အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၄ အောက်တိုဘာ ၂၀၂၁

၂၀:၂၃:၄၇
1185899

ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်သည့် အဓိက အခက်အခဲ ၊ ပြဿနာ

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များမှ ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်သည့် အဓိက အခက်အခဲ ၊ ပြဿနာ ဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


 

ပြီးသွားသည့်အခန်း ၏ အကျဉ်း အနှစ်ချုပ်မှာ ကျမ်းတော်မြတ်ကုရ်အာန် သည် အလ္လာဟ်ဟို အရှင်မြတ်သခင်၏ လမ်းညွှန် ကျမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံး ၏ တာဝန် ဝတ္တရား မှာ ဤကျမ်း မြတ်အပေါ် သက်ဝင် ယုံကြည် ရမည်ဖြစ်ပါတယ်။ ပုဂိုလ်ရေး နှင့် လူမှု့ ရေးဆိုင်ရာ ဘဝတည်ဆောက်ရာတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ အမိန့် ဥပဒေများ အပေါ် လက်တွေ့ကျင့်သုံးပြီး ၎င်း ကို နမူနာ (ခ) စံပြ အဖြစ် သတ်မှတ်ပြီး မိမိ၏ ဘဝနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကို ကျမ်းတော်မြတ် ကုရ်အာန် ၏ လမ်းညွှန် ဆုံးမ မှုများကို အခြေပြုပြီး ရပ်တည်ရမည် ဖြစ်ပါသည်။ ထိုမှသာ လောကီလောကုတ္တရာ တွင် ကံကောင်ပျော်ရွှင် မှု နှင့် အောင်မြင်မှု ကို ရရှိမည် ဖြစ်ပါသည်။  

ယခုကျွန်ုပ်တို့အနေဖြင့်မေးခွန်း ထုတ်သင့်ပါသည်။ ပုဂိုလ်ရေး နှင့် လူမှု့ရေးဆိုင်ရာ ပြီးနောက် မွတ်စလင်မ်များ အသိုင်းအဝိုင်း နှင့် ကျွန်ုပ်တို့ ၏ အစ္စလာမ်တော်လှန်ရေး နှင့် အစ္စလာမ်မီ အသိုင်းအဝိုင်း တို့ ၏ ရောဂါ ဝေဒနာ များကို ပျောက်ကင်းဆေး သည့် ကျမ်းတော်မြတ် ကုရ်အာန် ရှိနေပါသည်။ သို့သော်လည်းဘဲ ကျွန်ုပ်တို့ အနေဖြင့် အဘယ် ကြောင့် အချို့ အခက်အခဲများတွင် အထူးသဖြင့် ဘာသာရေးဆိုင်ရာ အခက် အခဲများ ပြဿနာ များနှင့် ရင်ဆိုင်နေရပါသနည်း ?

ဖြစ်နိုင်ပါသည်။ ပြီးခဲ့သည့် ပြောပြထားချက်များကို အသုံးပြုပြီး အဖြတွင် ပြောလိုရပါ သည်။ အကြောင်းမှာ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ၎င်းကျမ်းမြတ် ၏ လွတ်မြောက်မှု ကိုပေးဆောင်နေသည့် အမိန့်ဥပဒေများ ကို ရာနှုန်းပြည့် မလိုက်နာ မကျင့်သုံးသည့် အတွက် ကြောင့် ဖြစ်ပါသည်။ သို့သော်လည်းပဲ ဤအဖြေသည် မှန်သည်ဟု နားလည် နိုင်ပါသည်။ သို့သော် ဤထက်ပိုပြီး အခြေကျသည့် မေးခွန်း ရှိပါသည်။အဘယ်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် အပေါ် ရာနှုန်းပြည့် မလိုက်နာမကျင့်သုံးရပါသနည်း?

အမှန်တကယ်ကျမ်းတော်မြတ်ကုရ်အာန် ၏ အရောင်သည် ပတ်ဝန်းကျင် အသိုင်း အဝိုင်း တွင် မည်သည့် အကြောင်းများကြောင့် ဖျော့သွား ရပါသနည်း ? ပြီးနောက် တဖြည်းဖြည်း ခြင်း လူသားများ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ နှင့် အလ္လာဟ်ဟို အရှင်မြတ် တန်ဖိုးထားသည့် သည့်အရာများ နှင့်ကင်းကွာ ရပါသနည်း ?

