
Zawgyi
အန္စီေအ လက္မွတ္ထိုးထားတဲ့ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြ အနာဂတ္ဖယ္ဒရယ္ တည္ေဆာက္ေရးအတြက္ ခိုင္မာေကာင္းမြန္တဲ့ ႏိုင္ငံေရးေဆြးေႏြးမႈရလဒ္ေတြ မရရွိတာဟာ ၿငိမ္းေရး ျဖစ္စဥ္မွာ ထဲထဲဝင္ဝင္ပါဝင္ဖို႔ အခက္အခဲျဖစ္ေစတယ္လို႔ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (ေကအန္ပီပီ) က ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ႏွစ္သစ္ႀကိဳႏႈတ္ခြန္ဆက္ သဝဏ္လႊာမွာ ေကအန္ပီပီက အခုလို ထုတ္ျပန္ ေျပာဆိုလိုက္တာျဖစ္ၿပီး ပါတီအေနနဲ႔ ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ အပစ္ခတ္ ရပ္စဲေရး လက္မွတ္ထိုးခဲ့ သလို အစိုးရနဲ႔ တဖြဲ႕ခ်င္း ႏွစ္ဦးႏွစ္ဖက္ သေဘာတူစာခ်ဳပ္ (Bilateral Agreements) ေတြကို ျပည္နယ္အဆင့္ ျပည္ေထာင္စုအဆင့္ေတြမွာ လက္မွတ္ထိုးခဲ့ပါတယ္။
ဒါ့အျပင္ တႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ (အန္စီေအ)မွာ လက္မွတ္ေရးထိုး ႏိုင္ေရး အတြက္ တျခားလက္နက္ကိုင္အဖြဲအစည္းေတြနဲ႔ပူးေပါင္းၿပီးေတာ့လည္း ၿငိမ္းခ်မ္းေရးတြက္ ခ်ည္းကပ္ေဆာင္ ႐ြက္ခဲ့ေပမယ့္ မိမိတို႔ ရည္မွန္ခ်က္နဲ႔ ကိုက္ညီမဲ့ ႏိုင္ငံေရးအခင္းအက်င္းမ်ိဳး ေဆြးေႏြးသြားႏိုင္မယ့္ အေနအထားမရွိတဲ့အတြက္ အခုခ်န္ထိ အန္စီေအမွာ ပါဝင္ လက္မွတ္ေရးထိုး ႏိုင္ျခင္း မရွိေသးေၾကာင္း လည္း ထုတ္ျပန္ပါတယ္။
ဒါ့အျပင္ ေနာက္ထပ္ လက္မွတ္မထိုးႏိုင္တဲ့အေၾကာင္းအရင္းမွာ ျပည္နယ္အတြင္း လူငယ္၊ ေတြ၊ အဖြဲ႕အစည္းေတြနဲ႔ပတ္သက္ၿပီး ျဖစ္ပြားေနတဲ့ျပႆနာေတြ၊ ျပည္နယ္အစိုးရက မတရားတဲ့ ေဒသသႏၲရအ မိန႔္ေတြနဲ႔ ကရင္နီရဲေဘာ္ ၃ ဦးအပါအဝင္ အရပ္သားတဦး မတရား သတ္ျဖတ္ခံရမႈဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အမ်ားႀကီးထိခိုက္ေစခဲ့တယ္လို႔လည္း ေဖာ္ျပပါရွိပါတယ္။
Unicode
ခိုင်မာသည့်နိုင်ငံရေးဆွေးနွေးမှုရလဒ်မရသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ခက်ခဲဟု ကေအန်ပီပီ ထုတ်ပြန်
အန်စီအေ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အနာဂတ်ဖယ်ဒရယ် တည်ဆောက်ရေးအတွက် ခိုင်မာကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေ မရရှိတာဟာ ငြိမ်း ရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ အခက်အခဲဖြစ်စေတယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကြိုနှုတ်ခွန်ဆက် သဝဏ်လွှာမှာ ကေအန်ပီပီက အခုလို ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပြီး ပါတီအနေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့သလို အစိုးရနဲ့ တဖွဲ့ချင်း နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် (Bilateral Agreements) တွေကို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တွေမှာ လက်မှတ်ထိုးခဲ့ပါတယ်။
ဒါ့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုး နိုင်ရေး အတွက် တခြားလက်နက်ကိုင်အဖွဲအစည်းတွေနဲ့ပူးပေါင်းပြီးတော့လည်း ငြိမ်းချမ်းရေးတွက် ချည်းကပ် ဆောင်ရွက်ခဲ့ပေမယ့် မိမိတို့ ရည်မှန်ချက်နဲ့ ကိုက်ညီမဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးသွားနိုင်မယ့် အနေအထားမရှိတဲ့အတွက် အခုချန်ထိ အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုး နိုင်ခြင်း မရှိ သေးကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ် လက်မှတ်မထိုးနိုင်တဲ့အကြောင်းအရင်းမှာ ပြည်နယ်အတွင်း လူငယ်၊ တွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ပြဿနာတွေ၊ ပြည်နယ်အစိုးရက မတရားတဲ့ ဒေသသန္တရအ မိန့်တွေနဲ့ ကရင်နီရဲဘော် ၃ ဦးအပါအဝင် အရပ်သားတဦး မတရား သတ်ဖြတ်ခံရမှုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများကြီးထိခိုက်စေခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
====================================
END / 251