုံအျပင္ ပညာ ေရးဝန္ထမ္းမ်ားႏွင့္ တကၠသိုလ္ ဆရာ၊ ဆရာမမ်ားအတြက္ အိမ္ ခန္း ၂,၃၉၀ ပါရွိၿပီး ကားအစီးေရ ၂,၇၀၀ ရပ္နားႏိုင္ ေသာ ကားပါ ကင္၊ ေရကူးကန္၊ အားကစား ခန္းမႏွင့္ ကုန္ပစၥည္းအေရာင္း ဆိုင္မ်ား ပါဝင္သည္။
အဆိုပါစီမံကိန္း အက်ိဳးတူ ပူးေပါင္းမႈအတြက္ လုံးခ်င္းအိမ္ ေျမေနရာမ်ား၊ ေဈးဝယ္စင္တာ ႏွင့္ ႐ုံးခန္းေျမေနရာမ်ားကို Myanmar Imperial Vega ကုမၸဏီ က ရရွိမည္ျဖစ္ သည္။ လက္ရွိတြင္ ပညာေရးဝန္ႀကီးဌာနသို႔ အပ္ႏွံရ မည့္ အေဆာက္အအုံမ်ား တည္ ေဆာက္ၿပီးစီးမႈ ၉၅ ရာခိုင္ႏႈန္းခန႔္ ရွိၿပီး အပ္ႏွံရမည့္ အိမ္ခန္း ၂,၃၉၀ အနက္ ၁,၁၀၄ ခန္းႏွင့္ သိပၸံပစၥည္းစက္႐ုံတို႔ကို လႊဲအပ္ ေနၿပီျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး အ တြင္းရွိ တကၠသိုလ္၊ ေကာလိပ္ မ်ားမွအရာထမ္း၊ အမႈထမ္းမ်ား အနက္ ေနထိုင္ရန္အခက္အခဲရွိ ၿပီး ကိုယ္တိုင္ေနထိုင္မည့္သူမ်ား ကို မင္းဓမၼဥ ယ်ာဥ္အိမ္ရာအသစ္ တြင္အဆင့္ျမင့္ပညာ ဦးစီးဌာနက ၂၀၁၈ ႏိုဝင္ဘာကစတင္ကာ အိမ္ခန္းခ်ထားေပးခဲ့သည္။
အိမ္ခန္း ေလွ်ာက္ထားစဥ္ ကတင္ျပခဲ့သည့္ သန္းေခါင္စာ ရင္းအတိုင္းသာ ေနထိုင္ရမည္ျဖစ္ ၿပီး သန္းေခါင္စာရင္းတြင္ မပါဝင္ သူမ်ားေနထိုင္ခြင့္မျပဳေပ။
ရန္ကုန္ၿမိဳ႕တြင္ တာဝန္က် စဥ္သာ ေနထိုင္ခြင့္ျပဳၿပီး နယ္ တကၠသိုလ္မ်ားသို႔ ေျပာင္းေ႐ႊ႕ တာဝန္ထမ္းရပါက အိမ္ခန္းမ်ား ကို ပညာေရးဝန္ႀကီးဌာနထံ ျပန္ လည္အပ္ႏွံရသည္။
Unicode
မင်းဓမ္မဥယျာဉ်မြို့တော် ဝန်ထမ်းအိမ်ရာ အဆင့်မြင့်သောကြောင့် ပညာရေးဝန်ထမ်းအားလုံး ရန်ကုန်တွင်သာ နေလိုမည်ကိုစိတ်ပူဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ရန်ကုန်မြို့ရှိ မင်းဓမ္မဥယျာဉ်မြို့တော် ဝန်ထမ်းအိမ်ရာသည် အဆင့်အတန်းမြင့်သည့်အိမ်ရာဖြစ်၍ ပညာရေးဝန်ထမ်းအားလုံး ရန်ကုန်တွင်သာနေလိုမည်ကိုစိတ်ပူမိ ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မင်းဓမ္မရိပ်သာ ဆရာများ အိမ်ရာ၊ လှိုင်ပညာ့ရိပ်သာဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက်က ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပြီး ဖွင့်ပွဲမိန့်ခွန်းတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။
‘‘ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံး မှာ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ကောင်းတွေ လိုနေပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ထဲမှာ စွန့်စားချင်တဲ့စိတ်ဓာတ်၊ ပေး ဆပ်စေချင်တဲ့ စိတ်ဓာတ်နဲ့ပြည့်ဝ စေချင်တယ်။ ရန်ကုန်ကအိမ်ရာ တွေမှာဆို ကောင်းကောင်းမွန်မွန် နေနိုင်တယ်။ အေးအေးဆေးဆေး နေနိုင်တယ်။ လုံလုံခြုံခြုံနေနိုင် တယ်။
