စူရဟ် ကာဖေရှုန် အကြောင်း သိကောင်းစရာ
အမည် - ကာဖေရှုန်
အဓိပ္ပာယ် - ကာဖေရ် ၏ အများကိန်း
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
ကာဖေရှုန် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
ကာဖေရှုန် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၃၆ ကြိမ်
အစောင် - ၃၀
ရကူအပိုဒ်တော်ပေါင်း - ၁
အာယသ်တော်ပေါင်း - ၆
စကားလုံးတော်ပေါင်း - ၂၇
အက္ခရာတော်ပေါင်း - ၉၉
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )
ကျရောက်သည့်အမှတ်စဉ် - ၁၈
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် မာအူန်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဖီးလ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ ကာဖေရှုန် ၂။ ဂျဟ်ဒ် ၃။ အေဗါဒသ် ၄။ မိုကရှ်ကေရှဟ်
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမအာယသ် တော် ကာဖေရှုန် စကားလုံး နှင့် စခဲ့သည့် အတွက် ဖြစ်ပါတယ်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - ကာဖေရှုန် နှင့်ပတ်သက်ပြီး ရီဝါယသ်တော် လာရှိပါသည်။ နမာဇ် တွင် စူရဟ် သောင်ဟီးဒ် ကဲ့သို့ စဖတ်ပြီးလျှင် ဆုံးအောင် အထိ ဖတ်ရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။
အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။
“စူရဟ် ကာဖေ ရှုန် အား ဖတ်ရွတ် လျှင် ကျမ်းတော် မြတ် ကုရ်အန် ၏ လေးပုံ ပုံ တစ်ပုံ ကို သေလာဝသ် ပြု သည့် စဝါးဗ် ရရှိမည် ဖြစ်ပါသည်။ ရှိုင်တွန်များ ၎င်း နှင့် ဝေး ကွာ သွားပါမည်။ ”
(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၆၂ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M
*****************************************************************
END / 251