အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၆ စက်တင်ဘာ ၂၀၂၂

၂၂:၀၁:၄၉
1304163

ကနေဒါနိုင်ငံအလယ်ပိုင်းတွင် ဓားထိုးသတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွား

ကနေဒါအလယ်ပိုင်း ဆက်ကက်ချီ၀မ်ပြည်နယ်မှာ ဓားထိုးမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကနေဒါအလယ်ပိုင်း ဆက်ကက်ချီ၀မ်ပြည်နယ်မှာ ဓားထိုးမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အနည်းဆုံး နေရာ ၁၃ ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူက ၁၅ ဦး ရှိပါတယ်။ ကျူးလွန်တဲ့သူတွေဟာ ဒါမီယန် ဆန်ဒါဆန်နဲ့ မိုင်လက်စ် ဆန်ဒါဆန်တို့ဖြစ်ပြီး လက်နက်တွေ ကိုင်ဆောင်ထားကာ လက်ရှိမှာ ထွက်ပြေးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်နေသူတွေဟာ အန္တရာယ်ရှိတာကြောင့် မိမိတို့ အိမ်တွင်းမှာသာ နေထိုင်ဖို့ ပြည်နယ်အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ မြို့နယ်တစ်ချို့မှာ အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

ကနေဒါမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ဒီလို သတ်ဖြတ်မှု အမြောက်အများ ကျူးလွန်တာမျိုး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

၀န်ကြီးချုပ် ဂျက်စတင် ထရူဒူကလည်း ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုမျိုးအတွက် ၀မ်းနည်း ကြေကွဲရပါတယ်။ ကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက် မရောက်ရောက်အောင် ခေါ်လာမှာပါ”

****************************************************************
END / 251