၃၀ ဒီဇင်ဘာ ၂၀၁၉ - ၁၅:၄၅
ဆယ္အိမ္တန္း ကမ္းေျခႏွင့္ လက္ခုပ္ကုန္းကမ္းေျခ ျပန္လည္ျပဳျပင္မည္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အမ်ားျပည္သူအပန္းေျဖ ကမ္းေျခႏွစ္ခုကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ျပန္လည္ျပဳ ျပင္ဖို႔ စီစဥ္ေနပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ အမ်ားျပည္သူ အပန္းေျဖ ကမ္းေျခႏွစ္ခုကို  ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ျပန္လည္ျပဳျပင္ဖို႔ စီစဥ္ေနပါတယ္။

ကြမ္းၿခံကုန္းၿမိဳ႕နယ္ ကညင္ကုန္းေက်း႐ြာအုပ္စု ေ႐ႊအလယ္႐ြာေက်း႐ြာရွိ ဆယ္အိမ္တန္း ကမ္းေျခ ဘက္စုံအဆင့္ျမႇင့္တင္ေရးလုပ္ငန္းေတြအတြက္ ျပဳျပင္ေဆာင္႐ြက္ရမယ့္ ေနရာေတြကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ အစိုးရတာဝန္ရွိသူေတြက မေန႔က သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

ဒါ့အျပင္ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ လက္ခုပ္ကုန္းေက်း႐ြာရွိ လက္ခုပ္ကုန္း ကမ္းေျခဟိုတယ္ကိုလည္း ျပန္လည္ျပဳျပင္မြမ္းမံဖို႔အတြက္ တာဝန္ရွိသူေတြနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ေတြ႕ဆုံခဲ့ တယ္လို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ လူမႈကြန္ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။

လက္ခုပ္ကုန္းကမ္းေျခဟာ နာဂစ္မုန္တိုင္းေၾကာင့္ အရင္ကကမ္းေျခရွိ သဲေျမေတြ ေနရာမွာ ႏုန္း‌ေျမေတြ ျဖစ္ေပၚခဲ့လို႔ အဲဒီေနရာကို နည္းပညာအကူအညီနဲ႔ ျပဳျပင္ေဆာင္ ႐ြက္ႏိုင္ဖို႔ သြားေရာက္ၾကည့္ရႈ ေလ့လာခဲ့တယ္လို႔လည္း သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေနလူထုအတြက္ အနီးဆုံးျဖစ္တဲ့ အပန္းေျဖကမ္းေျခႏွစ္ခုဟာ ျပဳျပင္ထိန္းသိမ္းျခင္းမရွိတာနဲ႔ တျခားပင္လယ္ကမ္းေျခေတြနဲ႔ ႏႈိင္းယွဥ္ပါက ေရမသန႔္တာေၾကာင့္ သြားေရာက္ လည္ပတ္သူ နည္းပါးေနတာ ျဖစ္ပါတယ္။

လတ္တေလာ အမ်ားျပည္သူေတြ အသြားအလာမ်ားတဲ့ ေခ်ာင္းသာနဲ႔ ေငြေဆာင္ကမ္းေျခေတြဟာလည္း ရန္ကုန္-ေညာင္တုန္း-ပုသိမ္ ကားလမ္းပိုင္း အေျခအေန ဆိုး႐ြားေန တာေၾကာင့္ ခရီးသြားလာသူေတြအတြက္ ေႏွာင့္ေႏွးၾကန႔္ၾကာေနပါတယ္။

Unicode

ဆယ်အိမ်တန်း ကမ်းခြေနှင့် လက်ခုပ်ကုန်းကမ်းခြေ ပြန်လည်ပြုပြင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အများပြည်သူ အပန်းဖြေ ကမ်းခြေနှစ်ခုကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြုပြင်ဖို့ စီစဉ်နေပါတယ်။

ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ရွှေအလယ်ရွာကျေးရွာရှိ ဆယ်အိမ်တန်း ကမ်းခြေ ဘက်စုံအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေအတွက် ပြုပြင်ဆောင်ရွက် ရမယ့် နေရာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရတာဝန်ရှိသူတွေက မနေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင်ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာရှိ လက်ခုပ်ကုန်းကမ်းခြေဟိုတယ်ကိုလည်း ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် တာဝန်ရှိသူတွေနဲ့ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ တယ်လို့ ဝန်ကြီးချုပ်ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်ခုပ်ကုန်းကမ်းခြေဟာ နာဂစ်မုန်တိုင်းကြောင့် အရင်ကကမ်းခြေရှိ သဲမြေတွေ နေရာမှာ နုန်း‌မြေတွေ ဖြစ်ပေါ်ခဲ့လို့ အဲဒီနေရာကို နည်းပညာအကူအညီနဲ့ ပြုပြင်ဆောင် ရွက်နိုင်ဖို့ သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့နေလူထုအတွက် အနီးဆုံးဖြစ်တဲ့ အပန်းဖြေကမ်းခြေနှစ်ခုဟာ ပြုပြင်ထိန်းသိမ်းခြင်းမရှိတာနဲ့ တခြား ပင်လယ်ကမ်းခြေတွေနဲ့ နှိုင်းယှဉ်ပါက ရေမသန့်တာ ကြောင့် သွားရောက် လည်ပတ်သူ နည်းပါးနေတာ ဖြစ်ပါတယ်။

လတ်တလော အများပြည်သူတွေ အသွားအလာများတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဟာလည်း ရန်ကုန်-ညောင်တုန်း-ပုသိမ် ကားလမ်းပိုင်း အခြေအနေ ဆိုးရြား နေတာကြောင့် ခရီးသွားလာသူတွေအတွက် နှောင့်နှေးကြန့်ကြာနေပါတယ်။

====================================

END / 251