အကြောင်းမှာ ဆွေးနွေးနေသည့်ခေါင်းစဉ်မှာ ((နဲဟ်ဂျိုဗလာဂါကျမ်း မှ မီးမောင်းထိုးပြနေ သည့် ကျမ်းတော်မြတ် ကုရ်အာန်))ဖြစ်ပါသည်။ဤအတွက်ကြောင့် ကျွန်ုပ်အနေဖြင့် အထက်ပါ မေးခွန်းကို ဤကဲ့သို့ ပြုလပ်ပါမည်။ ဟဇရသ် အလီ (အ.စ) အနေဖြင့် ကျွန်ုပ်တို့ ၏ ပတ်ဝန်းကျင် အွက် မည်သည့် အရာကို အဓိက အခက်အခဲ ၊ပြဿနာ အဖြစ် နားလည် ပါသနည်း ? ပြီးနောက် ၎င်းကို ဖြေရှင်း ရန် မည်သည့် လမ်းကို ပြသမိန့်ကြား ခဲ့ပါသနည်း ?

 

ဤမေးခွန်း ၏ အဖြေ အဖြစ် ဟဇရသ်အလီ (အ.စ) ၏ မိန့်မှာချက်၏ ရှင်းလင်းချက် ကို မတင်ပြမည်အရင် နိဒါန်း ကို တင်ပြပါမည်။ ပြီးနောက် အဓိက အကြောင်းကို စတင် ပါမည်။ သိရှိ ထားသည့် အတိုင်း ပထမအခန်းတွင် တင်ပြထားသည့်အတိုင်း အလ္လာဟ်ဟို အရှင်မြတ် နှင့် အရှင်မြတ်၏ အမိန့်တော်များ အပေါ် အီမာန် (ခ) သက်ဝင်ယုံကြည်ခြင်း နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏အမိန့်တော်များ ရှေ့ မှောက် တွင် အပြည့်အဝ နားခံခြင်း ၊ ကျမ်းတော်မြတ်ကုရ်အာန် ၏ လမ်းညွှန်ချက်များ မှ အကျိုးကျေးဇူး ရယူခြင်း နှင့် လမ်းမှန် အတွက် အကြီးတကာ အကြီးဆုံး အဓိက စည်းမျဉ်း စည်းကမ်း ဖြစ်ပါသည်။

ဟဇရသ် အီဗရာဟီးမ် (အ.စ) ပမာ အီမာန် (ခ) သက်ဝင်ယုံကြည်မှု ၊ ယကီးန်(ခ) ရာနှုန်းပြည့် စိတ်ချမှု ၊ ရာနှုန်းပြည့် လိုက်နာကျင့်သုံးမှု နှင့် အလ္လာဟ့် နှစ်မြို့ မှု ကို ကိုယ်နှင့်စိတ် အတွင်း စိမ့်ဝင်ရန် ပြုလုပ်သင့်ပါသည်။ ထိုမှသှာိုင်တွာန် (ခ) မာရ်နတ်များ ၏ ထောက်ချောက်များမှ လုံခြုံမည် ဖြစ်ပါသည်။ မအ်ရေဖသ် ဆိုသည့် မရှ်အရ်ကွင်းပြင် ကျောက်ခဲလုံးများ စု ဆောင်းရပါမည်။ကျမ်းတော်မြတ်ကုရ်အာန် ဘက်သို့လှည့် သည့် အချိန် နဖ်စေအမာရဟ် (ခ) မကောင်းမှုကို အားပေးသည့်စိတ်၏ှိုင်တွာန်များကို စုထားသည့် ကျောက်ခဲလုံးများ နှင့် ရမီ(ခ) ပစ်ပေါက်ရပါမည်။

