အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃၀ မေ ၂၀၂၁

၁၉:၂၉:၂၂
1145964

စူရဟ် ကိုရိုင်းရှ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ကိုရိုင်းရှ်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ကိုရိုင်းရှ် အကြောင်း သိကောင်းစရာ

အမည် - ကိုရိုင်းရှ်

အဓိပ္ပာယ် -လူမျိုးစု တစ်ခု အမည် 

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ကိုရိုင်းရှ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ကိုရိုင်းရှ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၎

စကားလုံးတော်ပေါင်း - ၁၇

အက္ခရာတော်ပေါင်း - ၇၂

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် -၂၉

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သီးန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကာရေအဟ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ကိုရိုင်းန် ၂။ အီလာဖ်

အမည့်ထွင်ရသည့်အကြောင်း - ပထမဆုံး အာယသ် သည် ကိုရိုင်းရှ် ဆိုသည့် စကားလုံးနှင့် စထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။

ထူးခြားသည့်ကြင်အင်လက္ခဏာ - စူရဟ် ဖီးလ် ကဲ့သို့ နမာဇ် တွင် ဤ စူရဟ် တစ်ခုတည်း ဖတ်ခြင်း ဖြင့် မလုံလောက်ချေ။ စူရဟ် ဖီးလ် နှင့် တွဲ၍ ဖတ်ရပါမည်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“ အကြင်မည်သူ မဆို စူရဟ် ကိုရိုင်းရှ် ကို များများစားစား ဖတ်ရွတ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား ဂျန္နသ် ၏ စီးတော် ကို ပေးသနားတော် မူမည်။ ”

 

(စဝါးဗ် ဗိုလ်အအ်မာလ် ကျမ်း )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့)) /တည်ထောင်သူA.F.H.M

*****************************************************************

END / 251