ဒီလိုအေးအေးဆေးဆေး မနေနိုင်တဲ့နေရာတွေမှာ နေနေရ တဲ့ ငါတို့ရဲ့ကလေးလေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် သင်ပေး စေချင်တဲ့ စိတ်လေးတွေမွေးစေ ချင်တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည် ။
နိုင်ငံတော်က ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးသော်လည်း ပြည်သူ၊ပြည်သားများ၏ အရည်အချင်း တိုးတက်မလာပါက ပံ့ပိုးမှုသည် တစ်ခဏအတွက်သာဖြစ်ပြီး ရေရှည် တည်တံ့ဖွံ့ဖြိုးမည်မဟုတ်ဟု ၎င်းကပြောသည်။
‘‘နိုင်ငံတော်ရဲ့ဓနအင်အား နဲ့ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည် ပြီးတော့ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေရတဲ့ အခြေအ နေမှာ ဒီနေ့ဖွင့်တဲ့ ဆရာများအိမ် ရာ၊ ဝန်ထမ်းအိမ်ရာ၊ သိပ္ပံပစ္စည်း စက်ရုံတွေအနေနဲ့ တစ်ဖက်တစ် လမ်းကနေကောင်းမွန်တဲ့ အ ထောက်အကူကောင်းတွေ ဖြစ် လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ခေတ်မီ ပြီး အဆင့်အတန်းမြင့် မားတဲ့ အခြေခံအဆောက်အအုံ တွေဟာ လူတွေရဲ့ကြိုးပမ်းအား ထုတ်မှုနဲ့ တီထွင်ဖန်တီးစွမ်းရည် တွေကို ပိုမိုမြင့်တက်စေပါတယ်။ နိုင်ငံရဲ့ တိုး တက်မှုတွေကို လေ့ လာကြည့်ရှုရင် လူ့စွမ်းအားအ ရင်းအမြစ်တွေပေါ် အခြေခံတဲ့ ဉာဏထုတ်ကုန်တွေကသာ ရေ ရှည်တည်တံ့တဲ့ ခေတ်မီဖွံ့ဖြိုးမှု ကို ထိန်းသိမ်း သွားနိုင်တယ်ဆို တာမြင်ရပါလိမ့်မယ်။ ဒါကြောင့် မို့ ပြည်သူပြည်သားများရဲ့ အ ရည်အချင်းတွေကို မြှင့််တင်ပေးဖို့ ကျန်တဲ့ပံ့ပိုးမှုတွေကို လုပ်နေတာ ပါ။ ကျန်တဲ့နည်း တွေနဲ့ ရုပ်ပိုင်း ဆိုင်ရာ ဘယ်လိုပဲ ပံ့ပိုးပေးပေး ပြည်သူပြည်သားတွေရဲ့ အရည် အချင်းတွေ မတက်လာဘူးဆိုရင် ဒီပံ့ပိုးမှုတွေက တစ်ခဏပါပဲ။ ရေ ရှည်တည်တံ့ဖွံ့ဖြိုး မှာ မဟုတ်ပါ ဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
အစိုးရ၏ ရည်မှန်းချက်သည် နိုင်ငံ၏ ငြိမ်းချမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်ရေးတို့ကို ဆောင် ကြဉ်းပေးနိုင်မည့် ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင်စုကို တည် ဆောက်ရန်ဖြစ်ပြီး ထိုသို့တည် ဆောက်ရာတွင် လူသားစွမ်းရည် နှင့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ် ပိုင်းဆိုင်ရာ အခြေခံအဆောက်အ အုံများကို လည်း အဆင့်မြှင့်တင် ရန်လိုအပ်ကြောင်း ၎င်းကဆို သည်။
ဆရာ၊ ဆရာမများသည် အ လွန်အရေးကြီးပြီး လူငယ်များ၏ စိတ်ဓာတ်မြင့်မားခိုင်မာလာရေး သွန်သင် ဆုံးမပေးရန် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာ၊ ဆရာမ များအား မှာကြားသည်။