ကျွန်ုပ်တို့ အနေဖြင့် စိတ်အလိုများ လိုက်ခြင်း နှင့် ရင်ဆိုင်ရန် ထရပ်သင့်ပေသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော် အားစိတ်အလိုများ လိုက်ခြင်း ထက် ဦးစား ပေးရပါမည်။ ပြီးနောက် စိတ်အား ကျမ်းတော်မြတ် ကုရ်အာန် ကိုနားလည် သဘောပေါက်ရန်တစ်ကိုယ် ကောင်းစိတ် နှင့် အတွေးကောက် အတွေးစောင်း နှင့်ထိန်းဖို့ လိုပါသည်။ ထိုမှသာ ကျမ်းတော်မြတ် ကုရ်အာန် အားနားလည် သဘောပေါက် ရန်နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အာယသ်တော်များ ဘက်သို့ ဦးလှည့်ချိန် တွင် မမှားရန် ဖြစ်ပါသည်။ ဤ အတွက်ကြောင့် အကြင်မည်သူမဆို ကျမ်းတော်မြတ်ကုရ်အာန် အား နားလည် သဘော ပေါက် စေရန် မည်သည့် နီယသ် (ခ) အဓိဋ္ဌာန် ကြောင့်ဖြစ်စေ နှင့် မည်သည့် နည်းလမ်းနှင့်ဖြစ်စေ မှန်ကန်စွာ အသုံးချနိုင်မည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။

ဝါကျတစ်ကြောင်းတွင် အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးကျွန် ဖြစ်ကြောင်းကို သဘောတူလိုက်ခြင်းဖြစ်ပါသည်။ အရေးကြီးသည်မှာ မိမိကိုယ်ကို အလ္လာဟ်ဟို အရှင်မြတ် အား အပြည့်အဝ လွဲအပ်ရပါ မည်။ပြီးနောက် နှလုံးသည်းပွတ် အား အလ္လာဟ်ဟို အရှင်မြတ် ၏ ရည်ရွယ် ချက် နှင့် ဆန္ဒ အတိုင်း ဖြစ်ရန် လွဲအပ်ပေးရမည်။ ပြီးနောက် ကိုယ်စိတ်နှလုံး နှင့် အတူ ရာနှုန်းပြည့် စိတ်ချမှု နှင့် ယုံကြည်ချက်များ ထားရှိ ရပါမည်။ အလ္လာဟ် ဟို အရှင်မြတ် သည် မိမိ ၏ အဖန်ဆင်းခံ ကျေးကျွန်များ ၏ ဖြစ်သင့်ဖြစ်ထိုက် သည်များကို ၎င်းတို့ ထက်ပိုမို၍ သိရှိတော်မူပါသည်။ပြီးနောက် အဖန်ဆင်းခံ ကျေးကျွန်များ အတွက် ကောင်းမှု နှင့် ကောင်းကျိုးမှအပ အခြား အမိန့် ပေးမှု ၊ တားမြစ်မှုကို မပြုတော်မူချေ။

ဤကဲ့သို့သို့ ယုံကြည်ချက်များ ၊ သက်ဝင်ယုံကြည်မှု နှင့်သာလျှင် ဤအလ္လာဟ်ဟို အရှင်မြတ် ကျမ်းတော်မြတ် ကို မှန်မှန်ကန်ကန် နားလည် သဘောပေါက်ပါမည်။ ၎င်း ကျမ်းတော်မြတ်၏ ရှင်သန်မှု ကို ပေးဆပ်သည့်လမ်းညွှန်ချက်များ မှ မနုဿလူသားများ အကျိုးရယူ နိုင်မည် ဖြစ် ပါသည်။

ဤအတွက်ကြောင့် အလ္လာဟ်ဟိုအရှင်မြတ် ၏ လမ်းညွှန်ချက်များ မှ အကျိုးရယူနိုင်ရန် ပထမဆုံးနှင့် အကြီးမားဆုံး အခြေခံ အကျဆုံး စည်းမျဉ်းမှာ အတွေးချော် တွေးမှား အမျိုးမျိုး နှင့် တစ်ကိုယ်ကောင်းဆန်မှုမှ ရှောင်ကြဉ်ပြီး အပြည့်အဝ နားခံဆောင်ရွက်ရန်နှင့် အလ္လာဟ့် နှစ်မြို့မှု ဆိုသည့် ဝိညာဉ် ထားရှိရပါမည်။

