အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဩဂုတ် ၂၀၂၁

၁၉:၂၀:၀၄
1168461

ကုရ်အာန် ကျမ်းမြတ်သည် မနုဿလူသားများ ပိုင်ဆိုင်ထားသည့် တစ်ခုတည်း ကောင်းကင်ကျ ကျမ်းဖြစ်ပါသည်

ကုရ်အာန် ကျမ်းမြတ်သည် မနုဿလူသားများ ပိုင်ဆိုင်ထားသည့် တစ်ခုတည်း ကောင်းကင်ကျ ကျမ်းဖြစ်ကြောင်းတင်ပြထားပါတယ်။ အာယာသွလ္လာဟ်မစ်ဗာယဇ်ဒီ(ရ.ဟ) ၏ တင်ပြချက် ဖြစ်ပါ တယ်။


အကယ်၍ ကျွန်ုပ်အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် နှင့်ပတ်သက်ပြီး နဲဟ်ဂျိုဗလာဂါ တွင်လာရှိသမျှကို ဆွေးနွေး တင်ပြရမည်ဆိုလျင် အလွန်ရှည်လျား သွားမည် ဖြစ်ပါသည်။ အေမာမ်အလီ(အ.စ)အနေဖြင့် နဲဟ်ဂျိုဗလာဂါတွင် ခွသ်ဗာ အခု ၂၀ ထက်မက ကျမ်းတော် မြတ်ကုရ်အာန်ကိုမိတ်ဆက်ပေးခြင်း နှင့် ၎င်းကျမ်းမြတ်၏နေရာကို မိန့်ကြားထားပါသည်။တစ် ခါ တစ်ရံ ခွသ်ဗာ တစ်ဝက်ထက်မက ကျမ်းတော်မြတ် ကုရ်အာန်၏နေရာ ၊ မွတ်စလင်မ်များ၏ ဘဝတွင် ၎င်းကျမ်းမြတ်၏ အခန်းကဏ္ဍ ၊ ဤကောင်းကင်ကျ ကျမ်းမြတ် နှင့် ပတ်သက်ပြီး မွတ်စလင်မ်များ၏ တာဝန်၊ဝတ္တရားကို အထူးမိန့်ကြားထားပါသည်။ ကျွန်ုပ်အနေဖြင့်ဤနေရာ တွင် ကျမ်းတော်မြတ်နှင့်ပတ်သက်ပြီး နဲဟ်ဂျိုဗလာဂါ၏အချို့ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုရှင်း ပြလျင် လုံ လောက်ပြီး ဖြစ်ပါသည်။

အေမာမ်အလီ (အ.စ) မှ ခွသ်ဗာ အမှတ် ၁၃၃ တွင် မိန့်တော်မူသည် ။

''وَکِتَابُاللّٰهِبَینَاَظْهُرِکُمْنَاطِقلایَعْییٰلِسَانُه''

အဓိပ္ပာယ် ။ ။ ကျမ်းတော်မြတ်ကုရ်အာန်သည် အသင်တို့၏ အရှေ့နှင့် အသင်တို့၏ လက် တွင် ရှိပါသည်။ အခြား ဘာသာများ၏ ကောင်းကင်ကျကျမ်းများ သာဓကအားဖြင့် ဟဇရသ် မူစာ(အ.စ)နှင့် ဟဇရသ် အီစာ(အ.စ)တို့ ၏ ကျမ်းများမှာဤကဲ့သို့မဟုတ်ဘဲ ကျမ်းတော်မြတ် ကုရ်အာန်သည် အသင်တို့၏လက်ထဲတွင် ရှိပါ သည်။မှတ်သားရမည်မှာ အတိတ်က အွန်မသ် များ (နောက်လိုက်နောက်သားများ ) တွင် အထူးသဖြင့် အီစ္စရာအီလူမျိုးများနှင့်၊ ဂျူးများ တွင် မြင့်မြတ်သည့် ကျမ်းဂန်သည် သာမန် ဘာသာဝင်များ လက်တွင်မရှိချေ။ တစ်နည်းအားဖြင့် သောင်ရာသ်ကျမ်းမြတ် ၏ အချို့ အုပ်ရေ သာလျင် ဂျူးအိုလမာ ထံ တွင် ရှိပါသည်။ အခြား ဘာဝင် များ အားလုံးအနေဖြင့် သောင်ရာသ်ကျမ်းကို လေ့လာကိုးကားရန် မဖြစ်နိုင်ချေ။

