အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၉ အောက်တိုဘာ ၂၀၂၀

၂၀:၂၅:၁၂
1079470

စူရဟ် စဂ်ျဒဟ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် စဂ်ျဒဟ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် စဂ်ျဒဟ် အကြောင်း သိကောင်းစရာအမည် - စဂ်ျဒဟ်

အဓိပ္ပာယ် - အလ္လာဟ် အရှင်မြတ် အား ဦးချ ၍ ထိခြင်း ၇ပါး နှင့် ဝတ်ပြု ခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် - ၁၅

စဂ်ျဒဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

စဂ်ျဒဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၅ ကြိမ်

အစောင် - ၂၁ ရကူအပိုဒ်တော်ပေါင်း - ၃အာယသ်တော်ပေါင်း - ၃၀

စကားလုံးတော်ပေါင်း - ၃၇၂

အက္ခရာတော်ပေါင်း - ၁၅၆၄

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော် ၊ အာယသ် တော် ၁၈၊၁၉ ၊၂၀ မဒနီ ဖြစ်ပါတယ်။

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၇၅ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မိုအ်မေနူးန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သူရ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ စဂ်ျဒဟ် ၂။ အလိဖ်လာန်မ်မီးမ် စဂ်ျဒဟ် ၃။ မဇွာဂျေအ်

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အာယသ် တော် ၁၅ အား သေလာဝသ်ပြုခြင်း(သို့မဟုတ်) နားထောင်ခြင်း ဖြင့် စဂ်ျဒဟ် ဝါဂျစ်ဗ် (မပြုမနေရ) ဖြစ် သွား သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ပထမဆုံး ဝါဂျစ်ဗ် စဂ်ျဒဟ် ဤစူရဟ် တွင် ပါဝင်နေသည့် တွက်ကြောင့် ဖြစ်ပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။

“အကြင်မည်သူမဆို သောကြာနေ့ တိုင်း စူရဟ် စဂ်ျဒဟ် ၏ သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သင်သည် အား ၎င်း သေလာဝသ် ပြု သူအား ကေယာမသ် နေ့ တွင် ၎င်း ၏ လက်ယာ တွင် လုပ်ရပ်များ ကို ပေးသနားတော်မူမည် ။မည်သည့် ကဲ့သို့မှ စာရင်း အကင်း ပြရန် လိုမည် မဟုတ်ချေ။ မိုဟမ္မဒ် (صلی الله علیه وآله) နှင့် အာလေမိုဟမ္မဒ် (علیهم السّلام) ကို အချစ်ထားသစူများတွင် သတ်မှတ် ခြင်း ခံရပါမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၊ စာမျက်နှာ ၉၇ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

******************************************

END / 251