ထို့အပြင် နိုင်ငံတိုးတက်ရေး အစိုးရနှင့်အတူ ပူးပေါင်း ဆောင် ရွက်ပေးသည့် စီးပွားရေး လုပ်ငန်းရှင်များ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် စီးပွား ရေးလုပ်ငန်း ရှင်များအနေဖြင့် ချမ်းသာမှုများကို နိုင်ငံအတွက် လည်း မျှဝေသုံးစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က တိုက်တွန်းသည်။
မင်းဓမ္မလမ်းနှင့် ပါရမီလမ်း ထောင့်ရှိ မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းကို ပညာရေးဝန် ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် Myanmar Imperial Vega ကုမ္ပဏီတို့ ပူးပေါင်းတည် ဆောက်ခြင်းဖြစ်ပြီး ၂၀၁၆ နို ဝင်ဘာက စတင်ဆောက်လုပ်ခဲ့ သည်။
ထိုအိမ်ရာ စီမံကိန်းတွင် သိပ္ပံပစ္စည်းစက်ရုံအပြင် ပညာရေးဝန်ထမ်းများနှင့် တက္ကသိုလ် ဆရာ၊ဆရာမများအတွက် အိမ်ခန်း ၂,၃၉၀ ပါရှိပြီး ကားအစီးရေ ၂,၇၀၀ ရပ်နားနိုင်သော ကားပါ ကင်၊ ရေကူးကန်၊ အားကစား ခန်းမနှင့် ကုန်ပစ္စည်းအရောင်း ဆိုင်များ ပါဝင်သည်။
အဆိုပါစီမံကိန်း အကျိုးတူလုံးချင်းအိမ် မြေနေရာများ၊ ဈေးဝယ်စင်တာနှင့် ရုံးခန်းမြေနေရာများကို Myanmar Imperial Vega ကုမ္ပဏီက ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသို့ အပ်နှံရ မည့် အဆောက်အအုံများ တည် ဆောက်ပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့် ရှိပြီး အပ်နှံရမည့် အိမ်ခန်း ၂,၃၉၀ အနက် ၁,၁၀၄ ခန်းနှင့် သိပ္ပံပစ္စည်းစက်ရုံတို့ကို လွှဲအပ် နေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ကောလိပ်များမှအရာထမ်း၊ အမှုထမ်းများ အနက်နေထိုင်ရန်အခက်အခဲရှိ ပြီး ကိုယ်တိုင်နေထိုင်မည့်သူများ ကို မင်းဓမ္မဥယျာဉ်အိမ်ရာအသစ် တွင်အဆင့်မြင့်ပညာ ဦးစီးဌာနက ၂၀၁၈ နိုဝင်ဘာကစတင်ကာ အိမ်ခန်းချထားပေးခဲ့သည်။
အိမ်ခန်း လျှောက်ထားစဉ် ကတင်ပြခဲ့သည့် သန်းခေါင်စာ ရင်းအတိုင်းသာ နေထိုင်ရမည်ဖြစ် ပြီး သန်းခေါင်စာရင်းတွင် မပါဝင် သူများနေထိုင်ခွင့်မပြုပေ။
ရန်ကုန်မြို့တွင် တာဝန်ကျ စဉ်သာ နေထိုင်ခွင့်ပြုပြီး နယ် တက္ကသိုလ်များသို့ ပြောင်းရွှေ့ တာဝန်ထမ်းရပါက အိမ်ခန်းများ ကို ပညာရေးဝန်ကြီးဌာနထံ ပြန် လည်အပ် နှံရသည်။
====================================
END / 251
မင္းဓမၼဥယ်ာဥ္ၿမိဳ႕ေတာ္ ဝန္ထမ္းအိမ္ရာ အဆင့္ျမင့္ေသာေၾကာင့္ ပညာေရးဝန္ထမ္းအားလုံး ရန္ကုန္တြင္သာ ေနလိုမည္ကိုစိတ္ပူဟု ေဒၚေအာင္ဆန္းစုၾ
၂၈ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၃၁
News ID: 997022
ရန္ကုန္ၿမိဳ႕ရွိ မင္းဓမၼဥယ်ာဥ္ၿမိဳ႕ေတာ္ ဝန္ထမ္းအိမ္ရာသည္ အဆင့္အတန္းျမင့္သည့္အိမ္ရာျဖစ္၍ ပညာေရးဝန္ထမ္း အားလုံး ရန္ကုန္တြင္သာေနလိုမည္ကိုစိတ္ပူမိ ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။