ကျွမ်းကျင်သည့် ဒေါက်တာ သည် မိမိလူနာ အတွက် ဆေးညွှန်ရေးချိန် တွင် အချို့ ဆေးများ သုံးစွဲရန် အရေးကြီးကြောင်း ရေးသားပါသည်။ ပြီးနောက် အချို့ အစာအစားများကို စားဖို့ တိုက်တွန်းပါသည်။ ပြီးနောက် ကုသမှုနျင့် ပျောက်ကင်းမှုကို ကြံကြာစေသည့် (သို့မဟုတ်) ပျောက်ကင်းရန်မဖြစ်စေနိုင်သည့် ဆေး နှင့် အစာအစား ကို မစားဖို့ ဆိုပါသည်။ သို့သော်လည်းပဲ ဒေါက်တာ ၏ မိန့်မှာ ချက်များ အားလုံးသည် ရောဂါသည် လူနာ ၏ စိတ်ဆန္ဒ အလိုအရ ဖြစ်ပါသလား ?

ဖြစ်နိုင်ပါသည်။ ရောဂါသည် ၊ လူနာ အနေဖြင့် အချို့ ညွှန်ကြားထားသည့် ဆေးများကို အလွန်တရာ ဆန္ဒပြင်းပြမှုနှင့် သုံးစွဲမည်။ပြီးနောက် အချို့ တားမြစ် အစာအစားများ ကို ဝါဒနာ ပါပါ ဖြင့် ရှောင်ကြဉ်မည်။ သို့သော် လည်းပဲ ရောဂါသည် ၊ လူနာ အများစု ၏ လိုအင်ဆန္ဒများသည် ဒေါက်တာ ၏မိန့်မှာချက် ၊ ဆေးညွှန် ကို မကြိုက်နှစ်သက်ကြပေ။ တစ်ခါ တစ်ရံ လူနာ အနေဖြင့် အချဉ်စားဖို့အလွန်တရာ ဆန္ဒရှိပါသည်။ သို့သော်လည်းပဲ ဒေါက်တာ အနေဖြင့် အချဉ်စားခြင်းကို လူနာ အတွက် လူသတ်အဆိပ်ပမာ နားလည် ထားပါသည်။ ဤကဲ့သို့သော် အခြေအနေ တွင် လူနာ အနေဖြင့် ကြိုက်နှစ်သည့်အရာကို အလွန်တရာ စားခြင်းသည့် ဆန္ဒကြောင့် ဒေါက်တာ ၏ လမ်းညွှန်မှု ကို သံသယ (ခ) ဒွိဟ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ပြီးနောက် ထိုအရာကို စားရန် အတွက် အကြောင်းပြချက်များကို လုပ်ကြံပြောဆိုပေမည်။ သို့ပေမဲ့လည်း မနုဿာလူသား အနေဖြင့် ကိုယ်ခနာဆိုင်ရာ ရောဂါဝေဒနာများ ဖြစ်ချိန် မိမိ၏ ကျန်းမာရေး နှင့် လုံခြုံစိတ်ချရေး ကို အလွန်တရာ ဆန္ဒ ပြင်းပြသည့် အလျှောက် အလွန်အနည်းငယ်သာ ဒေါက်တာ ၏မိန့်မှာ ချက်၏ဆန်ကျင့်ဘက် ပြုလုပ်ကြပါသည်။ ပြီးနောက် ဒေါက်တာ ၏ မိန့်မှာ ချက်ကို မိမိ ၏ လိုအင်ဆန္ဒများ ထက် ဦးစား ပိုပေးရန် ကုသဆရာဝန်၏ မိန့်မှာချက်များ ဥပဒေများကို အပြည့် အဝ လိုက်နာ ကျင့်သုံး ရန် ကြိုးစား ကြပါသည်။ သို့သော် နာမ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများကို ခံစားရချိန် မိမိ၏ လိုအင်ဆန္ဒများကို ဆုံးဖြတ်ရန်မှတ်ကျောက် စံ အဖြစ် ပြုလုပ်သူအများအပြားကို ရှိပါသည်။ ပြီးနောက် မှားယွင်း ပြီး အတွေးချော် အတွေးမှားများ ၊ မမှန်ကန်သည့် စိတ်နေ စိတ်ထားများ ၊မှားယွင်းသည့် လိုအင်ဆန္ဒများ ကို အခြေခံပြီး သာသနာ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ မိန့်မှာ ချက်များ ၏သဖ်စီ(ခ) အကျယ်ဖွင့်ဆိုမှုပြု လုပ်ပြီး ဆင်ခြေ ဆင်လက် ပေး၍ ရှင်းလင်းချက်များ ပြုလုပ်ပါသည်။

