အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဇွန် ၂၀၂၁

၁၈:၂၁:၅၂
1149374

စူရဟ် မစဒ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် မစဒ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် မစဒ် အကြောင်း သိကောင်းစရာ

အမည် - မစဒ်

အဓိပ္ပာယ် - ကြိုး

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၅

မစဒ်   ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

မစဒ်   ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း -၅

စကားလုံးတော်ပေါင်း - ၂၃

အက္ခရာတော်ပေါင်း - ၈၁

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )

ကျရောက်သည့်အမှတ်စဉ် - ၆

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဟမ်ဒ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - သက်ဝီးရ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ မစဒ် ၂။ အဘူလ်လဟဗ်  ၃။ သတ်ဗသ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ နောက်ဆုံးတွင် မစဒ် ဆိုသည့် စကားလုံး အတွက် ကြောင့် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“ စူရဟ် မစဒ်အား သေလာဝသ် ပြုသူအား အလ္လာဟ် ဟို အရှင်မြတ် သည် အဘူ လဟဗ် နှင့် တစ်နေရာတည်း တွင် ထားတော်မူမည် မဟုတ်ကြောင်း ကျွန်ုပ် အနေဖြင့် မျှော်လင့် ပါသည်။ ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၇၄)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251