ဟဇရသ်အီစာ(အ.စ)၏ ကောင်းကင်ကျကျမ်း အခြေအနေသည်လည်း သောင်ရာသ် ကျမ်းထက်ပင် ပိုမို၍စိုးရိမ်စရာ ဖြစ်ခဲ့ပြီးဖြစ်ပါသည်။အကြောင်းမှာ ယနေ့ ခရစ်ယန်ဘာသာ ဝင်များ အနေဖြင့် အင်ဂျီးလ်ကျမ်း (ခ) သမ္မာကျမ်း အမည်ဖြင့် သိရှိကြသည့် ကျမ်းသည် ဟဇရသ်အီစာ(ခ)ယေရှု(အ.စ) အပေါ်ကျရောက်ခဲ့သည့် ကျမ်းမဟုတ်ချေ။ တစ်နည်းအား ဖြင့် ကျမ်းတွင်လာရှိသည် အကြောင်းအရာများ သည် ပုဂ္ဂိုလ်အချို့ စုဆောင်းထားခြင်းဖြစ်ပြီး အနာဂျီးလေအရ်ဗါ ဆိုသည့်အမည်ဖြင့် ကျော်ကြားပါ သည်။ ဤအတွက်ကြောင့် အတိတ်က နဘီများ၏ နောက်လိုက်နောက်သားများ လက်တွင် ကောင်းကင်ကျ ကျမ်းများ မရှိပေ။ သို့သော် ကျမ်းတော်မြတ် ကုရ်အာန်၏ အခြေအနေသည် ကွဲပြား ခြားနား လျက်ရှိပါသည်။ သို့သော် ကျမ်းတော်မြတ် နိုဇူလေကုရ်အာန် (ခ) ကျမ်းတော်မြတ်ကုရ်အာန်၏အာယသ်တော် များ ကျရောက်ရသည့်နောက်ခံသမိုင်းနှင့် တမန်တော်မြတ်ကြီး(ဆွ) ဘက်မှ ကျမ်းတော်မြတ် ၏သေလာဝသ် ပြုနည်းနှင့် သင်ကြားပေးမှုသည် လူထု အနေဖြင့် သင်ကြားနိုင်ပြီး ၎င်းကျမ်း မြတ်ကုရ်အာန်၏ အာယသ်တော်များကို အာဂုံဆောင် နိုင်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် သည် အပြည့်အစုံ လူထု ၏လက်ထဲ တွင် ရှိခဲ့ပြီး ရှိနေပါသည်။

ဤကောင်းကင်ကျကျမ်း၊ကျမ်းတော်မြတ်ကုရ်အာန်၏ အရေးကြီး အင်္ဂါရပ်များမှာအလ္လာဟ် ဟို အရှင်မြတ်သည် ကိုယ်တော်မြတ်(ဆွ)၏နောက်လိုက် နောက်သားများ(ခ)အစ္စလာမ် ဘာ သာဝင်များအပေါ် ကျေးဇူး တော်ပြုခဲ့ပါ သည်။အရှင်မြတ်ကိုယ်တိုင် ကျမ်းတော်မြတ် ကုရ်အာန် ကို အမျိုးမျိုးသော အန္တရာယ်မှကာကွယ်မည့်ဟု တာဝန်ယူ ထားပါသည်။ထို့ပြင် မဟာ တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် မွတ်စလင်မ်များ ကို သင်ယူရန် အလ္လာဟ်ဟို အရှင်မြတ် ၏ အာယသ်တော်များကို အာဂုံဆောင်နိုင် အတွက် ကိုယ်တော် မြတ် (ဆွ) လက်ထက်၌ ပင် မွတ်စ်လင်မ်အမြောက်အများ ကျမ်းတော်မြတ် ကုရ်အာန် အာဂုံ ဆောင်များ ဖြစ်သွား သည့် အစီအစဉ်များကို ပြုတော်မူခဲ့ပါသည်။ကျရောက်လာသည့် အာယသ်တော်များ၏ ရေးမှတ် ထားသည့်မှတ်တမ်းများ မိမိတို့ ထံတွင် ထားရှိ ကြပါသည်။ ပြီးနောက်၎င်းအာယသ်တော်များ ကို တဖြည်းဖြည်း ချင်း အာဂုံဆောင် ခဲ့ကြပါသည်။ မည်သို့ဆိုစေ ၎င်း ရေးမှတ်ထားသည့် မှတ်တမ်းများ ပြန်လည်ကူးယူခြင်းဖြင့် ၎င်း (သို့မဟုတ်) အာဂုံဆောင် တစ်ပါး ၏ နှလုံးသား မှ အခြား အာဂုံဆောင် တစ်ပါး ၏ နှလုံးသို့ လွဲပြောင်း ပေးခြင်းဖြင့် ကျမ်းတော်မြတ် သည် အားလုံး၏ လက်ထဲတွင် ရှိခဲ့ပါသည်။

ဟဇရသ်အလီ(အ.စ)မိန့်တော်မူ၏။ کِتَابُ اللّٰهِ بَینَ اَظْهُرِکُمْအလ္လာဟ်အရှင်မြတ်၏ ကျမ်း တော်မြတ်သည် အသင်တို့ ၏ အကြားတွင် ရှိပါသည်။ အသင်တို့ အသုံးပြုနိုင် ပါသည်။ ဤ نَاطِق لایَعییٰ لِسَانُهဝါကျအားတိုက်တွန်းပြီး အမှီပြုပါမည်။ဟဇရသ်အလီ(အ.စ) မိန့်တော် မူသည်မှာ ဤကျမ်းဂန်သည် စကားပြောသည့်ကျမ်း ဖြစ်ပါသည်။၎င်း၏ နှုတ်လျှာသည်မလေး လံချေ။ ပြောရသည့် အတွက် မပင်ပန်းချေ။ထို့ပြင် မည်သည့် အခါမျှ ထစ်ခြင်း မရှိချေ။ ၎င်း၏ အခြေနှင့်အုတ်မြစ်သည်လုံးဝ၊ မပျက်စီးစေမည့် အဆောက် အဦးပမာဖြစ် ပါသည်။ ၎င်း၏ မိတ်ဆွေအတွက် အရှုံး မရှိသည့် အောင်မြင်မှု ဖြစ်ပါသည်။

*********************************************

END / 251