ရှင်းပါသည်။ ဤကဲ့သို့သော်ူဟ် (ခ) ဝိညာဉ် နှင့်အတူ ကျမ်းတော်မြတ်ကုရ်အာန် နှင့် သာသနာကို မှန်မှန်ကန်ကန် နားလည် နိုင်မည် မဟုတ်ချေ။ ယုတ်စွ အကယ်၍ မည်သူမဆို အမှန်တကယ် သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် အား မှန်မှန်ကန်ကန် နားလည် လိုပြီး လှည့်ဖျားကောက်ကျစ်မှုအမျိုးမျိုး နှင့် သူတစ်ပါးကို လမ်းလွဲလမ်းမှား ပြုရန် ဆန္ဒမပါ ဟု ယူဆပေးလျှင်လည်း သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် အားမှန်မှန်ကန်ကန် နားလည် သဘောပေါက်ရန် မဖြစ်နိုင်ချေ။ အကြောင်းမှာ ထိုသူအနေဖြင့် တစ်ကိုယ် ကောင်းဆန်သည့် စိတ် ၊ အတွေးကောက်အတွေးမှား နှင့် မှားယွင်းသည့် စိတ်နေ စိတ်ထား နှင့် အတူ ကျမ်းတော်မြတ်ကုရ်အာန် နှင့် သာသနာ ကို နားလည်သဘောက်ချင်လျှင် တစ်ကိုယ် ကောင်းဆန်သည့် စိတ် ၊ အတွေးကောက်အတွေးမှား နှင့် မှားယွင်းသည့် စိတ်နေ စိတ်ထား နှင့်လိုအင်ဆန္ဒများ ၏ အာနိသင်ကြောင့် အာယသ်တော်များ ရီဝါယသ်တော်များ ကို နားလည် သဘောပေါက်နိုင်မည် မဟုတ်ချေ။

သို့သော် ၎င်းပုဂိုလ်များ ၏ ဖြစ်ရပ်မှန် ရှိပါသည်။ ထိုသူများ သည် တမင်တကာ ၊ သိလျက် နှင့် လူထုအား လှည့်ဖျား ကောက်ကျစ် ခြင်း ပြီးနောက် ဘာသာရေး ပတ်ဝန်းကျင် အသိုင်း အဝိုင်းကို ဖျက်စီးခြင်း ပြီးနောက် အဲဟ်ကာမ် (ခ) ဥပဒေသများ ကို အမျိုးမျိုး တပ်၍ ၎င်း ၊ဘာသာရေး ဆိုင်ရာ မိန့်မှာချက်များ လည်းကောင်း ပြောင်းလဲ ဖြစ်ကြပါသည်။ အခြား သီးသန့် ဖြစ်ရပ်မှန်ဇာတ်လမ်းလည်း တစ်ခု လည်း ရှိပါသေဒသည်။ ၎င်းကို သူနေရာ ရောက်လျှင် တင်ပြပါမည်။ ဤ ဘာသာရေး ဆိုင်ရာ အတွေးအခေါ် ၏ ဆန်ကျင့်ဖက် လုပ်ရ သည့် အကြောင်းခံများ ကို နဲဟ်ဂျိုဗလာဂါကျမ်း ၏ မီးမောင်းထိုးပြမှု ဖြင့် သုတေသန ပြုမှု နှင့် အတူ အကျဉ်းချုပ် (သို့) အနှစ်ချုပ်ကိုပြောပြပါမည်။ ယခု ကျွန်ုပ် တို့ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ဘက်သို့ လှည့်ရန် နှင့် ၎င်းကျမ်းမြတ် ကုရ်အာန် ၏ ဥပဒေမိန့်မှာချက်များ နှင့် လမ်းညွှန် ဆိုဆုံးမချက်များကို နားလည် သဘောပေါက်ရန် မှန်ကန်သည့် လမ်းသည် ဟဇရသ် အလီ (အ.စ) ၏ အမြင်တွင်ဘယ်လမ်းဖြစ်ကြောင်းကို ကြည့်ရမည် ဖြစ်ပါသည်။


####################################################
END / 251